ကြင်စဦး ဇနီးမောင်နှံတွေ အနေနဲ့ Honeymoon ထွက်မယ်ဆိုရင် ဂျပန်ကို သေချာပေါက် List ထဲ ထည့်ထားသင့်ပါတယ်။ ဂျပန်နိုင်ငံကို Honeymoon ခရီးလာတဲ့ ကြင်စဦး ချစ်သူစုံတွဲတွေအတွက် ခမ်းနားတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ ၊ ရင်သပ်ရှုမောဖွယ် သဘာဝအလှတရားတွေနဲ့ တိုးတက်စည်ကားတဲ့ မြို့ပြရှုခင်းတွေဟာ တစ်ကြိမ်တစ်ခေါက် ရောက်ဖူးရုံနဲ့ တစ်သက်မမေ့နိုင်စရာ အမှတ်တရတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချစ်သူစုံတွဲ ၊ ကြင်စဦး အချစ်ငှက်လေးတွေအနေနဲ့ ဂျပန် နိုင်ငံကို Honeymoon ထွက်မယ်ဆို ဘယ်နေရာတွေ အဓိကထား သွားလည်သင့်လဲဆိုတာ ပြောပြပေးပါမယ်။

(၁) Osaka

Osaka - A City of Modern Marvels

Photo : klook.com

ခေတ်မီတိုးတက်ပြီး ခမ်းနားစည်းကားတဲ့ မြို့ပြအငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ Osaka နိုင်ငံခြား ခရီးသွားကြားမှာ နာမည်ကြီးပြီးသားပါ။ ဂျပန် နိုင်ငံရဲ့ ထိပ်တန်း ခရီးသွားနေရာတစ်ခုဖြစ်သလို မြို့ပြရဲ့ အလှတရားတွေနဲ့ မမေ့နိုင်စရာ အမှတ်တရတွေကို ဖန်တီးနိုင်မှာ ဖြစ်တာကြောင့် Honeymoon ထွက်မယ် စုံတွဲတွေ သေချာပေါက် သွားသင့်ပါတယ်။

(၂) Shiga

Shiga - Mountain Retreat at Biwako Terrace

Photo : klook.com

၁,၁၀၀ မီတာ အမြင့်ကနေ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေကို ခံစားရင်း ဂျပန် နိုင်ငံရဲ့ အမြန်ဆုံး Ropeway Experience ကို ခံစားချင်တယ်ဆိုရင်တော့ Shiga ကိုသာ ရောက်အောင်သွားပါ။ ချစ်သူစုံတွဲတွေအနေနဲ့ Pre-wedding  ရိုက်ချင်တာ ဖြစ်စေ ၊ နှစ်ယောက်တွဲ အမှတ်တရ ပုံရိပ်လေးတွေ ဖန်တီးချင်တာဖြစ်စေ သိပ်ကို ရိုမန်တစ်ဆန်ပြီး လှပတဲ့ တောင်တန်းတွေ ၊ မြို့ပြအလှတွေ ၊ အမေရိကန်တောင်ပိုင်းကလို View ရှယ်လှတဲ့ တောင်တန်းပေါ်က ရေနွေးကန်လို နေရာတွေအပြင် ရင်ခုန်စရာ အပျော်စီးသင်္ဘော အတွေ့အကြုံတွေကိုလည်း သွားရောက်ခံစားနိုင်မှာ ဖြစ်ပါတယ်။

(၃) Kyoto

Kyoto

Where Tradition Meets Tranquility

Honeymoon အတွက် နောက်ထပ် မဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခုကတော့ Kyoto ပါပဲ။ ဂျပန် မှာ Kyoto ဆိုရင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ အထင်ရှားဆုံးသော ခရီးသွားနေရာ တစ်ခုလို့ ထင်ရှားပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာစုများစွာက ဂျပန်ရှေးဟောင်းအဆောက်အဦးတွေ ၊ ဆာကူရာပန်းတွေနဲ့ ဖွေးဖွေးလှုပ်လှနေတဲ့ တူးမြောင်းတွေ ၊ ချစ်သူစုံတွဲတွေ အမှတ်တရဖြစ်စရာ Kyoto တာဝါနဲ့အတူ ရေအောက်ငါးပြတိုက် ၊ လှပတဲ့ ဆိပ်ကမ်းတွေနဲ့ လည်ပတ်စရာ အထင်ကရ နေရာတွေ အများကြီးကို ရှိနေပါတယ်။

Source : klook.com

Featured Photo : klook.com