Chuando ဟာ စင်ကာပူနိုင်ငံသား ဓာတ်ပုံဆရာတယောက်ဖြစ်ပြီးတော့ သူ့ရဲ့ အရွယ်တင်နုပျိုခြင်းကြောင့် ကျော်ကြားထင်ရှားတဲ့သူတယောက်ပါ။ သူ့ကို ၁၉၆၇ မှာမွေးဖွားခဲ့ပြီးတော့ ခုလက်ရှိ အသက်က ၅၂ နှစ်ရှိပါပြီ။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရည်ကို ကြည့်လိုက်ရင် အသက်၂၀ ကျော်အရွယ်လို့ပဲ ထင်ရလောက်အောင် အရွယ်တင်နူပျိုနေပါတယ်။

သူ့ရဲ့လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲဆိုတာ အခု Kwee Page ကနေပြီးတော့ ပြောပြမှာပါ။

တစ်နေ့ကို မနက်စာအတွက် ကြက်ဥ ၆ လုံးစားတယ်

Source: © chuando_chuandoandfrey

လူတစ်ယောက်ရဲ့ ရုပ်ရည်နဲ့ခန္ဓာကိုယ်ကြံခိုင်မှုဟာ သူ့ရဲ့စားသောက်နေထိုင်မှုအပေါ်မှာ ၇၀% မှီခိုနေပြီးတော့ အားကစားလေ့ကျင်ခန်းလုပ်တဲ့အပေါ်မှာ ၃၀% မှီခိုနေပါတယ်။ ဒါကို Chuando တယောက်ကောင်းကောင်းကြီး နားလည်သဘောပေါက်ထားပုံရပါတယ်။

သူဟာမနက်စာအတွက် ကြက်ဥပြုတ် ၆ လုံးစားလေ့ရှိပါတယ်။ ဒါပေမဲ့ ကြက်ဥအနှစ်ကိုတော့ ၂ လုံးပဲစားပါတယ်။ ပြီးတော့ နွားနို့တစ်ခွက်နဲ့ တခါတလေ ထောပတ်သီးကို ဘယ်ရီသီးတွေနဲ့ရောဖျော်ပြီး သောက်လေ့ရှိပါတယ်။ နေ့လည်စာကိုတော့ ကြက်သားနဲ့ ထမင်း၊ ငါးဟင်းရည်နဲ့ အသီးအရွက်ကိုစားလေ့ရှိပါတယ်။

ရေခဲမုန့်ကတော့ သူ့ရဲ့အားနည်းချက်တခုဖြစ်ပြီး တခါတလေမှ စားလေ့ရှိပါတယ်။ သူဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ဆေးလိပ်နဲ့ အရက်ကို လုံးဝရှောင်ရှားလေ့ရှိပါတယ်။ ညစာအတွက်ကိုတော့ အစိမ်းရောင် အရွက်သုပ်တွေကိုပဲ စားလေ့ရှိပါတယ်။

တစ်နေ့ကို လေ့ကျင့်ခန်း မိနစ် ၉၀ လုပ်လေ့ရှိတယ်

Source: Brightside.me

Chuando ဟာ တစ်ပတ်ကို ကိုယ်ကာယ လေ့ကျင့်ခန်း ၄ ကြိမ်လုပ်ပါတယ်။ တခါတလေ အလုပ်များနေရင်တော့ အနည်းဆုံး တပတ်ကို ၃ ကြိမ်ထိ လုပ်လေ့ရှိပါတယ်။ Cardio လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိပြီးတော့ ပြေးစက်ပေါ်မှာ လမ်းလျှောက်လေ့ရှိပါတယ်။

သူဟာ နေ့စဉ် တစ်နာရီလောက် ရေကူးလေ့ရှိပါတယ်။

သူလုပ်ချင်တဲ့အရာကိုပဲ လုပ်တတ်တယ်

Source: © chuando_chuandoandfrey

ဒါက အရေးမပါတဲ့ အရာတခုလို့ သင်ထင်ပါလိမ့်မယ်။ ဒါက ငယ်ရွယ်နူပျိုစေဖို့အတွက် လျှို့ဝှက်ချက်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သင်လုပ်သမျှအရာအားလုံးက သင့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်အပေါ်သက်ရောက်မှုရှိလို့ပါပဲ။

“ကျနော်အလုပ်တွေ တော်တော်များများလုပ်ဖူးပါတယ်။ ဒါပေမဲ့ ကျနော်သဘောကျတဲ့ အလုပ်မတွေ့မချင်း တခုပြီးတခု ပြောင်းခဲ့တယ်။ ကျနော်လူတွေနဲ့ အဆက်အသွယ်လုပ်ရတာကြိုက်တယ်။ သူတို့ရဲ့ပုံတွေ ဓာတ်ပုံရိုက်ပေးရတာကိုလည်း သဘောကျတယ်။ တကယ်လို့ သင်လုပ်ချင်တာကို မလုပ်နေဘူးဆိုရင် ဒါက သင့်ကျန်းမာရေးအတွက်မကောင်းပါဘူး” ဆိုပြီး Chuando ကပြောထားပါတယ်။

Skincare တွေ သုံးလေ့မရှိဘူး

Source: rcs.co.za

Chuando ခွဲစိတ်ပြုပြင်မှုခံယူထားတယ်လို့ တချို့လူတွေက ပြောကြတယ်။ ဒါပေမဲ့ သူကတော့ “ကျနော်ဆီမှာ အရမ်းထိခိုက်လွယ်တဲ့ အရေးပြားရှိတယ်။ ဒါကြောင့် ကျနောနေ့စဉ်သုံးတဲ့ အလှပြင်ပစ္စည်းနှစ်ခုပဲရှိပါတယ်။ အဲ့ဒါက မျက်နှာသစ်ဆေးနဲ့ အလှဆီပါပဲ” ဆိုပြီး သူ့ရဲ့လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။

စောစောအိပ်လေ့ရှိတယ်

Source: © chuando_chuandoandfrey

သူဟာ ညအိပ်ယာ မဝင်ခင် ၅-၆ ကြားမှာ အစားစားလေ့မရှိပါဘူး။ ပြီးတော့ ည ၁၁ မတိုင်ခင်အိပ်ယာဝင်လေ့ရှိပါတယ်။ ညဖက်တွေမှာ တီဗီကြည့်တာတို့ ဖုန်းအသုံးပြုတာတွေ လုပ်လေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တာတွေက သူ့ရဲ့အိပ်ချိန်ကို အနှောင့်အယှက်ပေးလို့ပါ။ “ကျနော့ကိုယုံပါ။ စောစောအိပ်တာက ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်” ဆိုပြီး သူကပြောခဲ့ပါတယ်။

Chuando ရဲ့လျှို့ဝှက်ချက်တွေကတော့ ရိုးရှင်းလှပါတယ်။ သူလုပ်ချင်တဲ့အလုပ်ကို ရွေးလုပ်တယ်။ ကျန်းမာရေးနဲ့အညီ စားတယ်။ အိပ်ရေးဝဝအိပ်တယ်။ အားကစားလုပ်တယ်။ Jared Leto ၊ Chris Evans ၊ Margot Robbie တို့လို နာမည်ကြီးတဲ့သူတွေမှာလည်း အဆိုပါ အလေ့အကျင့်တွေကို တွေ့ရလေ့ရှိပါတယ်။ ကွီးတို့လည်း ဒီလို Lifestyle မျိုးကို ဘယ်လိုသဘောရပါသလဲ။