စတာ့ခ်​အိမ်​​တော်​ဟာ​ အ​နောက်​ဖက်​​ဒေသကြီးတွင်​ရှိ​သော အိမ်​​တော်​ကြီးတွေထဲမှာ တန်​ခိုးဩဇာအာဏာကြီးမား​သော အိမ်​​တော်​တခုဖြစ်ပါတယ်။

ဒါ့အပြင်​ စတာ့ခ်​အိမ်​​တွေဟာ​ တာ​ဂေးရီးယန်း ကျူး​ကျော်​မှုမတိုင်​မီကာလအထိ ​မြောက်​ပိုင်း​ဒေသမျာတွေကို ဘုရင့်​နိုင်​ငံအဖြစ်​ အုပ်​ချုပ်​ခဲ့​ပါတယ်​။ သူတို့တွေဟာ​ ​မြောက်​ဖက်​အရပ်​လို့ခေါ်တဲ့​ ကျယ်​​ပြော​သော ​ဒေသကြီးတွေကို ၀န်းဒါးဖဲ (Winterfell)​​ အရပ်​ကနေပြီးတော့ အုပ်​ချုပ်​ခဲ့တာပါ။ ၀န်းဒါးဖဲအိမ်​​တော်​ဟာ​ တန်ခိုးအာဏာကြီးမားပြီး နှစ်​​ပေါင်းရှစ်​​ထောင်​ခန့်​ထိ ကိုယ့်​ထီးကိုယ့်​နန်းဖြင့်​အုပ်​ချုပ်​ခဲ့ပါတယ်။ အေဂွန်​ဘုရင်​ရဲ့ ကျုး​ကျော်​မှုမတိုင်​မှီ​ကာလနဲ့ ​ရောဘတ်​ဘုရင်​​နောက်​ပိုင်းကာလတွေမှာ စတာ့ခ်​အိမ်​​တော်​ဟာ ​မြောက်ပိုင်းနိုင်ငံတွေရဲ့ဘုရင် (Kingdom Of The North) အဖြစ်​အုပ်​ချုပ်​​ခဲ့​ပါတယ်​။

Source: Pinterest

စတာ့ခ်တွေရဲ့ ​မြောက်​ပိုင်း​ဒေသအုပ်​ချုပ်​မှုဟာ​ အနီ​ရောင်​လက်​ထပ်​ခြင်းအခမ်းအနား (Red Wedding) ကာလမှာ​ အချိန်​ကာလတစ်ခုအထိ အဆုံးသတ်ခဲ့ရပါတယ်။ ထိုအခမ်းအနားတွင်​ စတာ့ခ်​အိမ်​​တော်​ရဲ့သခင်​ ရော့စတာ့ခ် (Robb Stark) အပါအဝင် စတာ့ခ်​အများအပြား ရက်​စက်​စွာ သတ်​ဖြတ်​ခြင်းခံရပီး ၀န်းဒါးဖဲကို ​ဘော်​တွန်​အိမ်​​တော် ​(House Bolton) မှ လန်​နင်​စတာအိမ်​​တော်​အကူအညီဖြင့်​ သိမ်းယူခဲ့ကြပါတယ်။

Source: Geek Universe-Cheezburger

ဒီအဖြစ်​အပျက်ဟာဆိုရင်​ စတာ့ခ်​တို့ကို ​အလွန်အထိနာစေခဲ့တဲ့အဖြစ်အပျက်အဖြစ် သမိုင်းတွင်​ခဲ့ပါတယ်​။ စတာ့ခ်​အိမ်​​တော်​ဟာ​ ​​တောင်​ပိုင်းဘုရင်​ဘုရင်တွေနဲ့ ပတ်​သက်​မှုသိပ်​မရှိဘဲ တစ်​ဦးတည်း တစ်​ဘုရင်​စနစ်​ဖြင့်​ ​သီးခြားအုပ်​ချုပ်​​နေထိုင်​ခဲ့ကြတာပါ။ စတာ့ခ်အိမ်တော် စတင်​တည်​​ထောင်​စဉ်တုံးက​ ​ဘော်​တွန်​အိမ်​​တော်​ (House Bolton) ရဲ့ လက်​​အောက်​ခံနယ်မြေအဖြစ်ရှိနေခဲ့တာပါ​။ စတာ့ခ်​တွေဟာ​ ​မြောက်​ပိုင်းနယ်မြေတခွင်လုံးကို စည်းရုံးပြီး ​ဘော်​တွန်​အိမ်​​တော်​ကို နှိမ်​နင်းကာ ဘုရင်​မျိုးဆက်​အား အစပြုခဲ့ကြပါတယ်။

