အမျိုးသားတစ်ဦးမှာ ယောကျာ်းဆန်မှု၊ လူကြီးလူကောင်းဆန်မှုတို့ကလည် အရေးပါသလို အသိဥာဏ်ကြွယ်ဝခြင်းကလည်း အရေးကြီးပါတယ်။ အသိဥာဏ်တိုးပွားဖို့အတွက် အမြဲမပြတ်လေ့လာသင်ယူသင့်ပါတယ်။ ကမ္ဘာဦးအစကတည်းကနေ တဖြည်းဖြည်းလူနေမှုအဆင့်အတန်းမြင့်မားလာပြီး ယခုလိုနေထိုင်နိုင်ကြခြင်းက သင်ယူလေ့လာမှု၊ တီထွင်ဆန်းသစ်မှုတို့ကြောင့်ပဲဖြစ်ပါတယ်။

ကျောက်ခေတ်တုန်းကဆိုရင် မီးကိုစတင်မတွေ့ရှိခင်အချိန်မှာ အသား၊ ငါးများကို အစိမ်းလိုက်စားလေ့ရှိပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် မီးကိုစတင်တွေ့ရှိခဲ့ပြီး စတင်အသုံးပြုလာရာမှ ယခုဆိုရင် မီးရဲ့အရေးပါပုံကို နေ့စဉ်နဲ့အမျှ မြင်တွေ့ခံစားနေရပါတယ်။ မီးကို ကောင်းကောင်းအသုံးချတတ်ပါက လူသားများကို ကောင်းကျိုးပေးစွမ်းနိုင်သလို၊ ဂရုတစိုက်အသုံးမပြုနိုင်ပါက ဘေးအန္တရာယ်ဖြစ်စေပါတယ်။

ဒီတစ်ခါမှာတော့ ဒီလိုစွမ်းအင်ပြည့်ဝတဲ့မီးတောက်များကို တက်တူးထိုးချင်ပါတယ်ဆိုတဲ့ တက်တူးချစ်သူတို့အတွက် မီးတောက်ပုံတက်တူးများဒီဇိုင်းများကို ဖော်ပြပေးလိုက်ပါတယ်။

မီးတောက်ပုံတက်တူးများက ဒီဇိုင်းအမျိုးမျိုးရှိသလို အဓိပ္ပာယ်​လည်း အမျိုးမျိုးကွဲပြားသွားပါတယ်။ တချို့တက်တူးချစ်သူတွေက မီးတောက်ပုံတက်တူးကို အခြားတက်တူးပုံတစ်မျိုးမျိုးနဲ့ တွဲဖက်ပြီး တက်တူးထိုးလေ့ရှိကြပါတယ်။ မီးတောက်ပုံနဲ့ အသည်းပုံတက်တူးကို တွဲစပ်လိုက်တဲ့အခါမှာတော့ စိတ်ခံစားချက်ပြင်းပြမှု၊ ရည်ရွယ်ချက်ကြီးများမှုနဲ့ မိမိနှစ်သက်တဲ့အရာကို မဖြစ် ဖြစ်အောင် တစိုက်မတ်မတ်လုပ်ဆောင်တတ်မှုတို့ကို ညွှန်ပြပါတယ်။

တချို့မီးတောက်ပုံတွေကတော့ စွမ်းအင်ကြီးမားမှုနဲ့ ဘဝကိုညွှန်ပြပြီး တချို့ကတော့ သတိပေးခြင်း၊ အန္တရာယ်ကျရောက်ခြင်းနဲ့ ပျက်စီးဆုံးရှုံးခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဒါ့ကြောင့် ကောင်းတဲ့အနက်အဓိပ္ပာယ်​ဖော်ဆောင်တဲ့မီးတောက်တက်တူးများကိုသာ ရွေးချယ်ဖို့ အထူးသတိပြုသင့်ပါတယ်။

မီးတောက်ပုံနဲ့ တိရစ္ဆာန်ကို တွဲဖက်ပြီး တက်တူးထိုးလိုက်တဲ့အခါမှာတော့ အသစ်ပြန်လည်မွေးဖွားခြင်းလို့အဓိပ္ပာယ်​ရပြန်ပါတယ်။ တွဲဖက်လေ့ရှိတဲ့ တိရစ္ဆာန်အကောင်တွေကတော့ စွမ်းအင်ကြီးမားတဲ့အကောင်တွေဖြစ်တဲ့ ခြင်္သေ့၊ သိမ်းငှက်၊ နဂါးစတဲ့တက်တူးတွေပဲဖြစ်ပါတယ်။

မီးတောက်ပုံတက်တူးများ ထိုးလို့အကောင်းဆုံးနေရာတွေကတော့ လက်မောင်း၊ လက်ဖျံနဲ့ ကျယ်ပြန့်တဲ့နောက်ကျောနေရာတို့ပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ တက်တူးချစ်သူကွီးတို့ စိတ်ကြိုက်ဆက်လက်ရွေးချယ်နိုင်ဖို့အတွက် မီးတောက်ပုံတက်တူးများကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Source: Tattoo-journal.com