လန်နင်စတာအိမ်တော်ဟာ ပြည်ထောင်စုအတွင်းမှာ ငွေကြေးအချမ်းသာဆုံးနှင့် အင်အားအကြီးမားဆုံး ဖြစ်ပြီးတော့ ရှေးအကျဆုံးအိမ်တော်တစ်ခုလည်းဖြစ်ပါတယ်။ ပြည်ထောင်စုတွင်း ဘရာသီယွန်မင်းဆက်ကို နောက်ကွယ်က ချုပ်ကိုင်ထားနိုင်တဲ့အထိ အင်အားကြီးမားခဲ့ပါတယ်။
လန်နင်စတာတွေက အနောက်ဖက်ပိုင်းကို အုပ်ချုပ်ခဲ့ပြီး သူတို့ရဲ့ အိမ်တော်ကြီးကို ကျောက်တုံးတွေနဲ့ ပြည့်နှက်နေတဲ့ Sunset Sea ရဲ့ အငူစွန်းပေါ်မှာတည်ဆောက်ခဲ့ပါတယ်။ အိမ်တော်ရဲ့ တည်နေရာဟာ စည်ကားလှတဲ့ City Of Lannisport မြို့ရဲ့ ထိပ်ပေါ်မှာတည်ရှိနေပြီးတော့ အနောက်ပိုင်းတခုလုံးရဲ့ အကြီးမားဆုံးဆိုတဲ့ ရွှေတွင်းကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့်လည်း လန်နင်စတာတို့တွေက ပြည်ထောင်စုအတွင်းမှာ အချမ်းသာဆုံး မျိုးနွယ်ဝင်တွေဖြစ်နေတာပါ။
Source: ThronesLife
လန်နင်စတာမျိုးနွယ်အများစုဟာ အရပ်ရှည် ချောမောပီး ရွှေဝါရောင် ဆံပင်တွေပိုင်ဆိုင်ထားကြပါတယ်။ လန်နင်စတာတွေဟာ တောင်တန်းများနှင့်တောင်ကြားဒေသကို အုပ်ချုပ်ရတဲ့ Andal လူမျိုးတွေကနေ မှဆင်းသက်လာသောမျိုးနွယ်ဝင်တွေဖြစ်ကြပါတယ်။ လန်နင်စတာ တွေရဲ့ နောက်ဆုံးဘုရင် Loren Lannister ဟာ အဲ့ဒီအချိန်တုံးက နယ်ချဲ့နေတဲ့ အေဂွန် တာဂေးရီးယန်းရဲ့ တပ်ကို ရင်ဆိုင်တွန်းလှန်နိုင်ဖို့အတွက် ဂါရန်နာ အိမ်တော်( House Gardener ) နဲ့ ပူးပေါင်းခဲ့ရပါတယ်။
မီးတောက်ကွင်းပြင် (Field Of Fire) လို့ အမည်ရတဲ့ တိုက်ပွဲအတွင်းမှာ လန်နင်စတာစစ်သည်အင်အား ၄၀၀၀ ကျော်ကျဆုံးခဲ့ရပါတယ်။ အဲ့ဒီအချိန်ကနေစပြီးတော့ လန်နင်စတာတွေဟာ တာဂေးရီးယန်း တို့ဆီမှာ အညံ့ခံခဲ့ရပြီး ပြည်ထောင်စုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်လာခဲ့ပါတယ်။
Source: Science News for Students
နောက်ပိုင်းမှာတော့ တာဂေးရီးယန်းတို့ရဲ့ နောက်ဆုံးမင်းဆက် အရူးဘုရင် (Mad King) ကိုလုပ်ကြံသတ်ဖြတ်ပြီး ရောဘတ် ဘရာသီယွန် အားထီးနန်းအပ်နှင်းခဲ့ပြီးတော့ လန်နင်စတာတွေက နောက်ကွယ်ကနေ ချုပ်ကိုင်ခဲ့ပါတယ်။ ဒီအကြောင်းကို အခြားအင်အားကြီးအိမ်တော်ဖြစ်တဲ့ စတာ့စ် တို့သိသွားတဲ့အခါမှာတော့ စစ်ကြီးစတင်ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ အရူးဘုရင်ရဲ့ သမီးတော် Daenerys Targaryen ရဲ့ လက်အောက်ကို ကျရောက်ခဲ့ရပြီးနောက်မှာ ပြည်ထောင်စုထီးနန်ကို စတာ့စ်တို့အား ပေးအပ်ခဲ့ပါတယ်။
လန်နင်စတာတို့ရဲ့ သင်္ကေတကတော့ နီလာရောင်ရှိသော နောက်ခံပေါ်တွင် သန်မာသော ခြသေ့င်္ကြီးတစ်ကောင် မာန်ဖီနေသော ပုံဖြစ်ပါတယ်။
Source: George RR Martin
ယနေ့ခေတ် အင်္ဂလန်နိုင်ငံ၏ နိုင်ငံတော်သင်္ကေတနှင့် အနည်းငယ်ဆင်တူပါတယ်။ အိမ်တော်ရဲ့ ဆောင်ပုဒ်ကတော့ Hear Me Roar ဖြစ်ပီး အသံကြားလျှင်ပင် ရန်သူများအား ကြောက်ရွံ့သွားစေရန်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ အခြား လူသိများတဲ့ လန်နင်စတာတွေရဲ့ စကားလုံးကတော့ Lannister Always Pay Their Debts (လန်နင်စတာတွေက အကြွေးကိုအမြဲတမ်းဆပ်တယ်) ဖြစ်ပြီး သူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ ကတိတည်မှုကို ရည်ညွှန်းထားတာပါ။