စတာ့ခ်အိမ်တော်ဟာ အနောက်ဖက်ဒေသကြီးတွင်ရှိသော အိမ်တော်ကြီးတွေထဲမှာ တန်ခိုးဩဇာအာဏာကြီးမားသော အိမ်တော်တခုဖြစ်ပါတယ်။
ဒါ့အပြင် စတာ့ခ်အိမ်တွေဟာ တာဂေးရီးယန်း ကျူးကျော်မှုမတိုင်မီကာလအထိ မြောက်ပိုင်းဒေသမျာတွေကို ဘုရင့်နိုင်ငံအဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ သူတို့တွေဟာ မြောက်ဖက်အရပ်လို့ခေါ်တဲ့ ကျယ်ပြောသော ဒေသကြီးတွေကို ၀န်းဒါးဖဲ (Winterfell) အရပ်ကနေပြီးတော့ အုပ်ချုပ်ခဲ့တာပါ။ ၀န်းဒါးဖဲအိမ်တော်ဟာ တန်ခိုးအာဏာကြီးမားပြီး နှစ်ပေါင်းရှစ်ထောင်ခန့်ထိ ကိုယ့်ထီးကိုယ့်နန်းဖြင့်အုပ်ချုပ်ခဲ့ပါတယ်။ အေဂွန်ဘုရင်ရဲ့ ကျုးကျော်မှုမတိုင်မှီကာလနဲ့ ရောဘတ်ဘုရင်နောက်ပိုင်းကာလတွေမှာ စတာ့ခ်အိမ်တော်ဟာ မြောက်ပိုင်းနိုင်ငံတွေရဲ့ဘုရင် (Kingdom Of The North) အဖြစ်အုပ်ချုပ်ခဲ့ပါတယ်။
Source: Pinterest
စတာ့ခ်တွေရဲ့ မြောက်ပိုင်းဒေသအုပ်ချုပ်မှုဟာ အနီရောင်လက်ထပ်ခြင်းအခမ်းအနား (Red Wedding) ကာလမှာ အချိန်ကာလတစ်ခုအထိ အဆုံးသတ်ခဲ့ရပါတယ်။ ထိုအခမ်းအနားတွင် စတာ့ခ်အိမ်တော်ရဲ့သခင် ရော့စတာ့ခ် (Robb Stark) အပါအဝင် စတာ့ခ်အများအပြား ရက်စက်စွာ သတ်ဖြတ်ခြင်းခံရပီး ၀န်းဒါးဖဲကို ဘော်တွန်အိမ်တော် (House Bolton) မှ လန်နင်စတာအိမ်တော်အကူအညီဖြင့် သိမ်းယူခဲ့ကြပါတယ်။
Source: Geek Universe-Cheezburger
ဒီအဖြစ်အပျက်ဟာဆိုရင် စတာ့ခ်တို့ကို အလွန်အထိနာစေခဲ့တဲ့အဖြစ်အပျက်အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ စတာ့ခ်အိမ်တော်ဟာ တောင်ပိုင်းဘုရင်ဘုရင်တွေနဲ့ ပတ်သက်မှုသိပ်မရှိဘဲ တစ်ဦးတည်း တစ်ဘုရင်စနစ်ဖြင့် သီးခြားအုပ်ချုပ်နေထိုင်ခဲ့ကြတာပါ။ စတာ့ခ်အိမ်တော် စတင်တည်ထောင်စဉ်တုံးက ဘော်တွန်အိမ်တော် (House Bolton) ရဲ့ လက်အောက်ခံနယ်မြေအဖြစ်ရှိနေခဲ့တာပါ။ စတာ့ခ်တွေဟာ မြောက်ပိုင်းနယ်မြေတခွင်လုံးကို စည်းရုံးပြီး ဘော်တွန်အိမ်တော်ကို နှိမ်နင်းကာ ဘုရင်မျိုးဆက်အား အစပြုခဲ့ကြပါတယ်။
