ဆင်းရဲတဲ့လူတွေနဲ့ ချမ်းသာတဲ့သူတွေကြားမှာ ငွေကြေးဆိုင်ရာမတူကွဲပြားမှုတွေအများကြီးရှိပါတယ်။ ချမ်းသာတဲ့သူတွေဟာ သူတို့ရဲ့ငွေကြေးတွေကို ဘယ်လိုသုံးစွဲကြလဲဆိုတာ လူအများစုသိကြချင်ပါတယ်။ ပြီးတော့ ချမ်းသာတဲ့လူတွေဟာ ဘာကြောင့် ပိုပိုပြီးချမ်းသာလာကြတာလဲဆိုတာကိုလည်း အမြဲမေးခွန်းထုတ်လေ့ရှိကြပါတယ်။ ဒီမေးခွန်းကိုဖြေဖို့နဲ့စာဖတ်သူတို့အတုယူကျင့်သုံးနိုင်ဖို့ ဒီနေ့မှာတော့ ချမ်းသာတဲ့လူတွေကျင့်သုံးတဲ့ ငွေကြေးဆိုင်ရာ အလေ့အထတွေကိုလေ့လာကြည့်ရအောင်။

(၁) မှန်ကန်တဲ့ငွေကြေးသုံးမှုရှိကြတယ်

Source : iStock

မှန်ကန်တဲ့ငွေကြေးသုံးမှုဆိုတာ ဘယ်လိုမျိုးလဲ။ အဖြေကရှင်းပါတယ် လိုအပ်တဲ့နေရာမှာငွေကြေးသုံးစွဲဖို့ လက်မတွန့်ကြပေမယ့် မလိုအပ်တဲ့ ငွေကြေးဖြုန်းတီးမှုတွေကိုရှောင်ရှားတဲ့ နည်းလမ်းနဲ့ မှန်ကန်တဲ့ ငွေကြေးသုံးစွဲမှုကို ပြုလုပ်ကြတာဖြစ်ပါတယ်။ ဥပမာ ဒေါ်လာသန်းချီတဲ့ ပြိုင်ကား လေးငါးစီးဝယ်မယ့်အစား သူတို့ရဲ့ ကျန်းမာရေးအတွက် အာမခံထားဖို့ကို ပိုပြီးနှစ်သက်သဘောကျကြပါတယ်။

(၂) ရင်းနှီးမြုပ်နှံ့မှုတွေလုပ်တယ်

Source : Freepik

ငွေကြေးပိုင်ဆိုင်မှုကို ထပ်ဆင့်တိုးပွားစေတဲ့ နည်းလမ်းက ရင်းနှီးမြုပ်နှံခြင်းပါပဲ။ ရင်းနှီးမြုပ်နှံ့တဲ့နေရာမှာလည်း လုပ်ငန်းတစ်ခုအပေါ်ကိုပဲ ငွေတွေအားလုံးစုပုံအောလိုက်ခြင်းမဟုတ်ပဲ အာမခံချက်ခိုင်မာတဲ့လုပ်ငန်း သုံးလေးခုမှာ ရှယ်ယာဝင်တာ လစဉ်ဝင်ငွေရနေစေမယ့်လုပ်ငန်းတွေလုပ်ကိုင်တာ အိမ်ခြံမြေဝယ်ပြီး ငှားရမ်းတာတွေလုပ်ကြတာဖြစ်ပါတယ်။ လက်ရှိငွေကြေးကနေ နောက်ထပ်ဝင်ငွေထပ်မံတိုးဖို့အတွက် ငွေကြေးကိုပြန်လည်ရင်းနှီးတဲ့ နည်းကိုသုံးကြတာဖြစ်ပါတယ်။

(၃) လှူဒါန်းမှုတွေအတွက်ငွေသုံးတယ်

Source : Gerald Ryan Outreach Center

ကမ္ဘာပေါ်ကငွေကြေးချမ်းသာတဲ့ လူချမ်းသာတိုင်းဟာ သူတို့ရဲ့ ဝင်ငွေတွေကို လှူဒါန်းမှုတွေအတွက် ပြန်လည်သုံးတက်ကြပါတယ်။ ချမ်းသာတဲ့သူတွေဟာ တကယ်အကူညီလိုအပ်နေသူတွေနဲ့ ဆင်းရဲဒုက္ခရောက်နေသူတွေအတွက် ငွေကြေးသုံးစွဲဖို့ကိုလက်မတွန့်တက်ကြပါဘူး။ တစ်ချို့သော ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဆိုရင် မသေခင်မှာသူတို့ချမ်းသာတဲ့ စည်းစိမ်ဥစ္စာမှန်သမျှကို မိဘငယ်ကျောင်းများ ဆေးရုံများနှင့် အိမ်ခြေရာမဲ့လူတွေအတွက် အကုန်ပုံအောပြီး လှူဒါန်းတာမျိုးတွေကိုလုပ်ကြပါတယ်။

(၄) လွယ်လွယ်ရတဲ့ဝင်ငွေလမ်းကြောင်းကိုမရှာဘူး

Source : The Street

သာမာန်လူတွေ ထီးပေါက်ပြီး ချမ်းသာဖို့အကြောင်းတွေတွေးနေချိန်မှာ ချမ်းသာတဲ့သူတွေကတော့ အလုပ်ကိုနှစ်ဆပိုလုပ်ပြီး ဝင်ငွေတိုးလာဖို့ကိုပဲ လုပ်ဆောင်ကြပါတယ်။ သူတို့အတွက် လွယ်လွယ်ရတဲ့ငွေဆိုတာကို မကြိုက်သလို မျှော်လင့်ချက်လဲမထားကြပါဘူး။ ထို့နည်းတူပဲ ဝင်ငွေလွယ်လွယ်ရနိုင်တဲ့ လောင်းကစားနည်းနဲ့ ငွေရှာရတာကိုလည်း မကြိုက်ကြပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီးအမှန်တကယ်ကြိုးစားလို့ရလာတဲ့ ငွေကြေးချမ်းသာမှုကို ပိုလိုလားကြတာဖြစ်ပါတယ်။