အာ(ရ်)ရန်းအိမ်တော်ဟာ အနောက်ဖက်ဒေသရှိအိမ်တော်ကြီးများထဲက တစ်ခုဖြစ်ပြီးတော့ မြင့်မားတဲ့တောင်တန်းပေါ်မှာ တည်ဆောက်ထားပါတယ်။
အာ(ရ်)ရန်းအိမ်တော်ဟာ နှစ်ပေါင်းများစွာ အဆိုပါတောင်ကြားဒေသကို အုပ်ချုပ်နေခဲ့တာပါ။ ဒါပေမဲ့ အုပ်ချုပ်မှုပုံစံချင်းမတူပဲ ခေတ်အလျောက်ကွဲပြားခဲ့သည်။ အနောက်ဖက်ဒေသကြီး တစ်စုတစ်ပေါင်းထဲမရှိခဲ့စဉ်က ထိုတောင်ကြားဒေသ (Vale Of Arryn) နှင့် တောင်တန်းများအား အာ(ရ်)ရန်းဘုရင်ကလည်းကောင်း၊ တာဂေးရီးယန်းမင်းဆက်ခေတ်တွင် တောင်ကြားဒေသအား ကာကွယ်သူ (Defender Of The Vale) အနေနှင့်လည်းကောင်း၊ ဘရာသီယွန်မင်းဆက်လက်ထက်တွင် အရှေ့ဖက်ဒေသ၏ကြီးကြပ်ကွပ်ကဲသူ (Warden Of The East) အဖြစ်လည်းကောင်း အစရှိသဖြင့် ကွဲပြားစွာအုပ်ချုပ်ခဲ့တာပါ။
Source: litesoftglow.netlify.com
အာ(ရ်)ရန်းအိမ်တော်မှာ လူသိများတဲ့ ခေါင်းဆောင်မှာ ရော်ဗင် အာ(ရ်)ရန်း (Robin Arryn, Lord Of Eyrie) ဖြစ်ပြီးတော့ အိမ်တော်တွင်သာမကပဲ ပြည်ထောင်စုတွင်ပါ ဩဇာအာဏာကြီးမားတဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ပလ္လင်ဟာ လင်းယုံငှက်သိုက် (Eyrie) ပုံစံဖြစ်ပါတယ်။ အိမ်တော်ကို စတည်ထောင်စဉ်ထဲကတော့ တောင်တန်းများဘုရင် (Mountain Kings) ပုံစံပါ။ အိမ်တော်ရဲ့ အထိမ်းအမှတ် သင်္ကေတကတော့ လခြမ်းနဲ့သိမ်းငှက်ပုံဖြစ်ပြီး အပြာရောင်ပြင်ညီပေါ်တွင် ဖန်တီးထားပါတယ်။ အိမ်တော်၏ဆောင်ပုဒ်မှာ ဂုဏ်သိက္ခာကြီးမားသော (As High As Honour) ဖြစ်ပြီးတော့ မဟာမိတ်အဖြစ် ယုံကြည်ရန်ရသည် ဆိုပြီး ပြောချင်တာပါ။
ရှေးလူကြီးများက အာ(ရ်)ရန်းအိမ်တော်ကို စတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ဟာ အာ(စ်)တိ(စ်) အာ(ရ်)ရန်း (Artys Arryn, Rhe Winged Knight) ဖြစ်တယ်လို့ဆိုကြပါတယ်။ သူဟာ ကြီးမားလှသော သိမ်းငှက်ကြီးကိုစီးပြီး ဗေး(လ်)တောင်ကြားရဲ့ အမြင့်ဆုံးနေရာမှာဆင်းပြီးတော့ ဂရပ်ဖင်(ရ်)ဘုရင်(Griffin King) ကို အနိုင်ယူခဲ့ကာ အိမ်တော်အား တည်ထောင်ခဲ့သူဖြစ်ပါတယ်။
Source: A song of ice and fire
