Honor ကတော့ တရုတ်နိုင်ငံမှာ Honor 90 GT လို့ နာမည်ပေးထားတဲ့ နောက်ဆုံးထွက် Flagship Killer ဖုန်းတစ်လုံး မိတ်ဆက်သွားခဲ့ပါတယ်။ ဒီဖုန်းမှာ ပြီးခဲ့တဲ့နှစ်က နာမည်ကြီးခဲ့တဲ့ Flagship Snapdragon 8 Gen 2 Chipset ၊ 24GB RAM နဲ့ မြန်ဆန်တဲ့ 100W Charging စနစ်စတဲ့ အကြမ်းစား Spec တွေ ပါဝင်လာပါတယ်။

Honor 90 GT

Photo : Notebookcheck

Honor 90 GT ဖုန်းမှာ ၆.၇ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 1,200 x 2,664px Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ ပေးထားပါတယ်။ မျက်နှာပြင်မှာ 3,840Hz PWM Dimming ၊ Built-in Fingerprint Scanner နဲ့ 16MP ဆယ်လ်ဖီ ကင်မရာထည့်သွင်းထားတဲ့ Punch-Hole Cutout ၁ ခုလည်း ပါဝင်ပါတယ်။

ကျောဘက်မှာတော့ 50MP Main ကင်မရာကို Sony IMX906 Sensor နဲ့ OIS Alongside 12MP Ultrawide Lens တို့နဲ့ တွဲဖက်တပ်ဆင် ပေးထားပါတယ်။ 90 GT ဖုန်းကိုလည်း Honor စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတဲ့ Snapdragon 8 Gen 2 Chip နဲ့ 24GB RAM အတွဲအစပ်ကို အသုံးပြုပေးထားပါတယ်။

အခြေခံမော်ဒယ်မှာတော့ 12GB RAM ပါရှိပြီး အလယ်အလတ်တန်းစား ဗားရှင်းမှာ 16GB RAM နဲ့ Storage ကိုတော့ 256GB ကနေ 1TB အထိ ပါရှိပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 14 အခြေပြု MagicOS 7.2 ကို အသုံးပြုထားပြီး 100W အမြန်အားသွင်းစနစ်ပါရှိတဲ့ 5,000 mAh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။

Honor 90 GT

Photo : GSMArena.com

Honor 90 GT ကို Black ၊ Blue နဲ့ Gold ဆိုပြီး အရောင် ၃ မျိုးနဲ့ ထုတ်ထားပြီး ဈေးနှုန်းတွေအနေနဲ့ကတော့ 12/256GB ဗားရှင်းကို ယွမ် ၂,၅၉၉ (ဒေါ်လာ ၃၆၅) ခန့်ကျသင့်မှာ ဖြစ်ပါတယ်။ 24GB RAM နဲ့ 1TB Storage မော်ဒယ်အတွက်ကိုတော့ ယွမ် ၃,၆၉၉ (ဒေါ်လာ ၅၂၀) ခန့် ကျသင့်မှာဖြစ်ပြီး တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ စတင်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com