အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲပြီးကာမှ ပြန်ဆက်ကြတဲ့ချစ်သူတွေအများကကြီးရှိပါတယ်။ ဒီနေ့မှာတော့ သင်နဲ့လမ်းခွဲထားတဲ့သင့်ရည်းစားဟောင်းက ပြန်တွဲချင်ရင် လုပ်တတ်လေ့ ရှိတဲ့ အပြုအမှုလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။

(၁) အရင်အချိန်တုန်းက အကြောင်းတွေပြန်ပြောမယ်

Warm toned portrait of modern young couple talking to each other sincerely while sitting on floor in cozy home interior, copy space

ဒါကတော့ ရည်းစားဟောင်းက ကိုယ်နဲ့ ပြန်တွဲချင်နေတာ အသေချာဆုံးအချက်ပါ။ အရင်တွဲနေတဲ့ အချိန်တုံးက ပြောစရာ အကြောင်းတွေ ပြန်ပြောပြနေတာက သင့်အပေါ် မှာ ခံစားချက်တွေ ရှိတယ်ဆိုတာ ထုတ်ဖော်ပြနေသလိုပါပဲ။

(၂) ပုံမှန်အဆက်အသွယ်လုပ်မယ်

Young happy couple talking together outdoor

ပုံမှန် အဆက်အသွယ်လုပ်တာက ဘာမှမထူးဆန်းပါဘူး။ ဒါပေမယ့် စကားစပြောတဲ့သူက သူပဲအမြဲတမ်းဖြစ်နေမယ်၊ နောက်ကျတဲ့ အချိန်မှာ စကားလာပြောနေမယ် ဆိုရင်တော့ သူက သင့်အပေါ် စိတ်ဝင်စားနေသေးတယ်ဆိုတာ ယူဆလို့ရပါတယ်။

(၃) မနာလိုစိတ်ရှိတာ

Young woman and man talking

သူနဲ့ကိုယ်နဲ့က ဘာမှမဆိုင်တော့ပါဘူး။ သင့်ရဲ့ personal life ကလည်း သူနဲ့ မဆိုင်ဘူး။ဒါကို သူက သင့်အပေါ်မှာ မနာလိုစိတ်တွေ ရှိနေအုန်းမယ်ဆိုရင်တော့ သေချာပါတယ်။ ဒါက သင်နဲ့ ပြန်တွဲချင်နေတဲ့ အချက်ပါပဲ။

(၄) ကိုယ့်ရဲ့ နေ့စဉ် ဘဝကို ဆွေးနွေးနေမယ်

Unhappy woman talking to her boyfriend

ကိုယ့်ရဲ့ နေ့စဉ်ဘဝက သူနဲ့ မဆိုင်ပါဘူး။ သူက ကိုယ့်ရဲ့ ချစ်သူရည်းစားမှ မဟုတ်တော့တာ။ ဒါဆို ဘာလို့ သူနဲ့ မဆိုင်တဲ့ အကြောင်းတွေကို လာမေးနေမှာလဲ။ အဖြေကတော့ ရှင်းပါတယ်။ သူက သင့်အပေါ် ဂရုစိုက်နေသေးလို့ပါ။

(၅) သင့်ရဲ့ သူငယ်ချင်း၊မိသားစုတွေနဲ့ အဆက်အဆံ ရှိနေမယ်

Happy couple enjoying a coffee at the coffee shop

ကိုယ်နဲ့ မဆိုင်တော့တဲ့ သူတယောက်ရဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုနဲ့ အဆက်အသွယ် လုပ်စရာမရှိပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ ရည်းစားဟောင်းရဲ့ အပေါင်းအသင်းတွေနဲ့ပေါ့။ ဒါပေမယ့် သူက ဒါကို လုပ်နေတယ်ဆိုရင်တော့ သေချာပါတယ်။ သူက သင့်ရဲ့ အပေါင်းအသင်းတွေနဲ့မိသားစုတွေဆီကနေတဆင့် သင့်ဆီကို ပြန်လည်ချည်းကပ်ဖို့ ကြိုးစားနေတာပါ။

Photo : Shutterstock