ယုံကြည်ချက်ကိုယ်စီ ၊ ရည်မှန်းချက်ကိုယ်စီ ၊ လျှောက်လှမ်းနေကြသူတိုင်းဟာ နေ့ရက်တိုင်းမှာ အမျိုးမျိုးသော ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကို ရင်ဆိုင်ရတာကတော့ လူတိုင်းပါပဲ။ ဖိအားကင်းစင်တဲ့ ၊ စိတ်ဖိစီးမှုမရှိတဲ့ လူဆိုတာမရှိပါဘူး။ လူတိုင်းဟာ စိတ်ဖိစီးဒဏ်ကို ခံကြရစမြဲပါပဲ။
Source : Freepik
စိတ်ဖိစီးမှုဟာ အောင်မြင်မှုအတွက် အနှောင့်အယှက်ပါ။ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ ဆောင်ရွက်ဖို့ဆိုရင် စိတ်ဖိစီးမှုတွေရှိနေလို့မရပါဘူး။ စိတ်ဖိစီးမှုတွေရှိနေမယ်ဆိုရင် အောင်မြင်မှုရဖို့ နေနေသာသာ ကိုယ့်ရဲ့ တာဝန်တွေကိုတောင် ကျေပွန်အောင် ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။
စိတ်ကို ပေါ့ပေါ့ပါးပါးထားဖို့ လိုအပ်ပါတယ်။ ဘဝကို အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းဖို့ဆိုတာ စိတ်ပင်ပန်းမှုတွေ ကင်းဝေးပြီး လန်းဆန်းတက်ကြွနေဖို့ လိုပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာစေနိုင်တဲ့ နည်းလမ်းတွေက ဘာတွေဖြစ်မလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ပါဝင်စားမှုချင်း မတူပါဘူး။
Source : Freepik
ကိုယ့်ကို လွတ်လပ်ပေါ့ပါးစေမယ့် နည်းလမ်းတွေကို ရွေးပါ။ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းစေဖို့ ၊ ကိုယ့်ရဲ့ စိတ်တွေ ပေါ့ပါးအမျိုးမျိုးရှိတဲ့ အထဲက အလွယ်တကူလိုက်နာနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ မတူညီတဲ့ ဘဝတွေထဲက မတူညီတဲ့ ဖိစီးမှုတွေကို မောင်းထုတ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ စိတ်အစဉ်ကို ဖန်တီးလိုက်ပါ။ လွတ်လပ်ပေါ့ပါးမှု စိတ်အစဉ်ဆိုတာ ကိုယ့်ဆီမှာပဲ ရှိတာပါ။ ဘယ်တော့မှ တခြားနေရာကနေ ကိုယ့်လွတ်လပ်မှုကို ရှာဖွေဖို့ မကြိုးစားမိပါစေနဲ့။