လန်​နင်​စတာအိမ်​​တော်​ဟာ​ ပြည်ထောင်စုအတွင်းမှာ ​ငွေ​ကြေးအချမ်းသာဆုံးနှင့်​ အင်​အားအကြီးမားဆုံး ဖြစ်ပြီးတော့ ရှေးအကျဆုံးအိမ်တော်တစ်ခုလည်းဖြစ်ပါတယ်။ ပြည်​​ထောင်​စုတွင်း ဘရာသီယွန်​မင်းဆက်ကို ​နောက်​ကွယ်​က ချုပ်​ကိုင်​ထားနိုင်တဲ့အထိ အင်အားကြီးမားခဲ့ပါတယ်။

လန်​နင်​စတာတွေက အ​နောက်​ဖက်​ပိုင်းကို အုပ်​ချုပ်​ခဲ့ပြီး သူတို့ရဲ့ အိမ်တော်ကြီးကို ကျောက်​တုံးတွေနဲ့ ပြည့်​နှက်​​နေတဲ့ Sunset Sea ရဲ့ အငူစွန်း​ပေါ်မှာတည်ဆောက်ခဲ့ပါတယ်။ အိမ်​​တော်​ရဲ့ တည်​​နေရာဟာ​ စည်​ကား​လှတဲ့ City Of Lannisport မြို့ရဲ့ ထိပ်​​ပေါ်မှာတည်ရှိနေပြီးတော့​ အ​နောက်​ပိုင်းတခုလုံးရဲ့ အကြီးမားဆုံး​ဆိုတဲ့ ​ရွှေတွင်းကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့်လည်း လန်​နင်​စတာတို့တွေက ပြည်ထောင်စုအတွင်းမှာ အချမ်းသာဆုံး မျိုးနွယ်​ဝင်တွေဖြစ်နေတာပါ။

Source: ThronesLife

လန်နင်​စတာမျိုးနွယ်​အများစုဟာ​ အရပ်​ရှည်​ ​ချော​မောပီး ​ရွှေဝါ​ရောင်​ ဆံပင်​တွေပိုင်ဆိုင်ထားကြပါတယ်။ လန်​နင်​စတာတွေဟာ ​တောင်​တန်းများနှင့်​​တောင်​ကြား​ဒေသကို အုပ်​ချုပ်​ရ​တဲ့ ​ Andal လူမျိုးတွေကနေ မှဆင်းသက်​လာ​သောမျိုးနွယ်ဝင်တွေ​ဖြစ်ကြပါတယ်​​။ လန်​နင်​စတာ တွေရဲ့ နောက်​ဆုံးဘုရင်​ Loren Lannister ဟာ အဲ့ဒီအချိန်တုံးက နယ်​ချဲ့နေတဲ့ ​အေဂွန်​ တာ​ဂေးရီးယန်းရဲ့ တပ်​ကို ရင်ဆိုင်တွန်းလှန်နိုင်ဖို့အတွက် ဂါရန်​နာ အိမ်​​တော်​( House Gardener ) နဲ့ ပူးပေါင်းခဲ့ရပါတယ်။

မီး​တောက်​ကွင်းပြင် ​(Field Of Fire) လို့ အမည်​ရတဲ့ တိုက်​ပွဲအတွင်းမှာ လန်နင်စတာ​စစ်​သည်​အင်​အား​ ၄၀၀၀​ ကျော်​ကျဆုံးခဲ့ရပါတယ်။ အဲ့ဒီအချိန်ကနေစပြီးတော့ လန်နင်စတာတွေဟာ တာ​ဂေးရီးယန်း တို့ဆီမှာ အညံ့ခံခဲ့ရပြီး ပြည်​​ထောင်​စုရဲ့ တစ်​စိတ်​တစ်​ပိုင်းအဖြစ်ပါဝင်လာခဲ့ပါတယ်။

Source: Science News for Students

နောက်ပိုင်းမှာတော့ တာ​ဂေးရီးယန်းတို့ရဲ့ နောက်ဆုံးမင်းဆက် ​အရူးဘုရင်​ (Mad King) ကိုလုပ်​ကြံသတ်​ဖြတ်​ပြီး ​ရောဘတ်​ ဘရာသီယွန်​ အားထီးနန်းအပ်​နှင်းခဲ့ပြီးတော့ လန်နင်စတာတွေက ​နောက်​ကွယ်​ကနေ ချုပ်​ကိုင်​ခဲ့ပါတယ်​။ ဒီအကြောင်းကို အခြားအင်​အားကြီးအိမ်​​တော်​ဖြစ်​​တဲ့ စတာ့စ်​ တို့သိသွားတဲ့အခါမှာတော့ စစ်ကြီးစတင်ဖြစ်ပွားခဲ့ပါတယ်​။ ဒါပေမဲ့​ အရူးဘုရင်ရဲ့ သမီး​တော်​ Daenerys Targaryen ရဲ့ လက်​​အောက်ကို ကျ​ရောက်​ခဲ့ရပြီးနောက်မှာ​ ပြည်​​ထောင်​စုထီးနန်ကို စတာ့စ်​တို့အား ပေးအပ်​ခဲ့ပါတယ်။

လန်​နင်စတာတို့ရဲ့ သ​င်္ကေတကတော့​ နီလာ​ရောင်​ရှိ​သော ​နောက်​ခံ​ပေါ်တွင်​ သန်​မာ​သော ​ခြ​သေ့င်္ကြီးတစ်​​ကောင်​ မာန်​ဖီ​နေ​သော ပုံဖြစ်ပါတယ်။

Source: George RR Martin

ယနေ့ခေတ် အင်္ဂလန်​နိုင်​ငံ၏ ​နိုင်​ငံ​တော်​​သ​င်္ကေတနှင့်​ အနည်းငယ်ဆင်တူပါတယ်။ အိမ်​​တော်​ရဲ့ ​ဆောင်​ပုဒ်​ကတော့ Hear Me Roar ဖြစ်​ပီး အသံကြားလျှင်​ပင်​ ​ရန်​သူများအား ​ကြောက်​ရွံ့သွား​စေရန်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ အခြား လူသိများ​တဲ့ လန်​နင်​စတာတွေရဲ့ စကားလုံးကတော့ Lannister Always Pay Their Debts (လန်နင်စတာတွေက အကြွေးကိုအမြဲတမ်းဆပ်တယ်) ဖြစ်​ပြီး သူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ ကတိတည်မှုကို ရည်ညွှန်းထားတာပါ။