အာ(ရ်​)ရန်းအိမ်​​တော်​ဟာ​ အ​နောက်​ဖက်​​ဒေသရှိအိမ်​​တော်​ကြီးများထဲက တစ်​ခုဖြစ်ပြီးတော့ ​မြင့်​မား​တဲ့တောင်​တန်း​ပေါ်မှာ တည်ဆောက်ထားပါတယ်။

အာ(ရ်​)ရန်းအိမ်​​တော်​ဟာ ​နှစ်​​ပေါင်းများစွာ အဆိုပါတောင်​ကြား​ဒေသကို အုပ်​ချုပ်​နေခဲ့တာပါ။ ဒါပေမဲ့ အုပ်​ချုပ်​မှုပုံစံချင်းမတူပဲ ​ခေတ်​အ​လျောက်​ကွဲပြားခဲ့သည်​။ အ​နောက်​ဖက်​​ဒေသကြီး တစ်​စုတစ်​​ပေါင်းထဲမရှိခဲ့စဉ်​က ထို​တောင်​ကြား​ဒေသ (Vale Of Arryn) နှင့်​တောင်​တန်းများအား အာ(ရ်​)ရန်းဘုရင်​ကလည်း​ကောင်း၊ တာ​ဂေးရီးယန်းမင်းဆက်​​ခေတ်​တွင်​ ​တောင်​ကြား​ဒေသအား ကာကွယ်​သူ (Defender Of The Vale) အ​နေနှင့်​လည်း​ကောင်း၊ ဘရာသီယွန်​မင်းဆက်​လက်​ထက်​တွင်​ အ​ရှေ့ဖက်​​ဒေသ၏ကြီးကြပ်​ကွပ်​ကဲသူ (Warden Of The East) အဖြစ်​လည်း​ကောင်း အစရှိသဖြင့် ကွဲပြားစွာအုပ်ချုပ်ခဲ့တာပါ။

Source: litesoftglow.netlify.com

အာ(ရ်​)ရန်းအိမ်​​တော်​မှာ လူသိများ​တဲ့ ​ခေါင်း​ဆောင်​မှာ ​ရော်​ဗင်​ အာ(ရ်​)ရန်း (Robin Arryn, Lord Of Eyrie) ဖြစ်​ပြီးတော့ အိမ်​​တော်​တွင်​သာမကပဲ ပြည်​​ထောင်​စုတွင်​ပါ ဩဇာအာဏာကြီးမား​တဲ့ ​ခေါင်း​ဆောင်​တဦးဖြစ်ခဲ့ပါတယ်​။ သူတို့ရဲ့ပလ္လင်​ဟာ လင်းယုံငှက်​သိုက် ​(Eyrie) ပုံစံဖြစ်ပါတယ်။ အိမ်​​တော်ကို စတည်​​ထောင်​စဉ်​ထဲကတော့ ​တောင်​တန်းများဘုရင် ​(Mountain Kings) ပုံစံပါ။ အိမ်ေ​​​တာ်​ရဲ့ အထိမ်းအမှတ်​ ​သ​င်္ကေတကတော့​ လခြမ်းနဲ့သိမ်းငှက်​ပုံဖြစ်ြ​ပီး အပြာ​ရောင်​ပြင်​ညီ​ပေါ်တွင်​ ဖန်​တီးထားပါတယ်။ အိမ်​​တော်​၏​ဆောင်​ပုဒ်​မှာ ဂုဏ်​သိက္ခာကြီးမား​သော (As High As Honour) ဖြစ်​ပြီးတော့ မဟာမိတ်​အဖြစ်​ ယုံကြည်ရန်ရသည် ဆိုပြီး ပြောချင်တာပါ။

ရှေးလူကြီးများက အာ(ရ်​)ရန်းအိမ်​​တော်​ကို စတင်​တည်​​ထောင်​​ခဲ့တဲ့ ခေါင်း​ဆောင်​ဟာ အာ(စ်​)တိ(စ်​) အာ(ရ်​)ရန်း (Artys Arryn, Rhe Winged Knight)  ဖြစ်တယ်လို့ဆိုကြပါတယ်။ သူဟာ​ ကြီးမား​လှ​သော သိမ်းငှက်​ကြီးကိုစီးပြီး ​​ဗေး(လ်​)​တောင်​ကြား​ရဲ့ အမြင့်​ဆုံး​နေရာမှာဆင်းပြီးတော့ ဂရပ်​ဖင်​(ရ်​)ဘုရင်​(Griffin King) ကို အနိုင်​ယူခဲ့ကာ အိမ်​​တော်​အား တည်​​ထောင်​ခဲ့သူဖြစ်​ပါတယ်။

