Honor ရဲ့နောက်ဆုံးထွက် စမတ်ဖုန်းအသစ် Honor X8a ဖုန်း ကို မိတ်ဆက်လိုက်ပါပြီ။ Honor X8a ဖုန်းမှာ 100MP Main ကင်မရာနဲ့ 90Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ ၆.၇ လက်မ FHD+ LCD မျက်နှာပြင်ကို တပ်ဆင်ပေးထားပါတယ်။ MediaTek ရဲ့ Helio G88 Chipset ကိုမောင်းနှင်ထားပြီး 6/8GB RAM နဲ့ 128GB Storage ထည့်သွင်းပေးထားပါတယ်။

Honor X8a

Photo : TechNave

ကျောဘက်မှာ 100 MP Main ကင်မရာနဲ့အတူ 5MP Ultrawide ကင်မရာနဲ့ Autofocus ပါတဲ့ 2MP Macro ကင်မရာတို့ကို တွဲဖက်တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့အရှေ့ဘက်မျက်နှာစာမှာတော့ 16MP Selfie ကင်မရာထည့်သွင်းထားတဲ့ Punch-Hole Cutout တစ်ခုပါရှိပါတယ်။

Software ပိုင်းမှာတော့ Android 12 အခြေပြု Magic UI 6.1 ကို သုံးထားပြီး 22.5W Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 4,500 mAh ဘက်ထရီ ပါဝင်လာပါတယ်။ Honor X8a ဖုန်းကို Midnight Black ၊ Titanium Silver နဲ့ Cyan Lake ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်စရာပေးထားပြီး ယူ‌ကေမှာ 6/128GB ဗားရှင်း အတွက် ယူရို ၂၂၀ ခန့်နဲ့ Honor ရဲ့တရားဝင် ဝဘ်ဆိုဒ်ကနေ ကြိုတင်အော်ဒါမှာယူနိုင်မှာ ဖြစ်ပါတယ်။

Honor X8a

Photo : Gizmochina

လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မတိုင်ခင်အထိ ကြိုတင်အော်ဒါမှာယူသူတွေအနေနဲ့ Honor Band 6 ကိုပါ လက်ဆောင်အနေနဲ့ ရရှိမယ်လို့ သိရပါတယ်။ Honor X8a ဖုန်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ စတင်ပြီး ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။ Honor အနေနဲ့ မလေးရှားနဲ့ UAE နိုင်ငံတွေမှာလည်း Honor X8a ဖုန်း အသစ်ကို ဈေးကွက်ထိုးဖောက်သွားဖို့ စာရင်းသွင်းထားပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်း ဒီနိုင်ငံတွေမှာ ရောင်းချသွားနိုင်ခြေရှိပါတယ်။

Featured Photo : GSMArena.com