စတာ့စ်တို့ရဲ့ဘုရင် တော်ဟန်စတာ့ခ် (Torrhen Stark) ဟာ တာဂေးရီးယန်းတို့်ရဲ့ကျူးကျော်မှုကို ရင်ဆိုင်ရန်သူရဲ့စစ်တပ်ကို တောင်ပိုင်းသို့စေလွှတ်လိုက်ခဲ့ပါတယ်။ ဒါပေမဲ့ တာဂေးရီးယန်းတို့ရဲ့ စစ်အင်အားနှင့်နဂါးတွေကိုတွေ့သွားတဲ့အခါမှာတော့ စစ်တိုက်ရင်လည်း အချည်းအနှီး သာဖြစ်မည်ကိုသိသောကြောင့် လက်နက်ချအညံခံခဲ့ပါတယ်။
Source: Source: DeviantArt
Torrhen Stark ဟာ တာဂေးရီးယန်းမင်းလက်အောက် တာဝန်ထမ်းဆောင်ခဲ့ကာ အညံခံရန်ငြင်းဆန်ခဲ့တဲ့ ဂါရင်းနားအိမ်တော် (House Gardener) နဲ့ ဟွေးအိမ်တော်ဝ (House Hoare Of The Riverlands) တို့အား တိုက်ခိုက်ပေးခဲ့ပါတယ်။ ထိုဘုရင်အား ဒူးထောက်ခဲ့သောဘုရင် (King Who Knelt) အဖြစ် လူသိများခဲ့ကာ စစ်ရှုံးရန်သေချာသော တိုက်ပွဲအား မတိုက်စေဘဲ အညံ့ခံခဲ့သောကြောင့် မြောက်ပိုင်းသားတို့က ကျေးဇူးတင်ရှိခဲ့ကြပါတယ်။
မြောက်ပိုင်းသားတို့ဟာ အရိုင်းအစိုင်းလူမျိုးတွေကို စောင့်ကြည့်ရန်အတွက် စောင့်ကြည့်ရေးအဖွဲ့ (Night Watch) ကို တည်ထောင်ခဲ့ပါသေးတယ်။ Night Watch တွေနေတဲ့နေရာဟာ ခက်ခဲကြမ်းတမ်းလွန်းတဲ့အတွက်ကြောင့် သာမန်လူတို့မနေထိုင်နိုင်ပဲ ပြည်ထောင်စုရဲ့ အပြစ်ဒဏ်သင့် အကျဉ်းသားတွေနဲ့ မိမိဆန္ဒအလျောက်လာရောက်နေထိုင်သူများသာရှိပါတယ်။
စတာ့စ်တို့တွေဟာ တာဂေးရီးယန်းတို့ ရဲ့လက်အောက်မှာ နှစ်ပေါင်းများစွာနေထိုင်လာခဲ့ရပါတယ်။ အရူးဘုရင်ကို ပုန်ကန်ရာကနေအစပြုပြီးတော့ မြောက်ပိုင်းဒေသဟာ တသီးတခြားဖြစ်ပြီး အခြားအင်အားကြီးမားတဲ့ လန်နင်စတာအိမ်တော်နဲ့ အပေါင်းအပါတွေကို စစ်ကြေညာခဲ့ပါတယ်။ မြောက်ပိုင်းဘုရင့်နိုင်ငံတောိကို ရော့စတာ့ခ် (Robb Stark) လက်ထက်မှာ ပြန်လည်အသက်သွင်းအုပ်ချုပ်ခဲ့ပါတယ်။
Source: KickassFacts
စတာ့ခ်တို့၏သင်္ကေတဟာ အဖြူရောင်နောက်ခံပေါ်ရှိ ၀ံပလွေပုံဖြစ်ပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်ကတော့ Winter Is Coming ဖြစ်ပြီး ဆောင်းရာသီရောက်ချိန်မှာ ကြုံရတတ်တဲ့ ဘေးအန္တရာယ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဆောင်းရာသီတွင် မြူများပိတ်ပိတ်ပြုံးအောင်ကျဆင်းလေ့ရှိပြီး ရာသီလွန်မြောက်ရန် ဆယ်စုနှစ်တစ်ခုလောက်ထိကြာတတ်ပါတယ်။ ရာစုနှစ်ထိကြာခဲ့တဲ့ ဆောင်းရာသီလည်း ရှိခဲ့သည်ဟု ဆိုရိုးများရှိပါသေးတယ်။