ဘရာသီယွန်​ မျိုးနွယ်ဝင်တွေဟာ​ စစ်​တိုက်​၀ါသနာပါ​သော မျိုးနွယ်ဝင်တွေဖြစ်ပြီးတော့ စစ်ရေးစစ်ရာမှာလည်း တော်ကြပါတယ်။ ​​အေဂွန်​တာ​ဂေးရီးယန်း (Aegon the Conqueror) လက်​ထက်​တွင်​ အ​နောက်​ဖက်​​ဒေသကြီးတစ်​ခုလုံးကိုသိမ်းယူပြီးတော့ စစ်ဗိုလ်​ချုပ်​ အိုရီ(စ်​) ဘရာသီယွန်​ကို စတုန်းလန်း (Stormlands)​ ဒေသတွင်​ ဘရာသီယွန်​ အိမ်​​တော်​အား တည်ဆောက်ပြီး အုပ်ချုပ်စေခဲ့ပါတယ်။

Source: Pinterest.ch

ဒါကြောင့် အိုရီ(စ်​) (Orys Baratheon) ဟာ​ ဘရာသီယွန်​ အိမ်​​တော်​အား စတင်​တည်​​ထောင်​ခဲ့​တဲ့ ပထမဆုံး ​ခေါင်း​ဆောင်​တဦးဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုံးက​ ထွက်​​ပေါ်ခဲ့​တဲ့ အဆိုအရ အိုရီ(စ်​)သည်​ ​အေဂွန်​ဘုရင်​၏ မျိုးမစစ်​သား တစ်​ဦးဖြစ်​တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Stormlands ဒေသကို အပိုင်ပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

အိုရီ(စ်​)ဟာ​ Stormlands ဒေသမှာ မင်းမူအုပ်ချုပ်နေတဲ့ Argilac The Arrogant ကို တိုက်​ခိုက်အနိုင်ယူခဲ့ပါသေးတယ်​။ နောက်ပိုင်းမှာ အိုရီ(စ်​)ဟာ ဒူ​ရေဒွန်​အိမ်​​တော် ​(House Dourrandon) ရဲ့ မင်းသမီးတစ်​ပါးဖြစ်​သူ အယ်​ဂျလာ ဒူ​ရေဒွန်​( Argella Dourrandon ) ကို လက်​ထက်​ပြီး စတုန်းလန်းအား အုပ်​ချုပ်​ခဲ့ပါတယ်။

Source: Forums-Chronicles of Elyria

ဘရာသီယွန်အိမ်တော်ဟာ​ စတည်​​ထောင်​သည့်​ချိန်​မှစ၍ နှစ်​​ပေါင်း၂၈၁ နှစ်​တိုင်​​အောင်​ ငြိမ်းချမ်းစွာ​နေခဲ့​သော အိမ်​​တော်​ဖြစ်​ပါတယ် နောက်ပိုင်း​ ​ရောဘတ်​ ဘရာသီယွန်​( Robert Baratheon )က တာ​ဂေးရီးယန်းမင်း​​ အရူးဘုရင်​(Mad King) အားပုန်​ကန်ရာမှ အစပြုပြီး စစ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးသွားတဲ့အခါမှာတော့​ ​ရောဘတ်​ဟာ​ ခုနှစ်​ပြည်​​ထောင်ရဲ့ ဘုရင်​ဖြစ်​လာပြီး စတုန်းလန်​ဒေသအား ညီမဖြစ်​သူ ရန်​​လေး ဘရာသီယွန်​( Renly Baratheon ) ကို ​ပေးအပ်​ခဲ့ပါတယ်​။ ​သူ့ရဲ့ညီ​တော်​ ​ (Stannis Baratheon) ဒရာဂွန်​စတုန်း​ဒေသရဲ့ ​ခေါင်း​ဆောင်​အဖြစ်​ အုပ်​ချုပ်​​စေခဲ့ပါတယ်။

Source: aRTsTATION

အစဉ်​အလာများအရ ဒရာဂွန်​စတုန်း​ဒေသ (Dragonstone) အား အုပ်​ချုပ်​ရသူသည်​ ထီးနန်းကို ဆက်​ခံရသူပါ​။ ဒါကြောင့် ရောဘတ်​ဘုရင်​ ​သေဆုံးသွား​သောအခါမှာ သား​တော်​ဖြစ်သူ စတန်းနစ်​ ဘရာသီယွန် ကထီးနန်းဆက်​ခံခဲ့ပါတယ်။ ​ရောဘတ်​ဘုရင်​၏ညီ​တော်​က ဒါကိုမကျေနပ်တဲ့အတွက်ကြောင့် စစ်​ပွဲများတဖန်​ပေါ်ပေါက်ခဲ့ပြန်ပါတယ်။

ဘရာသီယွန်​အိမ်​​တော်​၏​ အထိမ်းအမှတ်​​သ​င်္ကေတသည်​ ​ရွှေ​ရောင်​ပြင်​ညီ​ပေါ်တွင်​ ငြိမ်​သက်​စွာ ရပ်​တည်​​နေ​သည့်​ သရဖူဆင်​မြန်းထား​သော သမင်​ဖိုဖြစ်​ပါတယ်။ သူတို့ရဲ့ ​ဆောင်​ပုဒ်ကတော့​ Ours is Fury ဖြစ်ြ​ပီး စိတ်​​မာန်​ကြီးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။