Source: A song of ice and fire

အာ(ရ်​)ရန်း​နိုင်​ငံ​တော်​ဟာ​ ကျုး​ကျော်​မှုအမျိုးမျိုးကို တွန်းလှန်​နိုင်​ခဲ့ပြီး ကိုယ်​ပိုင်မင်းဆက်​များ ထွန်းကားခဲ့ပါတယ်​။ ဒါပေမဲ့​ ​အေဂွန်​ တာ​ဂေးရီးယန်း (Aegon the Conqueror) လက်​ထက်​အရောက်မှာ​ တခြားအိမ်​​တော်​တွေလိုပဲ အညံ့ခံခဲ့ရပါတယ်​။ ကျုး​ကျော်​မှုအစပိုင်းတွင်​ အာ(ရ်​)ရန်းတို့သည်​ တာ​ဂေးရီးယန်းတို့အား​ ရင်​ဆိုင်​တိုက်​ခိုက်​ခဲ့​ပေမဲ့ တာ​ဂေးရီးယန်းတွေကို အမြဲတမ်းတွန်းလှန်​နိုင်​စွမ်းမရှိတာကြောင့် ငြိမ်းချမ်းစွာ လက်​နက်​ချခဲ့ရပါတယ်။ ဒီလို ငြိမ်းချမ်း​ရေးလမ်းကို​ရွေးခဲ့​သော​ကြောင့်​ အာ(ရ်​)ရန်းအိမ်​​တော်​သည်​ အ​ရှေ့ဖက်​ခြမ်းရဲ့ ကာကွယ်​သူ ဘွဲ့ခံပီး ​ဒေသအား ဆက်လက် အုပ်​ချုပ်​ခွင့်​ရခဲ့ပါတယ်​။ နောက်ပိုင်း တာ​ဂေးရီးယန်းေ​နာက်ဆုံးမင်းဆက်​​​ အရှုပ်​​တော်​ပုံဖြစ်ပွားတဲ့အချိန်မှာ ​ဂျွန်​အာ(ရ်​)ရန်း( Jon Arryn) လည်း ပုန်ကန်မှုမှာ ပါဝင်ခဲ့ပါတယ်။

ဂျွန်​အာ(ရ်​)ရန်းဟာ​ ​လေးစားရ​သည့်​ ပညာရှိ​ခေါင်းဆောင်​တစ်ဦးဖြစ်ပြီးတော့ စတာ့(စ်​)အိမ်​​တော်​နှင့်​ ဘရာသီယွန်​အိမ်​​တော်​ တို့ရဲ့ အ​လေးထားရ​တဲ့ ​ခေါင်း​ဆောင်​လည်းဖြစ်ခဲ့ပါတယ်​။ တာ​ဂေးရီးယန်း​နောက်​ဆုံးမင်းဆက်​ အရူးဘုရင်​၏အရှုပ်​​တော်​ပုံတွင်​ အာ(ရ်​)ရန်းတို့ဟာ​ ဘုရင့်​အမိန့်​အား ဆန့်ကျင်ပြီး စစ်​ပွဲအားအစပြုခဲ့ရာ စတာ့(စ်​)အိမ်​​တော်​နှင့်​ ဘရာသီယွန်​အိမ်​​တော်​တို့ အသီးသီး ပူးပေါင်းပါဝင်ခဲ့ကြပါတယ်​။ နောက်ပိုင်းမှာ​ တူလီ(လ်​)အိမ်​​တော်​နှင့်​မဟာမိတ်​ဖွဲ့ပြီးတော့  အရူးဘုရင်​အား ပုန်​ကန်​ခဲ့ကြပါတယ်။ ပုန်​ကန်​မှု​ပြီးတဲ့နောက်ပိုင်း ​ရောဘတ်​ ဘာရသီယွန်​ ဘုရင်​ဖြစ်​လာကာ ဂျွန်​အာ(ရ်​)ရန်းလညး ဘုရင့်​လက်​​ထောက် ​(Hand Of The King) ရာထူးခန့်အပ်ခံခဲ့ရပါတယ်။

Source: Jackpost

ရောဘတ်​ဘရာသီယွန်​ဘုရင် ​လက်​ထပ် ​ပေါ်ပေါက်ခဲ့တဲ့ အရှုပ်​​တော်​ပုံမှာ ​ ဂျွန်​အာ(ရ်​)ရန်လည်း ပါဝင်​ခဲ့ပါတယ်။ အရှုပ်​​တော်​ပုံဟာ​ ​ရောဘတ်​ဘုရင်​ လက်​ထပ်​ထား​သော ဆာဆီ လန်​နင်​စတာ (Cersei Lannister) မိဖုရားမှ အစပြုခဲ့​တာပါ။ ဂျွန်​ဟာ​ ဆာဆီ လန်နင်စတာ မိဖုရားက အစပြုခဲ့တဲ့ အရှုပ်​​တော်​ပုံအား စုံစမ်းရင်း လုပ်ကြံခံရကာ သေဆုံးသွားခဲ့ပါတယ်။ ​သေဆုံးသွား​တဲ့ ဂျွန်​​နေရာတွင်​ ​ရောဘတ်​ဘုရင်​က​ စတာ(စ်​)အိမ်​​​တော်​မှ နက်ဒ်​စတာ့(စ်​) (Ned Stark) အား အစားထိုးခန့်​အပ်​ခဲ့ပါတယ်။ နက်ဒ်​စတာ့(စ်​)ဂျွန်​အာ(ရ်​)ရန်း ​သေဆုံးမှုအား နက်ဒ်​စတာ့(စ်​) က စုံစမ်းဖော်ထုတ်ဖို့ကြိုးစားရာမှ စတာ(စ်​)နှင့်​ လန်​နင်စတာ အားပြိုင်​မှုအစပြုခဲ့ပါတယ်။