အားလပ်လို့ပဲ ဖြစ်ဖြစ် ၊ အလုပ်ကိစ္စ ရှိလို့ပဲ ဖြစ်ဖြစ် ခရီးသွားရမယ်ဆိုရင် သယ်သွားရမယ့် အဝတ်အစားစာရင်းက ယောင်္ကျားလေးတွေအတွက် ခေါင်းစားစရာပါ။ ခရီးသွားခါနီး အဝတ်အစားရွေးချယ်ရာမှာ ရာသီဥတုကိုလည်း ကြည့်ရသလို သွားမယ့်နေရာနဲ့ လိုက်ဖက်မလားဆိုတာပါ စဉ်းစားရပါတယ်။ ဒီတော့ ယေဘုယျအမြင်နဲ့ ခရီးသွားဖက်ရှင်ကို ဘယ်လိုရွေးချယ်ကြမလဲဆိုတာ ခေါင်းမရှုပ်ရအောင် ဒီဆောင်းပါးကနေ အကြံပြုလိုက်ပါတယ်။

(၁) ကာလာရွေးမှု သတိပြုပါ

Photo: smartertravel

ခရီးသွားမယ်ဆိုရင် ကိုယ့်အဝတ်အစားရဲ့ အရောင်ကို သေချာရွေးချယ်ပြီး ထည့်သွင်းသွားဖို့ လိုပါတယ်။အောက်ပိုင်းမှာ Dark Color လို့ ခေါ်တဲ့ အရောင်ရင့်ရင့်တွေ ဝတ်မယ်ဆိုရင် အပေါ်မှာ အရောင်လွင်ပြီး ပေါ့ပါးတဲ့ Shirt နဲ့ Tees တွေ ဝတ်ဆင်သင့်ပါတယ်။
ခရီးထွက်တုန်း ဝတ်မယ့် အဝတ်အစားအရောင်ကို Plain Color တွေ ရွေးတာ ပိုကောင်းပါတယ်။ Solid-Shade ကာလာဟာ နေရာတိုင်း သုံးလို့ရပြီး Chino တို့ Jeans တို့က ခရီးသွားချိန် ဝတ်ဖို့ အသင့်ဆုံးပါပဲ။

(၂) အရည်အသွေးမြင့် ရှပ်တွေ ယူသွားပါ

Photo: travelfashiongirl

သင့်ရဲ့ ခရီးဆောင်အိတ်ထဲမှာ အဝတ်အစားတွေ အများကြီး မလိုပါဘူး။ High-Quality Shirt နည်းနည်း ထည့်သွားဖို့ပဲ လိုပါတယ်။ Well-Fit ဖြစ်တဲ့ အမျိုးသားဝတ် ပိုလိုရှပ်တွေကတော့ နေရာမရွေး ဝတ်လို့ရလို့ ခေါင်းရှုပ်ခံစရာ မလိုပါဘူး။ ကော်လာပါ ရှပ်တွေကတော့ စားသောက်ဆိုင်တွေနဲ့ ကလပ်တွေမှာ ဝတ်ဖို့ ပိုပြီး သင့်လျော်ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားမယ်ဆိုရင် Suit လေးတစ်စုံလောက် ထည့်သွားသင့်ပါတယ်။

(၃) ဂျာကင်ဆောင်ပါ

Photo: Vanacci

ခရီးသွားချိန်မှာ ရာသီဥတုဆိုတာ ပုံသေတွက်လို့ မရပါဘူး။ အကောင်းဆုံးက ဂျာကင်တစ်ထည်တော့ အလွယ်ကလေး ဆောင်သွားဖို့ပါပဲ။ ဂျာကင်ကိုမှ Casual ပဲ ဖြစ်စေ လယ်သာဂျာကင်ဖြစ်စေ ယူသွားတာက ဖက်ရှင်လည်း ကျသလို ခရီးထွက်ရတဲ့ Feel ပါ အပြည့်ရစေနိုင်လို့ ဖြစ်ပါတယ်။

(၄) Accessory တွေ မမေ့ပါနဲ့

Photo: adventuresfrugalmom

ခရီးဆောင်ပစ္စည်းတွေလည်း ခရီးသွားရင် ထည့်သွားဖို့ လိုပါတယ်။ ခရီးသွားရင်း ဖက်ရှင်ကျချင်တယ်ဆိုရင် နေကာမျက်မှန် ၊ ဦးထုပ် ၊ နာရီနဲ့ လက်ဝတ်ရတနာ စတဲ့ အသုံးအဆောင်လေးတွေ ကိုယ့်အိတ်ထဲ မပါမဖြစ် ပါသွားဖို့လည်း သတိရသင့်ပါတယ်။ နောက်တစ်ခုက မျက်နှာသစ်ဆေး ၊ နေလောင်ကာခရမ်နဲ့ ခေါင်းလိမ်းဆီ စတဲ့ Grooming Products တွေလည်း ထည့်သွားရမှာပါ။