၂၀၁၁ ခုနှစ်မှာ စတင်ပြသခဲ့တဲ့ နာမည်ကျော် Games Of Thrones တီဗီစီးရီးဟာဖြင့် ၂၀၁၉ ခုနှစ်အရောက်မှာ ပြသလို့ပြီးစီးသွားပါပြီ။ ဒီတီဗီစီးရီးကို ဂျော့ဂ်မာတင်ရဲ့ အရောင်းရဆုံး စာအုပ်စီးရီးတစ်ခုဖြစ်တဲ့ “A Song Of Ice And Fire” ကို HBO ရုပ်သံလှိုင်းက တီဗီစီးရီးအဖြစ် ရိုက်ကူးထားတာပါ။ “A Song Of Ice And Fire” Westeros လို့အမည်ရတဲ့ တိုက်ကြီးတခုမှာ ရှိတဲ့ အိမ်တော်ခုနှစ်ခုက ရာဇပုလ္လင်ကို ရဖို့အတွက်ကြိုးစားကြတဲ့ အကြောင်းရေးဖွဲထားတာပါ။ အခုကျနော်ပြောပြချင်တာကတော့ အိမ်တော်ခုနှစ်ခုထဲကမှ တခုဖြစ်တဲ့ တာဂေးရီးယန်း(Targaryen) မျိုးနွယ်ဝင်တွေ အကြောင်းပါ။

House of Targaryen

Source: rand.org

တာဂေးရီးယန်း (Targaryen) မျိုးနွယ်ဝင်တွေဟာ အနောက်ပိုင်းဒေသကြီး (Westeros) ၏ အပယ်ခံဖြစ်ပြီး တန်ခိုးအာဏာအကြီးမားဆုံးဖြစ်ကာ ခုနှစ်ပြည်ထောင် တော်ဝင်မျိုးနွယ်ဝင်တွေထဲက ရှေးကျသော မျိုးနွယ်စုတခုပါ။ Targaryen ခေါ်နဂါးမျိုးနွယ်များသည် ပြန့်ကြဲ နေသောအိမ်တော်များအားလုံးကို တိုက်ခိုက်အနိုင်ယူပြီး တစ်စုတစ်စည်းထဲ ဖြစ်စေကာ အုပ်ချုပ်ခဲ့သောပထမဆုံးအိမ်တော်ဖြစ်ပါတယ်။

တာဂေးရီးယန်းမျိုးနွယ်ဝင်တွေဟာ နဂါးတွေ ပိုင်ဆိုင်တဲ့ အတွက်ကြောင့် နဂါးမျိုးနွယ်ဆိုပြီး ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ ရှေးစကားများအရ နတ်ဘုရားများသည် ကမ္ဘာကြီးအားဖန်ဆင်းရာမှာ လူတွေကို လက်ဆောင်သုံးမျိုးပေးခဲ့တယ်လို့ဆိုကြပါတယ်။ ကုန်းမြေပေါ်မှာ သတ္တုတွေ၊ ရေပေါ်မှာ သင်္ဘောတွေ၊ ကောင်းကင်ပေါ်မှာတော့ နဂါးတွေ စသဖြင့် လူတွေ နယ်ပယ်အသီးသီးမှာကြီးစိုးနိုင်ရန် လက်ဆောင်ပေးခဲ့တယ်လို့ အဆိုရှိပါတယ်။

Source: AIPTI

တာဂေးရီးယန်း မျိုးနွယ်တွေဟာ နဂါးတွေပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော မျိုးနွယ်ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေက မာန်မာနကြီးကြပြီးတော့ သူတို့မျိုးနွယ်ဝင်တွေသာ မြင့်မြတ်တဲ့မျိုးနွယ်ဝင်တွေ ဖြစ်ကြောင်းခံယူထားကြပါတယ်။ တခြားမျိုးနွယ်ဝင်တွေနဲ့လည်း လက်ထပ်ပေါင်းသင်းလေ့မရှိဘဲ မျိုးနွယ်တူမောင်နှမချင်းများသာ ပေါင်းသင်းလက်ထပ်လေ့ရှိတဲ့ မျိုးနွယ်တွေလည်းဖြစ်ပါတယ်။ ဒါကတော့ တာဂေးရီးယန်းမျိုးနွယ်များ ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်မယ်ထင်ပါတယ်။

