ခုချိန်က အရမ်းကို နေပြင်းတဲ့အချိန်တွေ ဖြစ်နေတဲ့အတွက် နေလောင်ဒဏ်ခံစားခဲ့ရသူတွေ၊ အရေပြားပူလောင်မှု ဖြစ်ခဲ့သူတွေနဲ့ အေးတဲ့အထိအတွေ့ကို ခံစားလိုသူတွေအတွက် အိမ်တွင်းကုထုံးတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ အရမ်းကြီးလည်းမခက်ဘဲ ရှာရလွယ်ကူတဲ့ ပစ္စည်းလေးတွေနဲ့ လုပ်ရမှာဖြစ်တဲ့အတွက် ရှုပ်ထွေးတဲ့ နည်းလမ်းတွေကို မကြိုက်ကြတဲ့ ကိုကိုတို့အတွက်တော့ အဆင်ပြေမှာပါ။

အာလူး

Source: washingtontimes.com

အာလူးဟာ နေလောင်ဒဏ်ကို ကုသဖို့အတွက် အထူးလိုအပ်တဲ့အရာပါ။ အာလူးရဲ့အစေးတွေက နေရောင်ခြည်ထိထားတဲ့ နေလောင်ထားတဲ့ အရေပြားနေရာကို နဂိုမူလအတိုင်း ပြန်လည်ကောင်းမွန်စေပါတယ်။ ခပ်ပါးပါးလှီးထားတဲ့ အာလူးပြားလေးတွေကို နေလောင်ဒဏ်မိထားတဲ့နေရာတွေကို ထပ်ဖြည်းဖြည်းပွတ်ပေးရုံနဲ့ အေးမြတဲ့ ခံစားမှုနဲ့အတူ နေလောင်ဒဏ်တွေကိုလည်း သက်သာစေပါတယ်။

လက်ဖက်စိမ်း

Source: shutterstock.com

လက်ဖက်စိမ်းမှာပါဝင်တဲ့ Catechin ဆိုတဲ့ ဒြပ်ပေါင်းဟာ နေရောင်ခြည်နဲ့ အန္တရာယ်ဖြစ်စေတဲ့ ရောင်ခြည်တွေကို ကာကွယ်ပေးနိုင်ပြီး Tannic Acid ကတော့ နေလောင်လို့ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေကို သက်သာစေပါတယ်။ တစ်နေ့ကို လက်ဖက်စိမ်းရည် ၂ ခွက်သောက်သုံးတာက နေရောင်ကာလိမ်းဆေးလိမ်းသလို အာနိသင်ရှိပါတယ်။ လက်ဖက်အိတ်လေးတွေကို ရေအေးထဲမှာစိမ်ပြီး နေလောင်တဲ့ နေရာတွေမှာ တင်ပေးရင်လည်း သက်သာစေပါတယ်။

စတော်ဘယ်ရီ

Source: inc.com

Tannic Acid ဓာတ်ကြွယ်ဝတဲ့ စတော်ဘယ်ရီသီးလေးတွေက အမြင်လည်းလှ အရသာကလည်း ကောင်းတဲ့အပြင် နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ စတော်ဘယ်ရီသီးလေးတွေကို ကြိတ်ချေပြီး နေလောင်ထားတဲ့ နေရာတွေပေါ်မှာ အုံပေးထားတာက မိနစ်အနည်းငယ်ကြာမှ ရေဆေးချလိုက်ရုံနဲ့ နေလောင်ဒဏ်တွေ သက်သာသွားပါလိမ့်မယ်။

သခွားသီး

Source: google.com

သခွားသီးကတော့ အသားအရေကို အေးမြစေပြီး နေလောင်ဒဏ်တွေကို အသက်သာစေနိုင်ဆုံး အသီးဖြစ်ပါတယ်။ နေလောင်ထားတဲ့ အသားအရေပေါ်မှာ သခွားသီးကို အကွင်းလိုက်ကပ်လိုက်ရင်လည်း အသားအရေကို အေးမြစေပါတယ်။ နေလောင်ထားတဲ့ ဒဏ်တွေလည်း သက်သာသွားပါလိမ့်မယ်။