အာ(ရ်)ရန်းနိုင်ငံတော်ဟာ ကျုးကျော်မှုအမျိုးမျိုးကို တွန်းလှန်နိုင်ခဲ့ပြီး ကိုယ်ပိုင်မင်းဆက်များ ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ အေဂွန် တာဂေးရီးယန်း (Aegon the Conqueror) လက်ထက်အရောက်မှာ တခြားအိမ်တော်တွေလိုပဲ အညံ့ခံခဲ့ရပါတယ်။ ကျုးကျော်မှုအစပိုင်းတွင် အာ(ရ်)ရန်းတို့သည် တာဂေးရီးယန်းတို့အား ရင်ဆိုင်တိုက်ခိုက်ခဲ့ပေမဲ့ တာဂေးရီးယန်းတွေကို အမြဲတမ်းတွန်းလှန်နိုင်စွမ်းမရှိတာကြောင့် ငြိမ်းချမ်းစွာ လက်နက်ချခဲ့ရပါတယ်။ ဒီလို ငြိမ်းချမ်းရေးလမ်းကိုရွေးခဲ့သောကြောင့် အာ(ရ်)ရန်းအိမ်တော်သည် အရှေ့ဖက်ခြမ်းရဲ့ ကာကွယ်သူ ဘွဲ့ခံပီး ဒေသအား ဆက်လက် အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်း တာဂေးရီးယန်းနောက်ဆုံးမင်းဆက် အရှုပ်တော်ပုံဖြစ်ပွားတဲ့အချိန်မှာ ဂျွန်အာ(ရ်)ရန်း( Jon Arryn) လည်း ပုန်ကန်မှုမှာ ပါဝင်ခဲ့ပါတယ်။
ဂျွန်အာ(ရ်)ရန်းဟာ လေးစားရသည့် ပညာရှိခေါင်းဆောင်တစ်ဦးဖြစ်ပြီးတော့ စတာ့(စ်)အိမ်တော်နှင့် ဘရာသီယွန်အိမ်တော် တို့ရဲ့ အလေးထားရတဲ့ ခေါင်းဆောင်လည်းဖြစ်ခဲ့ပါတယ်။ တာဂေးရီးယန်းနောက်ဆုံးမင်းဆက် အရူးဘုရင်၏အရှုပ်တော်ပုံတွင် အာ(ရ်)ရန်းတို့ဟာ ဘုရင့်အမိန့်အား ဆန့်ကျင်ပြီး စစ်ပွဲအားအစပြုခဲ့ရာ စတာ့(စ်)အိမ်တော်နှင့် ဘရာသီယွန်အိမ်တော်တို့ အသီးသီး ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တူလီ(လ်)အိမ်တော်နှင့်မဟာမိတ်ဖွဲ့ပြီးတော့ အရူးဘုရင်အား ပုန်ကန်ခဲ့ကြပါတယ်။ ပုန်ကန်မှုပြီးတဲ့နောက်ပိုင်း ရောဘတ် ဘာရသီယွန် ဘုရင်ဖြစ်လာကာ ဂျွန်အာ(ရ်)ရန်းလညး ဘုရင့်လက်ထောက် (Hand Of The King) ရာထူးခန့်အပ်ခံခဲ့ရပါတယ်။
Source: Jackpost
ရောဘတ်ဘရာသီယွန်ဘုရင် လက်ထပ် ပေါ်ပေါက်ခဲ့တဲ့ အရှုပ်တော်ပုံမှာ ဂျွန်အာ(ရ်)ရန်လည်း ပါဝင်ခဲ့ပါတယ်။ အရှုပ်တော်ပုံဟာ ရောဘတ်ဘုရင် လက်ထပ်ထားသော ဆာဆီ လန်နင်စတာ (Cersei Lannister) မိဖုရားမှ အစပြုခဲ့တာပါ။ ဂျွန်ဟာ ဆာဆီ လန်နင်စတာ မိဖုရားက အစပြုခဲ့တဲ့ အရှုပ်တော်ပုံအား စုံစမ်းရင်း လုပ်ကြံခံရကာ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ ဂျွန်နေရာတွင် ရောဘတ်ဘုရင်က စတာ(စ်)အိမ်တော်မှ နက်ဒ်စတာ့(စ်) (Ned Stark) အား အစားထိုးခန့်အပ်ခဲ့ပါတယ်။ နက်ဒ်စတာ့(စ်)ဂျွန်အာ(ရ်)ရန်း သေဆုံးမှုအား နက်ဒ်စတာ့(စ်) က စုံစမ်းဖော်ထုတ်ဖို့ကြိုးစားရာမှ စတာ(စ်)နှင့် လန်နင်စတာ အားပြိုင်မှုအစပြုခဲ့ပါတယ်။