သဘာဝအတိုင်း အသားအရေ တောက်ပစိုပြေနေခြင်းသည် အသားအရေကျန်းမာခြင်းရဲ့အဓိကလက္ခဏာတစ်ရပ်ပါ။ ဒါပေမဲ့ စိတ်ဖိစီးမှုများသော လူနေမှုဘဝပုံစံ၊ အလုပ်ဖိစီးမှုများ၊ အိပ်ရေးမဝခြင်း၊ ကျန်းမာရေးနှင့် မညီညွှတ်သော စားသောက်မှုစနစ်၊ လေထုညစ်ညမ်းမှု၊ နေလောင်ဒဏ်၊ ဆေးလိပ်နှင့် အရက် အလွန်အကျွံ သောက်သုံးခြင်းတို့ကြောင့် အသားအရေက မွဲခြောက်ခြောက်နှင့် ညစ်ထေးတတ်ပါတယ်။

အသားအရေကို ပျက်စီးယိုယွင်းသွားခြင်းမှ ကာကွယ်ချင်ပြီး အသားအရေ Glow ချင်သော ယောကျာ်းများအတွက် နည်းလမ်းကောင်းတချို့ပေးချင်ပါတယ်။ သဘာဝနည်းလမ်းများဖြစ်တဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးများအတွက် စိတ်ပူစရာမလိုပါဘူး။

အုန်းဆီ

tips for glowing skin for men

အုန်းဆီကို နွေးနွေးလေးဖြစ်အောင် အပူပေးလိုက်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် လိမ်းကျံကာ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးလိုက်ပါ။ မနက်နိုးလာမှ မျက်နှာသစ်ကာ ဆေးကြောသန့်စင်လိုက်ပါ။ သင့်အနေနဲ့ သကြားအနည်းငယ်ထည့်ကာ အသားအရေကို ကြေးချွတ်ပေါင်းတင်လို့လည်း ရပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်

tips for glowing skin for men

ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နနွင်းမှုန့် အနည်းငယ်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းတဝိုက်တွင် လိမ်းကျံပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာအောင် ပေါင်းတင်ပြီးနောက်မှာတော့ ခြောက်သွားတဲ့အခါ ကြက်သီးနွေး ရေနွေးဖြင့် ဆေးကြောသန့်စင်လိုက်ပါ။ တစ်ပတ်လျှင် ၁ ကြိမ်၊ ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

သံပုယိုရည်

tips for glowing skin for men

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်း ၂ မျိုးစလုံးကို သမအောင် ရောမွှေကာ မျက်နှာပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် လိမ်းကျံပေးလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာမှ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

သခွားသီး

tips for glowing skin for men

သခွားသီး အလုံးသေးတစ်လုံးကို အချောင်းလေးများရအောင် ခြစ်လိုက်ပါ။ ထို့နောက် ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် လည်ပင်းနှင့် မျက်နှာတစ်ဝိုက်တွင် လိမ်းကျံလိုက်ပါ။ ၅ မိနစ်ခန့်ကြာမှ ရေအေးဖြင့် မျက်နှာသစ်လိုက်ပါ။

ပျားရည်

tips for glowing skin for men

မျက်နှာသစ်ပြီးပြီးချင်းမှာပဲ စိုစွတ်နေတဲ့ မျက်နှာပေါ်သို့ ပျားရည်အနည်းငယ် သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ နှိပ်နယ်ပြီး ၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ရက်ခြားတစ်ခါစီ ပြုလုပ်နိုင်ပါတယ်။

Source: Stylecraze.com