အဆီဂလင်းတွင် Sebum အလွန်အကျွံ ထုတ်လုပ်မှုများလာခြင်းကြောင့် မျက်နှာအဆီပြန်ရခြင်းဖြစ်ပါတယ်။ ထိုဂလင်းများသည် အရေပြားအောက်အလွှာမှာ တည်ရှိကြတာပါ။ Sebum သည် လုံးဝကြီး ဆိုးရွားတာတော့မဟုတ်ပါဘူး။ သူသည် အသားအရေကို အစိုဓာတ်ထိန်းပေးရပြီး အားအရေကို ကျန်းမာလှပအောင် ကူညီပေးတာပါ။

ဒါပေမဲ့ Sebum ထုတ်လုပ်မှု များသွားတဲ့အခါ ချွေးပေါက်များ ပိတ်သွားပြီး ဝက်ခြံအလွန်အကျွံ ပေါက်လာနိုင်ပါတယ်။

ဒါ့ကြောင့် Sebum များ လိုသည်ထက် မပိုအောင် မျက်နှာအဆီမပြန်အောင်လို့ ဘယ်လိုဂရုစိုက်ရမလဲဆိုရင်

မျက်နှာသစ်ပါ

tips for men with oily skin

တစ်နေ့လျှင် နှစ်ကြိမ်ခန့် မျက်နှာသစ်ပါ။ နှစ်ကြိမ်ထက် ပိုပြီး မသစ်ပါနဲ့။ ဒါ့အပြင် ပါဝင်ပစ္စည်းများသည် ပြင်းသောပါဝင်ပစ္စည်းများမဖြစ်ရဘဲ Mild ဖြစ်တဲ့ မျက်နှာသစ်ဆေးမျိုးကိုပဲ အသုံးပြုရပါမယ်။

ပျားရည်

tips for men with oily skin

ပျားရည်သည် အသားအရေကို စိုပြေစေရုံသာမကဘဲ အဆီပြန်ခြင်းကို ထိန်းသိမ်းပေးနိုင်တဲ့ အစွမ်းထက်ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ အသုံးပြုနည်းကလည်း ရိုးရှင်းပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာ လိမ်းကျံပေးလိုက်ရုံပါပဲ။ ကြိမ်ဖန်များစွာလိမ်းကျံမယ့်အစား တစ်လွှာပဲ လိမ်းကျံပေးရပါမယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာမှ ရေဆေးချလိုက်ပါ။

ကြက်ဥအကာနှင့် သံပုယိုသီး

tips for men with oily skin

ကြက်ဥအကာ ၁ လုံးကို သံပုယိုသီး လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ အရောအနှောကို မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပုံမှန်ပေါင်းတင်ပေးနိုင်ပါတယ်။

အဆီပြန်ခြင်း သက်သာဖို့ရန်အတွက် စားသုံးရမယ့်အစားအစာများ

tips for men with oily skin

အဝါရောင်နှင့် လိမ္မော်ရောင်ရှိသော အစားအစာများ၊ ဥပမာ မုန်လာဥနီ၊ ကန်စွန်းဥ စသည်။ ထို့နောက် ဟင်းနုနွယ်နှင့် အခြားသော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ခရမ်းချဉ်သီး၊ ဘလူးဘယ်ရီသီး၊ ပေါင်မုန့်၊ ဖရုံစေ့၊ ပဲအမျိုးမျိုး၊ ဆော်လမွန်ငါး၊ မက်ကရယ်ငါးနှင့် အခြားသောအစေ့အဆံများကို စားသုံးသင့်ပါတယ်။

Source: Healthline.com

Featured Image Source: 365gorgeous.in