အမျိုးသားများဟာလည်း အမျိုးသမီးများကဲ့သို့ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းတွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ စိတ်ဆင်းရဲတဲ့အခါ အမျိုးသားတွေ ဘယ်လိုအပြုအမူတွေ ပြုလုပ်တတ်ကြသလဲ။ ဒါကသိပ်နားလည်ရခက်တဲ့ကိစ္စရပ်တစ်ခုပါပဲ။

အေးစက်သွားတတ်ခြင်း

A Lonely Man Sitting at window

Photo : Medium

တစုံတယောက်အပေါ်နာကြည်းပြီ၊ တစုံတခုကြောင့်စိတ်ဖိစီးရပြီဆိုရင် ယောကျ်ားတွေရဲ့အမူအရာက အေးစက်ထုံထိုင်းလာတတ်ကြပါတယ်။ ယောကျ်ားအများစုဟာ ခံစားချက်တွေကိုရင်ထဲမှာပဲ မြိုသိပ်ထားတတ်ကြပြီး စိတ်ဖိစီးတဲ့အချိန်တွေကို ရင်ဆိုင်တတ်ကြပါတယ်။

ရင်မဖွင့်လိုခြင်း

 Man Lonely

Photo : The Guardian

အထူးသဖြင့် အမျိုးသားတွေဟာ သူတို့ကြုံတွေ့ခံစားနေရတဲ့စိတ်ဖိစီးမှုတွေကို တစုံတယောက်ကို ရင်ဖွင့်ပြောပြဖို့ အရမ်းဝန်လေးတတ်ကြပါတယ်။ တစ်ယောက်ထဲကြိတ်ခံစားပြီး စိတ်ဆင်းရဲမှုကိုကျော်လွှားချင်ကြပါတယ်။

တိတ်တဆိတ်နေတတ်ခြင်း

 Lonely Man

Photo : WallpaperBetter

အမျိုးသားတွေဟာ တခါတခါမှာ အတော်ထူးဆန်းတတ်ကြပါတယ်။ သူတို့ရဲ့စိတ်ခံစားချက်ကို အလွယ်တကူသိရှိနားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စိတ်ဖိစီးမှုတွေနဲ့ကြုံလာတဲ့အခါမှာ အမျိုးသားအများစုဟာ တစ်ယောက်ထဲတိတ်ဆိတ်စွာနေရတာကို ပိုသဘောကျတတ်ကြပါတယ်။

Featured Photo : Vocal