Source: A Blog of Thrones

တာဂေးရီးယန်းတွေရဲ့ ဘုရင်အေဂွန် (Aegon The Conqueror) လက်ထက်မှာ အနောက်ပိုင်းဒေသတစ်ခုလုံးကို နဂါးများတွေနဲ့ မီးတိုက်ပီး သိမ်းပိုက်ကာ (Iron Throne) တစ်ဘုရင်စနစ်စတင်ထူထောင်ပြီး ခုနှစ်ပြည်ထောင်လုံးကိုအုပ်ချုပ်ခဲ့ပါတယ်။ ဘုရင်အေဂွန် လက်ထက်တွင် အနောက်ဖက်ဒေသကြီးတစ်ခုလုံးစည်ပင်သာယာခဲ့ပါတယ်။ နောက်ပိုင်းမွေးလာတဲ့ နဂါးမျိုးနွယ်မင်းသားတွေရဲ့ နာမည်ရှေ့မှာလည်း ဘုရင်အေဂွန်ကို အစွဲပြုပြီးတော့ အေဂွန်ဆိုပြီး ထည့်သွင်း ခေါ်ဆိုခဲ့ကြပါတယ်။

Source: wORDpRESS.COM

အေဂွန်နောက်ပိုင်း တက်လာတဲ့ ဘုရင်တွေ လက်ထက်မှာ အခြားအိမ်တော်တွေရဲ့ ပုန်ကန်ထကြွမှုရှိခဲ့ပေမဲ့ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လူသိများတဲ့ အေ (ရ်) ရီ (စ်) တာဂေးရီးယန်း (Aerys II Targaryen) လက်ထက်မှာတော့ အေဂွန်ဘုရင်တည်ထောင်ခဲ့တဲ့ တာဂေးရီးယန်းမင်းဆက်ဟာ ကျဆုံးသွားခဲ့ရပါတယ်။

လန်နင်စတာအိမ်တော်နှင့် ဘရာသီယွန် အိမ်တော်တွေပူးပေါင်းပြီး အရူးဘုရင် (Mad King) ကိုလုပ်ကြံခဲ့တာပါ။ ဒါတွေတင်မကပဲ တာဂေးရီးယန်းမျိုးနွယ်ဝင်တွေကို တစ်ယောက်မကျန်အကုန် လိုက်လံပြီး သတ်ဖြတ်ခဲ့ကြပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ခုနှစ်ပြည်ထောင် ထီးနန်း (Iron Throne) ကို ဘရာသီယွန်မျိုးနွယ်ဝင် (House Baratheon) မှ ရောဘတ်ဘရာသီယွန်(Robert The King) အားအုပ်ချုပ်စေခဲ့ပါတယ်။ ဒီလိုနဲ့ တာဂေးရီးယန်း မျိုးနွယ်များ ပျက်သုဉ်းသွားခဲ့ရတာပါ။

Source: Game of Throne Wiki-Fandom

တာဂေးရီးယန်း အိမ်တော်ရဲ့ ဆောင်ပုဒ်ကတော့ မီးလျှံနှင့်သွေး (Fire And Blood) ဖြစ်ပြီး နဂါးမျိုးနွယ်စစ်သောသူဟာ မီးတောက်မီးလျှံများဖြင့် အသွေးသားတို့အား တည်ဆောက်ထားတယ်လို့ အဓိပ္ပါယ်ရပါတယ်။ မြင့်မြတ်တဲ့ နဂါးမျိုးနွယ်တို့ဟာ မီးကြောင့်မသေနိုင် အထိအခိုက်မရှိနိုင်ဘူးလို့ယူဆကြပါတယ်။ တာဂေးရီးယန်း မျိုးနွယ်ဝင်တွေဟာ အလွန်အင်းအားကြီးတဲ့နဂါးတွေပိုင်ဆိုင်ထားပေမဲ့ မျိုးနွယ်တူများအချင်းချင်း တိုက်ခိုက်ခြင်း၊ မျိုးတူမှ လတ်ဆတ်သော ဓလေ့ကြောင့် ဥာဏ်ရည်များ တဖြည်းဖြည်း နိမ့်ပါးလာပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းနည်းပါးခြင်း၊ အဆုံးတွင် ရူးသွပ်သွားခြင်း စသည်တို့ကြောင့် သမိုင်းတွင် ပျောက်ရှသွားရအောင် အလွန်တရာကြီးမားသော ပေးဆပ်မှုနှင့် ဇာတ်သိမ်းသွားခဲ့ရပါတယ်။

Kwee ပရိသတ်တွေ သိထားတဲ့ သမိုင်းကြောင်းနဲ့လည်း အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။