အခုနှစ် ၂၀၂၀ မှာတော့ အရင်နှစ်တွေလိုပဲ အားလုံးချစ်ကြတဲ့အနုပညာရှင်တွေထဲကမှ ၂၀၂၀ရဲ့အမိုက်ဆုံး အမျိုးသမီးအနုပညာရှင် (၅)ဦးစာရင်းကတော့ ထွက်ပေါ်လာပါပြီ။ ဘယ်သူတွေဖြစ်မလဲ ကိုယ်ချစ်တဲ့ဆယ်လီတွေပါမလားဆိုတာကြည့်လိုက်ရအောင်။

(၁) Megan Fox (မီဂန်ဖော့စ်)

Source : Binge Post

မီဂန်ဖော့စ်ကတော့ အမေရိကန်မင်းသမီးနှင့် မော်လ်ဒယ်ဖြစ်ပါတယ်။ ဖော့စ်က အနုပညာလောကထဲကို ၂၀၀၁ ခုနှစ်ကစတင်ဝင်ရောက်လာတာဖြစ်ပြီး တီဗွီစီးရီးတွေနဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတိုတွေမှာ သူမရဲ့သရုပ်ဆောင်ဘဝကို စခဲ့တာဖြစ်ပါတယ်။ ‘Confessions of a Teenage Drama Queen’ ကတော့ သူမရဲ့ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသက် ၃၃နှစ်အရွယ်သာရှိသေးတဲ့ မီဂန်ဖော့စ်ကို ၂၀၂၀အတွက် အမိုက်ဆုံးအမျိုးသမီးအနုပညာရှင်အဖြစ် ပရိသတ်တွေကရွေးချယ်လိုက်ပါတယ်။

(၂) Scarlett Johansson (စကားလက် ဂျိုဟန်ဆင်)

Source : Page Six

ဒုတိယတယောက်ကတော့ အမေရိကန် အဆိုတော် မင်းသမီး စကားလက် ဂျိုဟန်ဆင် ပါ။ ဂျိုဟန်ဆင်က ကမ္ဘာ့အမြင့်ဆုံးသရုပ်ဆောင်ကြေးရသော မင်းသမီးတလက်ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဂျိုဟန်ဆင်ကို Forbes မဂ္ဂဇင်းကရွေးချယ်တဲ့ အကောင်းဆုံးအနုပညာရှင် ၁၀၀ မှာလဲ အကြိမ်ကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။

(၃) Jessica Alba (ဂျက်ဆီကာအယ်လ်ဘာ)

Source : Insider

ဂျက်ဆီကာအယ်လ်ဘာက အမေရိကန်သရုပ်ဆောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးဖြစ်ပါတယ်။ အယ်လ်ဘာက သူမရဲ့သရုပ်ဆောင်လမ်းကြောင်းကို အသက် ၁၃ နှစ်အရွယ်ကတည်းကစတင်ခဲ့တာဖြစ်ပါတယ်။ သူမပထမဆုံးပါဝင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းကတော့ Camp Nowhere’ and ‘The Secret World of Alex Mack’ တို့ဖြစ်ပြီး Dark Angel’ ကတော့ ၁၉နှစ်အရွယ်ကသူမကို လူသိများကျော်ကြားစေခဲ့တဲ့ ရုပ်သံစီးရီးပဲဖြစ်ပါတယ်။

(၄) Kate Upton (ကိတ် အက်ပ်တန်)

Source : The South African

နောက်ထပ်တယောက်ကတော့ ဆွဲဆောင်မှုရှိပြီးလှပတဲ့ အမေရိကန်လူမျိုးမော်ဒယ်လ်ဖြစ်တဲ့ ကိတ် အက်ပ်တန်ပါ။ ၂၀၁၁ ခုနှစ်က ရေကူးအားကစားမဂ္ဂဇင်းတခုမှာ swimsuit နဲ့ဆွဲဆောင်မှုရှိလွန်းလှတဲ့ သူမရဲ့ပုံရိပ်တွေက အားလုံးကိုသတိထားမိစေခဲ့ပါတယ်။ အက်ပ်တန်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေကတော့ Tower Heist’, ‘The Other Woman’ နှင့် ‘The Layover’ တို့ပဲဖြစ်ပါတယ်။

(၅) Selena Gomez (ဆယ်လီနာဂေါမက်စ်)

Source : Global News

နောက်ဆုံးတယောက်ကတော့ အားလုံးသိကြတဲ့ အမေရိကန်အမျိုးသမီး အဆိုတော် သရုပ်ဆောင်နဲ့ ထုတ်လုပ်သူ ဆယ်လီနာပါ။ ဆယ်လီနာက ‘Barney & Friends’ and ‘Wizards of Waverly Place’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ လူသိများလာပြီး မယုံနိုင်လောက်အောင်အဆိုကောင်းတဲ့အဆိုတော်တယောက်လဲဖြစ်ပါတယ်။ သူမကို မသိတဲ့မရှိသလောက်ရှားပြီး ခုခေတ်မှာလူကြိုက်အများဆုံးနာမည်ကြီးအနုပညာရှင်တွေထဲက တယောက်ဆိုရင် အားလုံးကငြင်းမယ်မထင်ပါဘူး။