Electro Dance Music (EDM) လို့ခေါ်တဲ့ အမိုက်စားသီချင်းသံဇဉ်တွေနဲ့ ကခုန်ခြင်းဟာ လူတွေအတွက် အကောင်းဆုံး Relax ဖြစ်စရာ အရာတွေထဲကတစ်ခုပါ။ ကမ္ဘာပေါ်မှာလည်း Tomorrow Land တို့လို့ နာမည်ကြီး EDM Festival တွေ ကျင်းပလေ့ရှိသလို မြန်မာနိုင်ငံမှာလည်း ပွင့်လင်းရာသီရောက်လာတာနဲ့ အမိုက်စား EDM Festival တွေ ကျင်းပလေ့ရှိပြီး ပြည်တွင်းက DJ Artist တွေအပြင် နိုင်ငံတကာက နာမည်ကြီး DJ Artist ပါ လာရောက် ဖျော်ဖြေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပုရိသကိုကိုတွေ ကြွေဆင်းသွားစေမယ့် အာရှက ဟော့အဖြစ်ဆုံး DJ မလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) DJ SIENA

Source : pinterest.com

သူမကတော့ တောင်ကိုရီးယားနိုင်ငံသူလေးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလေ့ရှိတဲ့ သူမကတော့ အသက်(၂၆)နှစ်သာရှိသေးပေမယ့် ပညာကတော့မနည်းလှပါဘူး။ လက်ရှိနိုင်ငံတကာက နာမည်ကြီး EDM Festival တွေမှာလည်း ဖျော်ဖြေနေရသူဖြစ်ပြီး အာရှမှာဟော့ အဖြစ်ဆုံး Female DJ Artist စာရင်းထဲ အသစ်ဝင်ရောက်လာသူလေးလည်း ဖြစ်ပါတယ်။

(၂) JADE RASIF

Source : Mothership

JADE RASIF လို့အမည်ရတဲ့သူမကတော့ စင်္ကာပူနိုင်ငံက အကောင်းဆုံး DJ Artist တွေထဲကတစ်ယောက်ပါ။ သူမကတော့အသက်(၂၅)နှစ်သာရှိသေးပေမယ့် စင်္ကာပူနိုင်ငံမှာ ဝင်ငွေအများဆုံး DJ Artist တွေ စာရင်းမှာပါဝင်ပါတယ်။သူမကတော့ စင်္ကာပူ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာ အများဆုံးဖျော်ဖြေရတာဖြစ်ပြီး အာရှမှာဟော့ အဖြစ်ဆုံး Female DJ Artist တွေထဲကတစ်ယောက်ဖြစ်ပါတယ်။

(၃) ROXY JUNE

Source : EDMDroid

ထိုင်းနိုင်ငံသူလေးဖြစ်တဲ့ သူမကတော့ ထိုင်းနိုင်ငံမှာ House Music လောကရဲ့ မင်းသမီးလေး တစ်ပါးလို့ လူသိများပါတယ်။ သူမဟာလည်း အာရှနိုင်ငံတော်တော်များများအပြင် ဥရောပနိုင်ငံတွေအထိ နာမည်ထိုးဖောက်ထားနိုင်တဲ့ DJ လောကရဲ့ကြယ်တစ်ပွင့်ဖြစ်ပါတယ်။ ကမ္ဘာကျော် Music Festival တွေဖြစ်တဲ့ World DJ Music Festival ၊ Global Gathering Music Festival တွေမှာလည်း သွားရောက်ဖျော်ဖြေနေရတာပဲဖြစ်ပါတယ်။

(၄) DINAR CANDY

Source : Seleb – Tempo.co

DJ Dinar Candy ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဟော့အဖြစ်ဆုံး Sexy အကျဆုံး အလှဘုရင်မဘွဲ့ကို ရရှိပိုင်ဆိုင်ထားသူလေးတစ်ယောက်ပါ။ အသက် (၂၆) နှစ်အရွယ်သာ ရှိသေးတဲ့သူမကတော့ ဆိုရှယ်မီဒီယာတွေကနေ တစ်ဆင့် တစ်စထက်တစ်စ နာမည်ကျော်ကြားလာဖြစ်ပြီး လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ DJ ဘုရင်မလေးတစ်ပါး ဖြစ်နေပါပြီ။

(၅) DJ ALYSHIA

Source : EDMDroid

အာရှမှာ ဟော့အဖြစ်ဆုံး အမျိုးသမီး DJ စာရင်းထဲ ထပ်မံဝင်ရောက်လာသူလေးကတော့ ထိုင်ဝမ်သူလေး DJ ALYSHIA ဖြစ်ပါတယ်။ သူမဟာလည်း အာရှနိုင်ငံ တော်တော်များများကို သွားရောက်ဖျော်ဖြေနေရတဲ့ DJ မလေး တစ်ဦးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အမြဲ Perfomance အပြည့် ဖျော်ဖြေတတ်တာကတော့ သူမရဲ့ အလေ့အကျင့်တစ်ခုလို့ ဆိုရပါမယ်။