ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ခန္ဓာကိုယ်ခုခံအားကို လျော့ကျစေပြီး ကျန်းမာရေးထိခိုက်စေတဲ့ မျက်စိနဲ့မမြင်နိုင်သော ဘက်တီးရီးယားပိုးမွှားများနဲ့ ဗိုင်းရပ်စ်ပိုးမွှားများက လေထဲမှာ ပျံ့နှံ့နေတာပါ။ ခုခံစွမ်းအားက ပြင်ပမှရောဂါပိုးများ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့အခါ တိုက်ဖျက်ပေးတာပဲဖြစ်ပါတယ်။ တကယ်လို့ ခုခံစွမ်းအားလျော့နည်းနေမယ်ဆိုရင်တော့ ဖျားနာခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ ခံစားရတော့တာပါပဲ။

ဒါ့ကြောင့် ကိုယ်ခံစွမ်းအားမြှင့်မားနေဖို့က အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ခုခံအား တိုးမြှင့်စေဖို့အတွက် လိုက်နာရမယ့်နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ကြက်သွန်ဖြူနဲ့ ပျားရည်

ပျားရည်က ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ Antioxidants နဲ့ အန်ဇိုင်းများ ကြွယ်ဝစွာပါဝင်ပြီး ကြက်သွန်ဖြူကတော့ ဗိုင်းရပ်စ်ပိုးများကို တိုက်ဖျက်ပေးတဲ့ သွေးဖြူဥဆဲလ်တွေကို ပွားများအောင် ပြုလုပ်ပေးပါတယ်။ ကြက်သွန်ဖြူ ၈ မြွှာကို ပျားရည် စားပွဲတင်ဇွန်း ၈ ဇွန်းခန့်နဲ့ ရောပြီး ၃ ရက် ၅ ရက်လောက် ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။ နောက်နေ့ကျမှ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီကို ကြက်သွန်ဖြူအနည်းငယ်ဖဲ့ပြီး တစ်ရက်တစ်ကြိမ်ခန့် စားသုံးပေးပါ။

နနွင်းမှုန့်နဲ့ ဂျင်းဖျော်ရည်

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ထောင်းထားတဲ့ ဂျင်းအနည်းငယ်နဲ့ ရောပြီးနောက် ရေနွေးနဲ့ဖျော်စပ်လိုက်ပါ။ အအေးခံပြီးနောက်မှာ တစ်ကျိုက်တည်းအကုန်သောက်လို့လည်း ရသလို၊ နည်းနည်းချင်းစီသောက်လည်း ရပါတယ်။ ပျားရည်နဲ့ သံပုရိုသီးတို့ထပ်ထည့်ပြီး အရသာကောင်းမွန်အောင် ပြုလုပ်နိုင်ပါသေးတယ်။

သံပုရိုရည်

သံပုရိုသီးက ဗီတာမင် စီဓာတ် မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို ကောင်းစွာမြှင့်တင်ပေးနိုင်ပါတယ်။ သံပုရိုသီး တစ်လုံးကို အရည်ညှစ်ပြီး ရေနွေးလေးနဲ့ ရောပြီး သောက်ပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အချဉ်ဓာတ်စားသုံးမှုနည်းတဲ့သူတွေအနေနဲ့ များများသောက်သုံးပေးဖို့လိုအပ်ပါတယ်။

Source: Brightside.me