Honor ကနေ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Play 40 Plus ကို မိတ်ဆက်ခဲ့ပြီး အခုတစ်နှစ်အကြာမှာတော့ Play 40 Plus ရဲ့နောက်မျိုးဆက် Honor Play 50 Plus ကို ကြေညာလာခဲ့ပါတယ်။

Honor Play 50 Plus

Photo : TechGoing

Honor Play 50 Plus ဖုန်းမှာ Dimensity 6020 SoC မောင်းနှင်ထားပြီး Android 13 အခြေပြု MagicOS 7.2 ကို အသုံးပြုထားပါတယ်။ Storage အနေနဲ့ 256GB ရှိပြီး RAM ကိုတော့ 8GB နဲ့ 12GB နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Honor Play 50 Plus ဖုန်းရဲ့ မျက်နှာပြင်ကိုတော့ ၆.၈ လက်မ 90Hz FullHD+ LCD တပ်ဆင်ထားပြီး မျက်နှာပြင်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ 8MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားတဲ့ Punch-Hole တစ်ခု ပါဝင်ပါတယ်။

ကျောဘက်ဒီဇိုင်းဟာ Samsung Galaxy S22 နဲ့ S22+ တို့နဲ့ဆင်တူပြီး ဖုန်းရဲ့ကျောဘက် ဘယ်ဘက်ခြမ်းက အရွယ်အစားခပ်ကြီးကြီး စက်ဝိုင်းနှစ်ခုထဲမှာ 50MP Primary ကင်မရာ ၊ 2MP Depth ကင်မရာနဲ့ Flash မီး ၁ လုံးတို့ကို ထည့်သွင်းပေးထားပါတယ်။

ဘက်ထရီအနေနဲ့ 35W Charging Support ပေးထားတဲ့ 6,000 mAh ကို အသုံးပြုထားပါတယ်။ Honor Play 50 Plus ရဲ့ဘေးဘက် ကိုယ်ထည်မှာ Fingerprint Scanner ပါဝင်ပြီး စပီကာ ၂ လုံးနဲ့ ကြိုးမဲ့/ကြိုးတပ် ၂ ခုလုံးရတဲ့ Hi-Res Audio စနစ်တွေ ထောက်ပံ့ပေးပါတယ်။ နောက်ထပ် Features တွေအနေနဲ့ 3.5 မီလီမီတာ နားကြပ်ပေါက် ၊ USB-C နဲ့ 5G ချိတ်ဆက်မှုတို့ ပါရှိပါတယ်။

Honor Play 50 Plus

Photo : NoypiGeeks

Honor Play 50 Plus ကို အရောင် ၄ မျိုးနဲ့ ထုတ်ထားပြီး 12GB/256GB မော်ဒယ်ကို ယွမ် ၁၃,၉၉ ( ဒေါ်လာ ၁၉၅ / ယူရို ၁၈၅ / ရူပီး ၁၆,၂၇၅) ခန့်နဲ့ တရုတ်နိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး Honor ရဲ့တရားဝင် တရုတ်ဝဘ်ဆိုဒ်ကနေတဆင့် မှာယူလို့ရနေပြီ ဖြစ်ပါတယ်။ Honor အနေနဲ့ 8GB/256GB ဗားရှင်းရဲ့ ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

Featured Photo : Notebookcheck