ကွန်ပျူတာတွေနဲ့ အချိန်ကုန်ဆုံးရတာ ကြိုက်နှစ်သက်တဲ့ လူငယ်လေးသည် အခုဆိုရင် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတစ်ယောက်ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ထိုကမ္ဘာကျော် သူဌေးကြီးကတော့ အခြားသူမဟုတ်ပါဘူး Bill Gates ပဲဖြစ်ပါတယ်။ သူ့ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုသည် ဒေါ်လာ ၁၂၈.၁ ဘီလီယံဒေါ်လာတောင်ရှိတယ်လို့ သိရှိရပါတယ်။

သူသည် ယခုကဲ့သို့ ကြွယ်ဝချမ်းသာလာအောင် အောင်မြင်ကျော်ကြားလာအောင် ဘယ်လိုကြိုးစားခဲ့သလဲ။ ဘယ်အရာတွေက သူ့ကို တွန်းအားဖြစ်စေခဲ့သလဲ။

ဗဟုသုတများကို အမြဲတမ်းဆာလောင်မွတ်သိပ်နေလို့

How Bill Gates Built His Fortune

Photo: Cncb.com

Bill Gates သည် ကျောင်းတုန်းကဆိုလျှင် သူ တက်ရမယ့်အတန်းတွေအပြင် သူ စာရင်းမပေးသွင်းထားတဲ့ အတန်းတွေကိုလည်း လိုက်တက်တတ်သူတစ်ယောက်ပါ။ သူ့ရဲ့ ဗဟုသုတရှာမှီးလိုစိတ် အမြဲတမ်းသင်ယူလေ့လာလိုစိတ်သည် အောင်မြင်မှုသို့ တက်လှမ်းနိုင်အောင် ကူညီပေးတာပဲဖြစ်ပါတယ်။

သူ့မိဘတွေရဲ့ပံ့ပိုးမှုကို ရရှိခဲ့လို့

How Bill Gates Built His Fortune

Photo: People.com

Bill Gates သည် သူ့ရဲ့စံပြပုဂ္ဂိုလ်တွေက ဘယ်သူလဲလို့ အမေးခံရတဲ့အခါ သူ့မိဘတွေက သူ့အတွက်စံပြပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ Bill Gates ည် Harvard ကျောင်းကနေ ထွက်လိုက်ပေမယ့် သူ့မိဘတွေက သူ့ကို အပြစ်တင်တာမျိုးမရှိခဲ့ပါဘူး။ သူတို့သား Harvard ကနေ ကျောင်းထွက်တဲ့ ဆုံးဖြတ်ချက်သည် သူတို့မျှော်လင့်ထားခဲ့သလိုမျိုး မဟုတ်ခဲ့ပေမယ့် Bill Gates ဖြစ်ချင်တဲ့ အိပ်မက်ကိုတော့ အဆုံးထိ ပံ့ပိုးပေးသွားခဲ့ပါတယ်။

စာများများဖတ်လို့

How Bill Gates Built His Fortune

Bill Gates သည် စာဖတ်ရတာကို နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အားလပ်ချိန်တွေကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိပါတယ်။ သူ့လိုပဲ စာဖတ်ရတာကို နှစ်သက်သူများအတွက် ကောင်းတဲ့စာအုပ်တွေကို လမ်းညွှန်ပေးတဲ့ ကိုယ်ပိုင်ဘလော့ဂ်တစ်ခုတောင် ထောင်ထားပါသေးတယ်။

ကောင်းမွန်တဲ့ စီးပွားရေးလက်တွဲဖော်တစ်ယောက် ပိုင်ဆိုင်ထားလို့

How Bill Gates Built His Fortune

Photo: Geekwire

Allen နဲ့ Gates သည် ငယ်သူငယ်ချင်းတွေဖြစ်ပြီး Microsoft ကို ၁၉၇၅ ခုနှစ်မှာ နှစ်ယောက်သား အတူတူ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အတွဲညီညီ ကြိုးစားခဲ့ကြတဲ့နောက် သူတို့ရဲ့စီးပွားရေး လုပ်ငန်းသည် အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့အိပ်မက်အပေါ် ယုံကြည်မှုရှိလို့

How Bill Gates Built His Fortune

Bill Gates သည် အလယ်တန်းကျောင်းသားဘဝတုန်းက Seattle ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ၇ တန်းကျောင်းသားအရွယ်မှာတော့ ကွန်ပျူတာခန်းထဲသို့ ဝင်ရောက်ခဲ့ပါတယ်။ ကျောင်းက သူတို့ကို ကွန်ပျူတာ တတ်မြောက်အောင် သင်ကြားပေးရမယ့်အစား သူတို့ကိုယ်တိုင် ကွန်ပျူတာကို စိတ်တိုင်းကျ ထိတွေ့ကိုင်တွယ်အသုံးပြုနိုင်အောင် လွှတ်ထားပေးတာဖြစ်တယ်လို့ Bill Gates က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့အိပ်မက်သည် ထိုအချိန်ကစပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်မက်တွေကို အမှန်တကယ်ယုံကြည်ပြီး အောင်မြင်အောင် အကောင်အထည်ဖော်ရမယ်ဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကြောင့် Microsoft ဆိုတာကြီးသည် ယနေ့ထိတိုင် အောင်မြင်လာခဲ့တာဖြစ်ပါတယ်။

Source: Gobankingrates.com

Featured Image Source: Inc.com