မနေ့က ကျင်းပခဲ့တဲ့ Honor ရဲ့ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ Honor Pad 8 Tablet အသစ် ကို ထည့်သွင်း ကြေညာသွားခဲ့ပါတယ်။ Honor Pad 8 Tablet ဟာ မနှစ်ကထွက်ခဲ့တဲ့ Pad V7 Tablet ရဲ့ အဆက်ဖြစ်ပြီး ကြီးမားကျယ်ပြန့်တဲ့ ၁၂ လက်မ မျက်နှာပြင် ၊ Qualcomm Chipset နဲ့ ရွေးချယ်နိုင်တဲ့ ကီးဘုတ်တို့ ပူးတွဲပါရှိပါတယ်။

Photo : GSMArena.com

Honor Pad 8 ရဲ့ မျက်နှာပြင်ဟာ 2000 x 1200 Pixel Resolution ရှိတဲ့ IPS LCD ဖြစ်ပါတယ်။ သေးငယ်ပါးလျတဲ့ ဘေးဘက် ပတ်လည် ဘောင်ဒီဇိုင်းနဲ့ လာပြီး အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ပါရှိပါတယ်။ အလားတူ အနောက်ဘက်မှာ နောက်ထပ် 5MP ကင်မရာ ၁ လုံး တပ်ဆင် ပေးထားပါတယ်။

Honor Pad 8 မှာ Snapdragon 680 Chipset ကိုသုံးထားပြီး RAM 4GB ၊ 6GB ၊ 8GB နဲ့ Internal Storage ကတော့ 128 GB ဆိုပြီး ရွေးချယ်စရာ Options ၃ မျိုးနဲ့ လာပါတယ်။ Honor က micro SD slot အကြောင်း ဘာမှမပြောထားပေမယ့် ပါနိုင်ခြေနည်းတယ်လို့ ယူဆရပါတယ်။

Photo : GSMArena.com

Honor Pad 8 ကို ဘက်စုံသုံး ဖျော်ဖြေရေး Device တစ်ခုအနေနဲ့ ရည်ရွယ်ထုတ်ထားတာ ဖြစ်ပြီး Apps ပေါင်း ၆၀၀၀ ကျော်အတွက် Split Screen စနစ် Support ပေးနိုင်တဲ့ Magic UI 6.1 ကို အသုံးပြုထားပါတယ်။ Widgets တွေ ၊ Floating Windows တွေနဲ့ သတ်မှတ်ထားတဲ့ Honor စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ စွမ်းရည်တွေလည်း ပါရှိပါတယ်။

Honor Pad 8 Tablet ရဲ့ အလေးချိန်က ၅၂၀ ဂရမ်သာရှိပြီး ၆.၉ မီလီမီတာအထူသာရှိတဲ့ ပါးလွှာတဲ့ အမိုက်စား ဘော်ဒီကိုယ်ထည်နဲ့ လာပါတယ်။ Tablet ရဲ့ အောက်ခြေမှာ USB-Type C အားသွင်းပေါက် ထည့်သွင်းပေးထားပြီး ၇၂၅၀ mAh ဘက်ထရီကို 22.5 W Fast Charging စနစ်နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Photo : FoneArena.com

Honor Pad 8 Tabletကို Mint Green ၊ Dawn Blue နဲ့ Dawn Gold ဆိုပြီး ရွေးချယ်စရာအရောင် ၃ မျိုး ပေးထားပါတယ်။ ဈေးနှုန်းကတော့ အနိမ့်ဆုံး မော်ဒယ်ကို ယွမ် ၁,၄၉၉ (ဒေါ်လာ ၂၂၀ / မြန်မာငွေ ၄ သိန်းကျော်ခန့်) ကနေ စတင်မှာ ဖြစ်ပြီး Early Birds အနေနဲ့ အစောဆုံး ဝယ်ယူသူတွေကို ယွမ် ၁,၂၉၉ (ဒေါ်လာ ၂၀၇ / မြန်မာငွေ ၃ သိန်း ၈ သောင်းကျော်ခန့်)နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Photo : Run Down Bulletin