House Tully

တူလီအိမ်​​တော်​ဟာ​ အစဉ်​အလာကြီးမား​သော ​ရှေးအိမ်​​တော်​ကြီးများထဲမှ တစ်​ခုဖြစ်​တယ်။ တူလီအိမ်​​တော်​ဟာ​ ဥ​ရောပတိုက်​ကြီး၏ အလယ်​​ပိုင်းမှာ ​တည်​ရှိပီး ကျယ်​ပြန့်​တဲ့ မြေမျက်နှာသွင်ပြင်ကို ပိုင်းဆိုထားပါတယ်​။ အိမ်တော်ကို​ မြစ်​သုံးခုခွဆုံပြီး ခက်​ရင်းခွပုံစံဖြစ်​​နေတဲ့ ရေးဗားရန်း (Riverlands) လို့အမည်ရတဲ့ နေရာမှာ တည်ဆောက်ထားတာပါ။

Source: Pinterest

တူလီအိမ်​​တော်ဟာ​ ​အေဂွန်ဘုရင်​၏ ​​​ကျူး​ကျော်​မှုစစ်​ပွဲ ( War of Conquest ) အချိန်​တွင်​ ထင်​​ပေါ်​ကျော်​ကြားမှု စတင်​ရရှိခဲ့တာပါ။ အဲ့ဒီအချိန်တုံး​က တူလီအိမ်​​တော်​ရဲ့အရှင်​သခင်​တဦးဖြစ်တဲ့ အပ်​မိုင်​(ရ်​) တူလီ (Admyn Tully) သည်​ ​ရေးဗားလန်းနှင့်​ကျွန်းများ၏ဘုရင်​(King of Isles and Riverlands)  ဟာ​ရမ်းဘုရင် ​( Harren, the black ) ကို ပုန်​ကန်​ခဲ့ပါတယ်။ အပ်​မိုင်​(ရ်​) တူလီ (Admyn Tully) ဟာ ဒီပုန်ကန်မှုကို အေဂွန်ဘုရင် ရဲ့ကျူးကျော်စစ်ကို အထောက်အပံဖြစ်စေရန်ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

Source: Lrmonline

အပ်​မိုင်​(ရ်​)ဘုရင်ဟာ​ ​ရေးဗားရန်းမှာ ရှိတဲ့အကြီးအကဲတွေကို သူ့ရဲ့ဦးဆောင်မှုနောက်ကိုလိုက်ရန် စည်းရုံးနိုင်ခဲ့ပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ​အေဂွန်​ဘုရင်က အပ်​မိုင်​(ရ်​) ကို ​ရေးဗားရန်း​ဒေသ၏ အရှင်​သခင်​​အဖြစ်ခန့်အပ်လိုက်ပါတယ်​။

တူလီအိမ်​​တော်​ဟာ​ နှစ်​​ပေါင်းများစွာ ပြည်​​ထောင်စု​​ဖက်​မှ ရပ်​တည်​ပေးခဲ့တဲ့အိမ်တော်တခုဖြစ်ပါတယ်​။ ဒါပေမဲ့လည်း သူတို့ရဲ့သစ္စာရှိမှုဟာ သမိုင်းမှာ​ နာမည်​ဆိုးနဲ့ ကျော်​ကြားခဲ့​တဲ့ အနီ​ရောင်​လက်​ထပ်​အခမ်းအနား (Red Wedding ) ပြီးနောက်ပိုင်း ပျက်ပြယ်ခဲ့ရပါတယ်။ အခမ်းအနားပွဲမှာ ​ စတာ့စ်​အိမ်​​တော်​ရဲ့သခင်​ နက်​ဒ်​စတာ့ခ် (Ned Stark) ၏မိန်းမဖြစ်​သူ ကိပ်​သရင်း တူလီ (Catelyn Tully) အပါအဝင် လူတော်တော်များများကို ဖရေးအိမ်တော်က ရက်​ရက်​စက်​စက်​ သတ်​ဖြတ်​ခဲ့ခြင်းဖြင့်​ တူလီအိမ်​​တော်​အား စစ်​ပွဲထဲသို့ ဆွဲသွင်းခဲ့ပါတယ်။

Source: Geek-Universe-Cheezburger

တူလီ အိမ်​​တော်​၏ အထိမ်းအမှတ်​​သ​င်္ကေတဟာ အနီ​ရောင်​နဲ့အပြာ​ရောင်​​ရောထား​တဲ့ ​နောက်​ခံ​ပေါ်မှာ ကူးခတ်​​နေ​သော ထ​ရောက်​ငါး ပုံဖြစ်ပါတယ်။ တူလီအိမ်​​တော်​၏ ​ဆောင်​ပုဒ်​ကတော့​ မိသားစု၊ တာဝန်​၊ ဂုဏ်​သိက္ခာ ဖြစ်​ပါတယ်​။ သူတို့ရဲ့အ​ရေးကြီးဆုံး​သော အရာများအား အစဉ်​လိုက်​သတ်​မှတ်​ထားခြင်းဖြစ်​​ပါတယ်။