စတာ့စ်​တို့ရဲ့ဘုရင်​​ ​တော်​ဟန်​စတာ့ခ် (Torrhen Stark) ဟာ​ တာ​ဂေးရီးယန်းတို့်​ရဲ့ကျူးကျော်မှုကို ရင်​ဆိုင်​ရန်​သူရဲ့စစ်တပ်ကို ​တောင်​ပိုင်းသို့​စေလွှတ်​လိုက်​​ခဲ့ပါတယ်​။ ဒါပေမဲ့ တာ​ဂေးရီးယန်းတို့ရဲ့ စစ်​အင်​အားနှင့်​နဂါးတွေကိုတွေ့သွားတဲ့အခါမှာတော့​ စစ်​တိုက်​​ရင်လည်း အချည်းအနှီး သာဖြစ်​မည်​ကိုသိ​သော​ကြောင့်​ လက်​နက်​ချအညံခံခဲ့​ပါတယ်။

Source: Source: DeviantArt

Torrhen Stark ဟာ တာ​ဂေးရီးယန်းမင်းလက်​​အောက်​ တာဝန်​ထမ်း​ဆောင်​ခဲ့ကာ အညံခံရန်​ငြင်းဆန်​ခဲ့​တဲ့ ဂါရင်းနားအိမ်​​တော်​ (House Gardener) နဲ့​ ဟွေးအိမ်​​တော်ဝ ​(House Hoare Of The Riverlands) တို့အား တိုက်​ခိုက်​​ပေးခဲ့ပါတယ်။ ထိုဘုရင်​အား ဒူး​ထောက်​ခဲ့​သောဘုရင် ​(King Who Knelt) အဖြစ်​ လူသိများခဲ့ကာ စစ်​ရှုံးရန်​​သေချာ​သော တိုက်​ပွဲအား မတိုက်​​စေဘဲ အညံ့ခံခဲ့​သော​ကြောင့်​ ​မြောက်​ပိုင်းသားတို့က ​ကျေးဇူးတင်​ရှိခဲ့ကြပါတယ်။

မြောက်​ပိုင်းသားတို့ဟာ​ အရိုင်းအစိုင်းလူမျိုးတွေကို ​စောင့်​ကြည့်​ရန်​အတွက်​ ​စောင့်​ကြည့်​​ရေးအဖွဲ့ (Night Watch) ကို တည်​​ထောင်​ခဲ့ပါသေးတယ်။ ​ Night Watch တွေနေတဲ့နေရာဟာ ခက်​ခဲကြမ်းတမ်းလွန်းတဲ့အတွက်ကြောင့် သာမန်​လူတို့မ​နေထိုင်​နိုင်​ပဲ ပြည်​​ထောင်​စုရဲ့ အပြစ်​ဒဏ်​သင့်​​ အကျဉ်းသားတွေနဲ့ မိမိဆန္ဒအ​လျောက်​လာ​ရောက်​​နေထိုင်​သူများသာရှိ​ပါတယ်။

စတာ့စ်​တို့တွေဟာ​ တာ​ဂေးရီးယန်းတို့ ရဲ့လက်​​အောက်​မှာ​​ နှစ်​​ပေါင်းများစွာ​နေထိုင်​လာခဲ့ရပါတယ်။ အရူးဘုရင်​ကို ပုန်ကန်ရာကနေအစပြုပြီးတော့ ​မြောက်​ပိုင်းဒေသဟာ​ တသီးတခြားဖြစ်​ပြီး အခြားအင်​အားကြီးမား​တဲ့ လန်​နင်​စတာအိမ်​​တော်​နဲ့ အ​ပေါင်းအပါတွေကို စစ်​​ကြေညာခဲ့ပါတယ်။ ​မြောက်​ပိုင်းဘုရင့်​နိုင်​ငံ​တောိကို ​ရော့စတာ့ခ်​ (Robb Stark) လက်​ထက်​မှာ​ ပြန်​လည်​အသက်​သွင်းအုပ်​ချုပ်​ခဲ့​ပါတယ်​။

Source: KickassFacts

စတာ့ခ်​တို့၏​သ​င်္ကေတဟာ​ အဖြူ​ရောင်​​နောက်​ခံ​ပေါ်ရှိ ၀ံပ​လွေပုံဖြစ်​ပါတယ်​။ သူတို့ရဲ့ ​ဆောင်​ပုဒ်​ကတော့ ​Winter Is Coming ဖြစ်ပြီး ​ဆောင်းရာသီ​ရောက်​ချိန်​မှာ ​ကြုံရ​တတ်တဲ့ ​ဘေးအန္တရာယ်​များကို ဆိုလိုခြင်းဖြစ်ပါတယ်​။ ဆောင်းရာသီတွင်​ မြူများပိတ်​ပိတ်​ပြုံး​အောင်​ကျဆင်း​လေ့ရှိပြီး ရာသီလွန်​​မြောက်​ရန်​ ဆယ်​စုနှစ်​တစ်​ခု​လောက်​ထိကြာတတ်​​ပါတယ်​။ ရာစုနှစ်​ထိကြာခဲ့​တဲ့ ​ဆောင်းရာသီလည်း ရှိခဲ့သည်​ဟု ဆိုရိုးများရှိပါသေးတယ်။