ကမ္ဘာမှာ လွမ်းမိုးမှုအားအကောင်းဆုံး အမျိုးသမီးများအဖြစ် Follower သန်းနဲ့ချီ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးချောတွေ များစွာရှိပါတယ်။ဒီလိုအလှချင်းပြိုင်ဘယ်သူနိုင်မှာမှ ကမ္ဘာ့အချောဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး အဆိုတော်၊သရုပ်ဆောင်၊Business Womenစတဲ့ နယ်ပယ်အသီးသီးက နတ်မိမယ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။တကယ်ကမ္ဘာ့အချောဆုံးနေရာနဲ့ လိုက်ဖက်မှုရှိရှိ သိရအောင် တူတူလေ့လာရအောင်။

Kim Kardashian

Source : Fashionbeans

သူမရဲ့ ညို့အားပြင်းတဲ့ ခန္ဓာကိုယ်အချိုးစားတွေနဲ့ Instagram, Reality TV Shows, Magazine Cover တွေမှာ နေရာအပြည့်ယူထားသူကတော့ Kim Kardashian ပဲဖြစ်ပါတယ်။Kardashian-Jenner မိသားစုမှာ အရှိန်ဟုန်အကြီးဆုံးဖြစ်တဲ့ သူမကတော့ တကယ့်ပြိုင်စံရှားပါပဲ။

Kylie Jenner And Kendall Jenner

Source : Fashionbeans

Kardashian – Jenner မိသားစုရဲ့ နောက်ထပ်နတ်မိမယ်တွေကတော့ Kylieနဲ့ Kendall တို့ပဲဖြစ်ပါတယ်။Kylie Jennerက Instagram Queenလို့ပြောရလောက်တဲ့ Social Influencerတစ်ဦးဖြစ်သလို Kendall Jenner ကလည်း Victoria’s Angel တစ်ဦးဖြစ်ပါတယ်။တကယ့်ကို ကမ္ဘာကျော်ညီအစ်မနှစ်ဦးရဲ့အလှကလည်း လက်ဖျားခါရလောက်ပါတယ်။

Gigi Hadid And Bella Hadid


Source : Fashionbeans

Victoria Angelsတွေအဖြစ် လှချင်တိုင်းလှနေကျတဲ့ နောက်ထပ်ညီအစ်မနှစ်ဦးကတော့ Gigi Hadidနဲ့ Bella Hadidတို့ပဲဖြစ်ပါတယ်။Supermodelsအပြင် အခြားစီးပွားရေးလုပ်ငန်းတွေကိုလဲ ဦးဆောင်နေတဲ့ Angelsတွေပဲ ဖြစ်ပါတယ်။

Jourdan Dunn

Source : Fashionbeans

သူမကတော့အသက်၂၆နှစ်အရွယ်ဗြိတိန်နိုင်ငံသူ လူမည်းမော်ဒယ်တစ်ဦးဖြစ်ပါတယ်။ကမ္ဘာ့နာမည်အကျော်ကြားဆုံး Forbe Magazineရဲ့ ဝင်ငွေအမြင့်ဆုံးmodel listထဲ ပထမဆုံး ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။Marc Jacob,Chanel,Burberry စတဲ့ Brandတွေကပါ အား ထားရတဲ့ မော်ဒယ်တစ်ဦးဖြစ်လို့ သူမရဲ့ကြိုးစားမှုတွေကလဲ အံ့မခန်းပါပဲ။

Irina Shayk

Source : Fashionbeans

Anti-Russian တစ်ယောက်ကိုတောင် Moscow ကိုလာလည်ချင်လောက်တဲ့ထိ ဆွဲဆောင်နိုင်တယ်လို့တောင်ပြောစမှတ်ပြုကြပါတယ်။သူမကတော့ Irina Shaykဆိုတဲ့ ကမ္ဘာကျော်မော်ဒယ်တစ်ဦးပဲ ဖြစ်ပါတယ်။