ဂ​ရေးဂျွိုင်းအိမ်​​တော်​သည်​ ​အ​နောက်​ဖက်​​ဒေသကြီးရှိ ထင်​ရှား​သောအိမ်​​တော်​များထဲမှတစ်​ခုဖြစ်​သည်​။ ဂ​ရေးဂျွိုင်းအိမ်​​တော်ဟာ Iron Islands တခုလုံးကို အုပ်ချုပ်ရတဲ့ အိမ်တော်ကြီးဖြစ်ပါတယ်။

ဂ​ရေးဂျွိုင်းတို့ဟာ​ သူတို့ရဲ့ အိမ်တော်ကြီးကို ပိုက်​(ခ်​)(Pyke) လို့ခေါ်တဲ့ ​ဒေသမှာတည်ဆောက်ပြီး Iron Islands တခုလုံးကို အုပ်ချုပ်ခဲ့ပါတယ်။ Iron Islands မှာရှိတဲ့ ကျွန်းများတွေဟာ သာမန်လူတွေမနေနိုင်လောက်အောင် ခတ်ထန်ကြမ်းတမ်းလှပါတယ်။ ​ကျွန်းတွေရဲ့ အနေအထားတွေ ကြမ်းတမ်းရုံတင်မကဘဲ ကျွန်းပေါ်မှာနေထိုင်တဲ့ ကျွန်းသူကျွန်းသားတို့ရဲ့ ပင်​ကိုယ်​ဗီဇဟာလည်း ခတ်ထန် ကြမ်းတမ်းကြပါတယ်။ ကျွန်းသားတို့တွေက သူတို့ရဲ့ အိမ်​နီးချင်းတွေကို တိုက်​ခိုက်​ခြင်းဖြင့်​ ရှင်​သန်​​နေထိုင်​ခဲ့ကြပါတယ်။ ဒါတွေတင်မကပဲသူတို့ဟာ​ အမြဲလိုလို​ ကုန်းတွင်းပိုင်း​ဒေသတွေဆီ ကျုး​ကျော်​ရန်အတွက် အစီအစဉ်တွေ ချမှတ်လေ့ရှိကြပါတယ်။

Source: Artstation

ကျွန်းသားတွေက သူတို့ကိုယ်သူတို့ ​ဂ​ရေးဘုရင်​ (Grey King) ကနေ ဆင်းသက်​လာ​တဲ့ မျိုးနွယ်​တွေဆိုပြီး ဂုဏ်​ယူစွာ ကြွားဝါ​​လေ့ရှိကြပါတယ်။ ဂ​ရေးဘုရင်​ဟာ လွန်​ခဲ့​တဲ့ နှစ်​​ထောင်​​ပေါင်းများစွာကတည်းက Iron Islands ကို အုပ်​ချုပ်​ခဲ့​တဲ့ ဘုရင်တဦးပါ။ ဘယ်​လွန်​ ဂ​ရေးဂျွိုင်း(Balon Greyjoy) သည်​ သံကျွန်းနိုင်​ငံ​​တော် (Kingdom of the Iron Islands) ​​​​ကို စတင်​တည်​​ထောင်​ခဲ့​တဲ့ ​ခေါင်း​ဆောင်​တဦးပါ။ သူဟာ​ စတာ(စ်​) နဲ့ လန်​ဆစ်​စတာတွေ အကြား စစ်​ပွဲမဖြစ်​ပွားခင်​ ရှစ်​နှစ်​အလိုမှာ ပြည်​​​ထောင်​စုကို ပုန်​ကန်​ပြီး ဘုရင့်​နိုင်​ငံ​တော်​ တည်​​ထောင်​ခဲ့တာပါ။

Source: Game of Thrones Wiki-Fandom

အဆိုပါဘုရင်ဟာ ရောဘတ်​ ဘရာသီယွန်​ ဘုရင်​အား ပုန်​ကန်​ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပုန်ကုန်မှုမအောင်မြင်ဘဲ ပုန်​ကန်​မှု​ကြောင့်​ဖြစ်​ပွား​သော စစ်​ပွဲများအတွင်းမှာ​ ဘယ်​လွန်ုဘုရင်​၏ သား​တော်​နှစ်​ပါး အသက်​​ပေးခဲ့ရပါတယ်။ ဒါ့အပြင်အသင်​ရှင်​ကျန်​ရစ်​ခဲ့တဲ့ သား​တော် သီယွန်​ ဂ​ရေးဂျွိုင်း (Theon Greyjoy) ကိုလည်း ​နောက်​ထပ်​ ပုန်​ကန်​မှုမ​ပေါ်​ပေါက်​​စေရန်​ နဒ်​စတာ့(စ်​) တို့ရဲ့ သုံ့ပန်းအဖြစ်​ ​ခေါ်​ဆောင်​သွားခြင်းခံခဲ့ရပါတယ်။

ဂ​ရေးဂျွိုင်း​အိမ်​​တော်​၏ အထိမ်းအမှတ်​သ​င်္ကေတဟာ ​ အနက်ရောင်ပြင်ညီပေါ်မျာ ရေးချယ်ထားတဲ့ ​​ရွှေ​ရောင် ရေဘ၀ဲကြီး ဖြစ်ပါတယ်။

Source: Dragoart

ကျွန်းသားတို့၏ ဆောင်​ပုဒ်​ကတော့ ငါတို့သည်​ စိုက်​ပျိုးသူများ မဟုတ်​ကြ (We Do Not Sow) ဖြစ်​ပြီး အဓိပ္ပါယ်​မှာ ​​တိုက်​ခိုက်​သတ်​ဖြတ်​ခြင်းကသာ ကျွန်းသားတွေရဲ့ ရှင်​သန်​​နေထိုင်​ရန်​နည်းလမ်းဖြစ်​ပြီး ကျန်​တဲ့ စိုက်​ပျိုးရေးနဲ့ကုန်သွယ်ရေးအလုပ်တွေကို ၀ါသနာမပါကြဘူးဆိုတဲ့ အဓိပ္ပါယ်​ပါ။

House Greyjoy ဟာ ခုနှစ်ပြည်​​ထောင်​စလုံးမှာ​ ​ရေတပ်​အင်​အား အကြီးမားဆုံးဖြစ်​ပြီး စစ်​သ​င်္ဘောများပြုလုပ်​​တဲ့ အတတ်​ပညာကိုလည်း နတ်​ဘုရားတွေက လက်​​ဆောင်​​ပေးခဲ့တယ်လို့ ယုံကြည်​ထားကြပါတယ်။