သင်သည် တင်းနစ်အားကစားကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသလား။ ဒါဆိုရင်တော့ တင်းနစ်ကစားသမားတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါလိမ့်မယ်။
အောင်မြင်ကျော်ကြားတဲ့ တင်းနစ်ကစားသမား အများအပြားရှိတဲ့အနက် အခန့်ညားဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး တင်းနစ်ကစားသမားများကို ဖော်ပြပေးလိုက်ရပါတယ်။ သင့်အသည်းစွဲ တင်းနစ်ကစားသမားရော ဒီစာရင်းထဲမှာ ပါသလားဆိုတာ ဆက်လေ့လာကြည့်လိုက်ပါဦး။
Tim Henman

သူကတော့ အင်္ဂလိပ်လူမျိုး တင်းနစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ချန်ပီယံဆုတံဆိပ်များစွာကို ပိုင်ဆိုငထားသူဖြစ်ပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီးဖြစ်တာကြောင့် ပရော်ဖက်ရှင်နယ် တင်းနစ်ကစားခြင်းကိုတော့ ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရပ်နားခဲ့တာဖြစ်ပါတယ။လတ်တလောမှာတော့ BBC မှာ အားကစား ဝေဖန်သူတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
Arnaud Clement

ပြင်သစ်လူမျိုး တင်းနစ်ကစားသမားဖြစ်ပြီး သူ တင်းနစ် ကစားတဲ့အခါ နေကာမျက်မှန် ဝတ်၍ဖြစ်စေ လက်ကိုင်ပုဝါအကြီးတစ်ထည်ကို ခေါင်းပတ်အဖြစ် ပတ်၍ဖြစ်စေ ဆွဲဆောင်မှုရှိစွာနဲ့ ဆော့ကစားလေ့ရှိပါတယ်။ သူသည် အခုဆိုရင် အသက် ၄၄ နှစ်ရှိပြီပဲဖြစ်ပါတယ်။
Andy Roddick

အမေရိကန်ကစားသမားတစ်ယောက်ဖြစ်တဲ့ Andy Roddick သည် ခြေမြန်လက်မြန်ရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူသည် တင်းနစ်ရိုက်ရာမှာ အင်မတန်မြန်တဲ့သူတစ်ယောက်ဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။ သူသည် ယခုဆိုလျှင်တော့ အသက် ၃၉ နှစ်ရှိပြီပဲဖြစ်ပါတယ်။
Bjorn Borg

Bjorn Borg သည် ဖိအားပေါင်းမြောက်မြားစွာကြားတွင်တောင်မှ အေးဆေးတည်ငြိမ်တဲ့ဟန်ပန်အမူအရာနဲ့ ဆော့ကစားနိုင်တဲ့အတွက်ကြောင့် သူ့ကို ရေခဲလူသားလို့ နာမည်ပြောင်ပေးထားတာဖြစ်ပါတယ်။ သူ့ဆံပင်ရှည်ရှည်စတိုင်လ်ကလည်း တင်းနစ်ကွင်းထဲမှာ သူ့ကို ဆွဲဆောင်မှုတိုးနေစေတာဖြစ်ပါတယ်။
Feliciano Lopez

တင်းနစ် ရိုက်ရာမှာ ကျွမ်းကျင်မှုရှိပြီး သူ့ရဲ့ ညိုတိုတိုအသားအရေကလည်း သူ့ပရိသတ်တွေကို ဆွဲဆောင်နေတာဖြစ်ပါတယ်။ သူသည် အခုဆိုရင်တော့ အသက် ၄၀ ပြည့်သွားပြီပဲဖြစ်ပါတယ်။
Goran Ivanisevic

သူ ပျော်ရွှင်ပြီး အောင်ပွဲခံနေတဲ့ပုံက ဆွဲဆောင်မှုအရှိဆုံးဖြစ်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားတာပါ။ သူကတော့ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားအဖြစ် ဆက်မလုပ်တော့ဘဲ အခုဆိုရင်တော့ နည်းပြအဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။
James Blake

James Blake ကတော့ သူ့ရဲ့ပြင်းထန်တဲ့ရိုက်ချက် မြန်ဆန်တဲ့အရှိန်နှုန်းတို့ကြောင့် နာမည်ကြီးပါတယ်။ ဆံပင်အပြောင်ရိုက်ထားတာကတော့ သူ့ရဲ့ပင်ကိုယ်စတိုင်လ်ဖြစ်ပြီး ခေါင်းပတ် (သို့) ဦးထုပ်အမြဲဆောင်းကာ တင်းနစ်ရိုက်လေ့ရှိပါတယ်။
Juan Carlos Ferrero

Juan Carlos Ferrero သည်လည်း သူ့ရဲ့ မြန်ဆန်တဲ့ အရှိန်ကြောင့် နာမည်ကြီးပါတယ်။ ဘယ်လောက်ထိတောင် မြန်လဲဆိုရင် သူ့နာမည်ပြောင်ကို “ခြင်” လို့တောင် အပေးခံထားရတာဖြစ်ပါတယ်။ စပိန်ကစားသမားဖြစ်ပြီး အခုဆိုရင်တော့ ၄၁ နှစ်ရှိပြီဖြစ်ပါတယ်။
Source: Glamourmagazine.co.uk
Featured Image Source: Atptour
