ကမ္ဘာကြီးဟာ အရောင်အသွေးစုံလင်လှတဲ့ နေရာတစ်ခုပါ။ ဒါပေမယ့် သင့်ရဲ့မျက်လုံးက ဘယ်အဆင့်ထိ မြင်နိုင်လဲဆိုတဲ့ပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာ လူတွေက အနီ၊အပြာ၊ အစိမ်း ရောင်တွေကိုသာ တုံ့ပြန်နိုင်စွမ်းရှိပြီးတော့ အဲ့ဒီကနေ တဆင့် တခြားအရောင်တွေကို တွေ့မြင်ခံစားနိုင်ကြတာပါ။ တိရိစ္ဆာန်တွေကျတော့ လူတွေနဲ့ မတူပါဘူး။ သူတို့ဟာ အရောင်တွေကို အကန့်အသက် နဲ့ပဲ မြင်တွေ့နိုင်ကြပါတယ်။

ဒီနေ့ kwee page တိရိစ္ဆာန်တွေရဲ့မျက်လုံးက ကမ္ဘာကြီးကို ဘယ်လိုမြင်ကြလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။

ငှက်

ငှက်တွေမှာ အရောင်တွေကိုမြင်နိုင်တဲ့ cone cells (၄) မျိုးပိုင်ဆိုင်ထားပါတယ်။ လူတွေမှာက cone cells (၃) မျိုးထဲရှိတာပါ။ ဒါကြောင့် ငှက်တွေဟာ လူတွေမြင်နိုင်တာထက် ပိုပြီး အရောင်တွေ မြင်နိုင်စွမ်းရှိကြတယ်။

လူတွေရဲ့မျက်လုံးနဲ့မမြင်နိုင်တဲ့ ခရမ်းလွန် ကိုတောင် မြင်နိုင်စွမ်းရှိကြတယ်။ ဥပမာ လူတွေကို ငှက်အမည်းရောင်ကို မြင်နေရပေမယ့် သူတို့အချင်းချင်းကျတော့ အရောင်အသွေးစုံလင်စွာ မြင်နေတတ်ကြတယ်။

ဆိတ်

ဆိတ်တွေမှာ ထောင့်မှန်စတုဂံပုံစံ သူငယ်အိမ်ရှိကြတယ်။ ဒါတွေက သူတို့ကိုဟာ ဘေးပတ်ဝန်းကျင်ကို ခေါင်းလှည့်ခြင်းမရှိပဲ မြင်နိုင်ကြတယ်။ သူတို့ရဲ့ သူငယ်အိမ်ဟာ မျက်လုံးထဲ ဝင်လာတဲ့ အလင်းကို ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် သူတို့ဟာ နေ့ဘက်ရော ညဘက်မှာရောကောင်း ကောင်းကြီး မြင်နိုင်ကြတာပါ။

ယုန်

ယုန်တွေဟာ အနီရောင်ကို မြင်နိုင်စွမ်းမရှိကြဘူး။ တိရိစ္ဆာန်တွေတော်တော်များများဟာလည်း အနီရောင်ကိုမြင်နိုင်စွမ်းမရှိကြပါဘူး။ ယုန်တွေမှာ လူတွေလိုပဲ သူငယ်အိမ်တည်ဆောင်ပုံချင်း တူညီကြတယ်။ ဒါပေမယ့် သူတို့ဟာ ပတ်ဝန်းကျင်ကို မှုန်မှုန်ဝါးဝါးသာ မြင်နိုင်စွမ်းရှိကြတယ်။

Source: Bright Side