အခုလိုအိမ်မှာနေရတဲ့အချိန်တွေမှာ အသားအရေထိန်းသိမ်းခြင်းတွေလုပ်ဆောင်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ အပြင်လဲထွက်စရာမလိုတော့ နေလာင်ဒဏ် ဖုန်နဲ့ အညစ်အကြေးတွေ ကပ်ညှိတွယ်ဖို့ အခွင့်အရေးအရမ်းကိုနည်းတာကြောင့် အသားအရေကို ကောင်းစွာပြန်လည်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်ရဲ့ မျက်နှာအသားအရေအလိုက် လွယ်ကူရိုးရှင်းတဲ့ ပေါင်းတင်နိုင်မဲ့ နည်းလမ်းလေးတွေပြောပြချင်ပါတယ်။

(၁) အသားအရေ ခြောက်သွေ့သူများအတွက် ပေါင်းတင်နည်း

Source : Healthline

ပါဝင်ပစ္စည်းများ

ဂရိဒိန်ချဉ် တစ်ဇွန်း
Oatmeal တစ်ဇွန်း
ပျားရည်တစ်ဇွန်း

ဒိန်ချဉ်ဟာ အသားအရေအတွက်အလွန်ကောင်းမွန်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ လက်တစ်အက်စစ်ဓာတ်က အသားအရေကို နူးညံ့ချောမွေစေပြီး အရေပြားခြောက်သွေ့ယားယံခြင်းတွေကို သက်သာစေပါတယ်။ ဂရိဒိန်ချဉ် Oatmeal ပျားရည်တို့ကို ပန်းကန်တစ်ခုအတွင် ရောထည့်ပြီးသမအောင်မွှေပေးပါ။

ထို့နောက်မျက်နှာ အနှံ့ သေချာစွာလိမ်းပြီး ၁၅ မိနစ်ခန့်ထားပေးရပါမယ်။ ပြီးရင်တော့ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်လို့ရပါပြီး။ ဒီနည်းလေးအတိုင်း ၁ ပတ်ကို ၂ ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် နူးညံ့ချောမွေ့တဲ့အသားအရေကိုရရှိနိုင်မှာဖြစ်ပါတယ်။

(၂) အမဲစက်နဲ့ ဝက်ခြံထွက်သူများအတွက် ပေါင်းတင်နည်း

Source :  The Trend Spotter

ပါဝင်ပစ္စည်းများ

နနွင်းမှုန့် ၁ ဇွန်း
သံလွင်ဆီ ၁ ဇွန်း
ဒိန်ချဉ် ၁ ဇွန်း

ဝက်ခြံတွေ ရောင်ရမ်းခြင်းတွေအတွက် နနွင်းကအကောင်းဆုံးကုသပေးနိုင်တဲ့ အိမ်တွင်းဆေးတစ်မျိုးဖြစ်ပါတယ်။ မျက်နှာပေါ်ကဆဲအသေတွေကိုဖယ်ရှားပေးပြီး အသားအရေကိုလည်း သဘာဝအတိုင်းဝင်းလက်လာစေမှာဖြစ်ပါတယ်။ နနွင်းမှုန့် ၁ သံလွင်ဆီ ဒိန်ချဉ်တို့ကို ပန်းကန်တစ်ခုအတွင်း ရောထည့်ပြီးမွှေပေးပါ။ထို့နောက်မျက်နှာအနှံ့ လိမ်းပြီး ၁၅ မိနစ်ခန့် ထားပါ။ပြီးရင်တော့ ရေအေးနဲ့ ဆေးချလိုက်လို့ရပါပြီ။ ဒီနည်းအတိုင်း ၁ ပတ်ကို ၁ ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် အမဲစက်နဲ့ ဝက်ခြံတွေသက်သာစေမှာပါ။

(၃) အဆီပြန်တဲ့ အသားအရေပိုင်ရှင်များအတွက် ပေါင်းတင်နည်း

Source : Pinterest

ပါဝင်ပစ္စည်းများ

ကြက်ဥအကာ ၁ လုံး
ရှားစောင်းလက်ပတ်အနှစ် ၁ ဇွန်း

ကြက်ဥဟာ မျက်နှာအသားအရေအတွက် အကောင်းမွန်ဆုံးအားဖြည့်ပေး သဘာဝပစ္စည်းတစ်မျိုးဖြစ်ပြီး မျက်နှာပေါ်ကအဆီတွေကို စုပ်ယူပေးနိုင်စွမ်းရှိပါတယ်။ရှားစောင်းလက်ပတ်ကတော့ ရောင်ရမ်းနီမြန်းခြင်းတွေကို သက်သာစေပြီး အသားအရေ နူးညံ့ချောမွေ့စေဖို့အဓိကထောက်ပံ့ပေးပါတယ်။ အနှစ်ထုတ်ထားတဲ့ ကြက်ဥအကာကို ရှားဇောင်းလက်ပတ်အနှစ် (သို့) ရှားဇောင်းလက်ပတ်ဂျယ်နဲ့ ရောပြီးမွေပေးပါ။ ထို့နောက်မျက်နှံ့လိမ်းပြီး ၁၀ မိနစ်လောက်ထားပေးရပါမယ်။ပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ ဒီနည်းလမ်းအတိုင်း၁ပတ် ၂ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် အဆီပြန်ခြင်းတွေသက်သာလာစေမှာပါ။