ပရိသတ်တစ်ယောက်ချင်းစီတိုင်းမှာ နှစ်သက်အားကျရတဲ့ မင်းသားတွေ ကိုယ်စီရှိကြမယ် ထင်ပါတယ်။ ဟောလိဝုဒ်စတားတွေဆိုတာကလည်း ကိုယ်ပိုင်စတိုင် ၊ အမိုက်စားဖက်ရှင်တွေနဲ့ အမြဲတမ်း ဆွဲဆောင်မှုရှိရှိ အထာကျကျနေကြတဲ့ သူတွေပဲ မဟုတ်လား။ ဒီတစ်ခေါက်မှာတော့ နာမည်ကြီး ဟောလီးဝုဒ်စတားတွေများစွာရှိတဲ့အထဲကမှ ၉၀ ခုနှစ်တွေမှာ အရမ်းကိုရေပန်းစားခဲ့တဲ့ ဆွဲဆောင်မှုအရှိဆုံး ခေတ်ဟောင်း Hollywood Icons မင်းသားကြီးတွေကို ပြောပြပေးချင်ပါတယ်။
(၁) James Dean
Photo : Little White Lies
ဆွဲဆောင်မှုအရှိဆုံး ခေတ်ဟောင်းမင်းသားကြီးတွေ အကြောင်းပြောမယ်ဆိုရင် Rebel Without A Cause ရုပ်ရှင်ဇာတ်ကားနဲ့ တွဲသိကြတဲ့ အမေရိကန် မင်းသားကြီး James Dean ကိုချန်ထားခဲ့လို့ရမှာ မဟုတ်ပါဘူး။ ၁၉၅၀ ပြည့်နှစ်ကာလတွေမှာ အရမ်းကို လူကြိုက်များရေပန်းစားခဲ့ တဲ့ ဆွဲဆောင်မှုအရှိဆုံး မင်းသားကြီးပဲ ဖြစ်ပါတယ်။
(၂) Marlon Brando
Photo : Stacker
Marlon Brando ကတော့ A Streetcar Named Desire ၊ The Godfather တို့လို နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပဲ ဖြစ်ပါတယ်။ Marlon Brando ရဲ့ ရုပ်ရှင်ထဲက ဇာတ်ကောင်ကာရိုက်တာက အမြဲလူကောင်းတစ်ယောက်မဟုတ်ပေမယ့် အမြဲဆွဲဆောင်မှုရှိရှိနဲ့ ကြည့်ကောင်းတဲ့ မင်းသားတစ်ယောက်ဆိုတာတော့ ငြင်းလို့ မရနိုင်ပါဘူး။
(၃) Cary Grant
Photo : Esquire
Cary Grant ဆိုတာတော့ ခေတ်ဟောင်းဟောလိဝုဒ်ထိပ်တန်းမင်းသားစာရင်းမှာ အမြဲရှိနေတဲ့ ဗြိတိသျှ-အမေရိကန် ဂန္တဝင်မင်းသားကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ North by Northwest လိုရုပ်ရှင်ဇာတ်ကားတွေနဲ့ အဲ့ခေတ်အဲ့အခါက ဆွဲဆောင်မှုအရှိဆုံး မင်းသားကြီးအဖြစ် ထင်ပေါ်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
(၄) Rock Hudson
Photo : The Moving Picture Blog
၁၉၅၀ ၊ ၁၉၆၀ ခုနှစ်တွေမှာ Magnificent Obsession ၊ Pillow Talk စတဲ့ ရိုမန်တစ်ဆန်ဆန် ဂန္တဝင်အချစ်ဇာတ်ကားကြီးတွေနဲ့ နာမည်ကြီးခဲ့တဲ့ ဆွဲဆောင်မှုအရှိဆုံး မင်းသားကြီး ဖြစ်ပါတယ်။ မင်းသားကြီး Rock Hudson ဟာ ၁၉၈၅ ခုနှစ်မှာတော့ AIDS ရောဂါကြောင့် သေဆုံးခဲ့ရတဲ့ ပထမဆုံး အနုပညာကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
(၅) Paul Newman
Photo : Esquire
၁၉၆၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sweet Bird of Youth ဇာတ်ကားမှာ ရင်ဘတ် ကြယ်သီးမပါတဲ့ ရှပ်အင်္ကျီနဲ့ ဆွဲဆောင်မှုအရှိဆုံး သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးဟာ Paul Newman ပါပဲ။ အပြာရောင်မျက်လုံးပိုင်ရှင် အမေရိကန်သရုပ်ဆောင်မင်းသားကြီး Paul Newman ဟာ ခေတ်ဟောင်း ဟောလိဝုဒ်စတားတွေထဲက ဆွဲဆောင်မှုအရှိဆုံး မင်းသားကြီးတစ်ဦးပဲ ဖြစ်ပါတယ်။
Featured Photo : Esquire