ဘောလုံးသမားတွေဟာ ကျန်းမာရေးကောင်း၊ ယောကျာ်းပီသ၊ တကမ္ဘာလုံးကို လည်ပတ်နိုင်လောက်အောင် ချမ်းသာသူတွေဖြစ်တဲ့အတွက် အမြဲတမ်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ဖြစ်လေ့ရှိကြပါတယ်။
ဘောလုံးသမားတွေအနေနဲ့ လူပျို လူလွတ်ဘဝမှာ ရည်းစားအများကြီးထားပြီး ပွေရှုပ်ကြတဲ့သူတွေရှိသလို ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်သွားကြတဲ့သူတွေလည်း ရှိပါတယ်။ အခု ဖော်ပြပေးသွားမှာကတော့ လက်ရှိအချိန်မှာ ရည်းစားမရှိသေးဘဲ လက်တွဲဖော်ကို ရှာဖွေနေဆဲဖြစ်တဲ့ ကမ္ဘာပေါ်က သမီးရှင်တိုင်း လက်မလွှတ်နိုင်မယ့် ဘောလုံးစူပါစတား ၅ ဦးပဲ ဖြစ်ပါတယ်။
၁။ ထရန့် အလက်ဇန္ဒား အာနိုးလ်(လီဗာပူးလ်)

Photo: vbetnews
လီဗာပူးလ် နောက်ခံကစားသမားဟာ ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံး လူပျိုလူလွတ် ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ လီဗာပူးလ်ကြယ်ပွင့်ဟာ အသက် ၂၂ နှစ်အရွယ်သာရှိသေးပေမယ့် ငွေကြေးပိုင်ဆိုင်မှုက ပေါင် ၂.၇ သန်းရှိပြီး ခွေးလေးတွေနဲ့ ဗီဒီယိုဂိမ်းတွေကို နှစ်သက်တတ်တဲ့ လူအေးလေးတစ်ယောက်ပါ။
၂။ အဲရစ် ဂါစီယာ(ဘာစီလိုနာ)

Photo: vbetnews
ဘာစီလိုနာနောက်ခံကစားသမားဟာ ရည်းစားမရှိသေးတဲ့ လူပျိုလူလွတ်ဆိုပေမယ့် နည်းပြဟောင်းဖြစ်တဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့သမီး တင်သမျှ ဓာတ်ပုံတွေအားလုံးကို အမြဲတမ်း Liked ပေးတတ်သူပါ။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဂါစီယာဟာ ပေါင် ၂.၇ သန်းပိုင်ဆိုင်ထားပြီး မိသားစုကို ခင်တွယ်လွန်းသူဆိုတာကို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကို မြင်ရင်သိနိုင်ပါတယ်။
၃။ နေမာ(ပီအက်စ်ဂျီ)

Photo: vbetnews
နေမာကတော့ ကွင်းပြင်ပ ကိစ္စတွေအတွက် အမြဲတမ်း လူတွေရဲ့ ပြောစရာဖြစ်ခဲ့သူဖြစ်ပြီး ထင်ပေါ်ကျော်ကြားတဲ့ မိန်းမလှလေးတွေအများကြီးတွဲခဲ့ပြီး နောက်ဆုံးတွဲခဲ့တဲ့ ဘရူနာ မာကွီဇီးန်က အဲဒီမိန်းမလှလေးတွေက တစ်ယောက်အပါအဝင်ပါ။ ဒါပေမယ့် ဘရာဇီးလ်ကြယ်ပွင့်ဟာ လက်ရှိမှာတော့ တစ်ကိုယ်တည်း အဖော်မဲ့နေပြီး သူ့ရဲ့အချစ်တွေကို တစ်ဦးတည်းသော ညီမဖြစ်သူ ရာဖယ်လာဆီ ပုံအောထားပါတယ်။
၄။ ဆွန်ဟောင်မင်(စပါး)

Photo: vbetnews
ပြီးပြည့်စုံတဲ့အမျိုးသားတစ်ယောက်ကို ရှာနေတယ်ဆိုရင်တော့ ဆွန်ဟောင်မင်ကိုပဲ လက်ညှိုးထိုးပြရမှာပါ။ တောင်ကိုရီးယားကြယ်ပွင့်ဟာ သူ့ရဲ့ဘဝကို ဘောလုံးအတွက်သာ မြှုပ်နှံထားတယ်ဆိုပေမယ့်လည်း ထင်ပေါ်ကျော်ကြားတဲ့မိန်းကလေးအချို့နဲ့ ဒိတ်လုပ်ခဲ့တယ်လို့လည်း ကောလာဟလတွေ ထွက်ဖူးပါတယ်။ ဒါပေမယ့် ဆွန်ဟာ လက်ရှိမှာတော့ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် ရှိနေဆဲဖြစ်ပြီး အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်ရင် ပြောမယ်လို့ ပြောထားတဲ့ ဖခင်ရဲ့ စကားကို တသွေမတိမ်းလိုက်နာတဲ့ သားလိမ္မာလေးပါ။
၅။ အာလင်း ဟာလန်း(ဒေါ့မွန်)

Photo: vbetnews
ဒေါ့မွန်ကြယ်ပွင့်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး အသက်အရွယ်အားဖြင့် အလွန်ငယ်ရွယ်သေးတာကြောင့် ရှေ့မှာ ပိုမိုတောက်ပတဲ့ အနာဂတ်တွေ ရှိနေသေးသူပါ။ တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀၀ ဝန်းကျင်ရရှိနေတဲ့ ဟာလန်းကို ထိန်းကျောင်းပေးပြီး အောင်မြင်မှုတွေကို ဝေမျှနိုင်မယ့် လက်တွဲဖော်ကောင်းတစ်ယောက်တော့ လိုအပ်နေပါပြီ။
