Honor ကနေ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က Flagship တက်ဘလက် တစ်လုံးဖြစ်တဲ့ Honor Pad V8 Pro ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ တက်ဘလက်ဟာ 12.1” 144Hz IMAX အဆင့်မြှင့်တင်ထားတဲ့ မျက်နှာပြင် ပါရှိပြီး 8/128GB ဗားရှင်းကို အခြေခံစျေးနှုန်း ယွမ် ၂,၆၀၀ ခန့်နဲ့ ရောင်းချခဲ့ပါတယ်။

Honor Pad V8

Photo : GSMArena.com

အခုတဖန် ပိုမိုဈေးသက်သာတဲ့ Pro ဗားရှင်းမဟုတ်တဲ့ Honor Pad V8 တက်ဘလက်ကို ထပ်မံမိတ်ဆက်လာခဲ့ပြီး 8/128GB ဗားရှင်းအတွက် ယွမ် ၁,၉၀၀ ခန့်နဲ့ 8/256GB ဗားရှင်းအတွက်ကိုတော့ ယွမ် ၂,၀၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ Honor Pad V8 တက်ဘလက် အသစ်ကို တရုတ်နိုင်ငံမှာ ယခုအချိန်ကစတင်ပြီး ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး Deposit ယွမ် ၁၀၀ ခန့်နဲ့ ကြိုတင်အော်ဒါမှာယူထားသူတွေအနေနဲ့ ယွမ် ၁၀၀ ခန့် လျှော့စျေးရရှိမှာ ဖြစ်ပါတယ်။ လျှော့စျေးမပါတဲ့ အခြေခံစျေးနှုန်းကတော့ ဒေါ်လာ ၂၇၅ ၊ ယူရို ၂၅၀ နဲ့ ရူပီး ၂၂,၅၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Honor Pad V8

Photo : GSMArena.com

Pro ဗားရှင်းမဟုတ်တဲ့ Honor Pad V8 တက်ဘလက်မှာ ၁၁ လက်မမျက်နှာပြင် တပ်ဆင်ပေးထားပြီး 2,560 x 1,600px Resolution နဲ့ တူညီတဲ့ IPS LCD ကိုသုံးပေးထားပါတယ်။ Refresh Rate ကိုတော့ 120Hz သို့ အနည်းငယ်လျှော့ချထားပါတယ်။ ဒီတက်ဘလက်ဟာ Pro ဗားရှင်းထက် မျက်နှာပြင်ပိုသေးသွားသလို 22.5W အားသွင်းစနစ်ထောက်ပံ့ပေးထားတဲ့ ၇,၂၅၀ mAh ဘက်ထရီနဲ့ လာပါတယ်။ Pro ဗားရှင်းမှာတော့ 35W အားသွင်းစနစ်ပါတဲ့ ၁၀,၀၅၀ mAh ဘက်ထရီကို သုံးပေးထားပါတယ်။

Honor Pad V8

Photo : GSMArena.com

စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုက Honor Pad V8 ဟာ MediaTek ရဲ့ Dimensity 8020 Chipset ကို အသုံးပြုထားတဲ့ ပထမဆုံး တက်ဘလက် ဖြစ်ပါတယ်။ ၎င်း Chipset ဟာ 2.6GHz မှာ Cortex-A78 core ၄ ခုပါရှိတဲ့ 6nm Chip ဖြစ်ပြီး 2.0GHz မှာ A55 core ၄ ခု နဲ့ GPU က Mali-G77 MC9 ဖြစ်ပါတယ်။ Chipset ဟာ Dimensity 1100 ကို အခြေခံထားပြီး အပေါ်မှာပြောခဲ့သလိုပဲ တက်ဘလက်မှာ 8GB RAM နဲ့့ 128GB သို့မဟုတ် 256GB Storage အပြင် microSD slot တစ်ခုလည်း ပါရှိပါတယ်။

Honor Pad V8

Photo : GSMArena.com

Honor Pad V8 တက်ဘလက်ဟာ Android 12 ကိုအခြေခံထားတဲ့ MagicUI 6.1 ကို သုံးထားပါတယ်။ အခြား Features တွေအနေနဲ့ကတော့ Wi-Fi 6 (ax) နှင့် Bluetooth 5.1 တို့ပါရှိပြီး ဘုတ်ပေါ်မှာ DTS:X Ultra ထောက်ပံ့ပေးထားတဲ့ Quad စပီကာတွေ ထည့်သွင်းပေးထားပါတယ်။ တက်ဘလက် အထူကတော့ 7.3 မီလီမီတာ အထူရှိပြီး ၄၈၅ ဂရမ်အလေးချိန်ရှိပါတယ်။ Pro မော်ဒယ်မှာလိုပဲ ကျောဘက်မှာ Vegan လည်သာကိုသုံးထားပြီး အရောင်တွေကတော့ Brown နဲ့ Gray ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Honor Pad V8 တက်ဘလက်ကို တရုတ်နိုင်ငံအပြင် တခြားနိုင်ငံတွေမှာ ရောင်းချ/မချ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

Featured Photo : GSMArena.com