အားကစားလုပ်ဖို့ Gym သွားတာပဲ။ Catwalk လျှောက်တာမှ မဟုတ်တာလို့ ပြောကြမှာပါ။ ဒါပေမယ့် သင်သာ သင့်ရဲ့ ပုံစံကို မြှင့်တင်ချင်တယ်ဆိုရင် ဘယ်သွားသွား သင့်ဖက်ရှင်ကို သတိထားဖို့တော့ လိုပါတယ်။

Gym ရုံသွားတယ်ဆိုတာ ကြွက်သားတွေ ကြီးလာအောင် ၊ ဘော်ဒီအချိုးအစား ကျအောင် လုပ်တာတော့ မှန်ပါတယ်။ တစ်ဖက်မှာလည်း အားကစားလုပ်နေတုန်း သင့်ကိုယ်သင်လည်း စိတ်တိုင်းကျ စတိုင်မိနေအောင် ဂရုစိုက်တာ မမှားပါဘူး။ Gym ဆိုတာ လူပေါင်းစုံ လာပြီး ကျန်းမာရေးလုပ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Photo: Under Armour

အဲဒီနေရာမှာ သင်ဟာ စီးပွားဖက်တွေ ၊ မိတ်ဆွေသစ်တွေ နဲ့ အဆက်အသွယ်သစ်တွေပါ ရနိုင်ပါတယ်။ ဒီတော့ အဲဒီလို အလွှာပေါင်းစုံက လူတွေနဲ့ တွေ့ကြုံရာမှာ ကိုယ့်အပေါ် အထင်အမြင်ကောင်းစေဖို့ ဝတ်စားဆင်ယင်ပုံကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါနေပါတယ်။ တစ်ပတ်နဲ့ တစ်ပတ် ဝတ်စားတဲ့ ပုံစံကိုလည်း အလျင်းသင့်သလို ပြောင်းပြောင်းပေးရမှာပါ။

အားကစားလုပ်သူတွေအနေနဲ့ အပေါ်မှာ တီရှပ်လက်တို ဝတ်သင့်ပါတယ်။ တစ်ပတ်နဲ့ တစ်ပတ် မထပ်အောင် Short Sleeve T-Shirt ၊ Long Sleeve Tee နဲ့ ပိုလိုရှပ်တွေ တစ်လှည့်စီ ဝတ်ဆင်သင့်ပါတယ်။ ဒီအဝတ်အစားတွေဟာ အားကစားလုပ်ချိန်မှာ ပေါ့ပါးတဲ့အပြင် လူရဲ့ ဖက်ရှင်အပြင်အဆင်ကိုလည်း အဆင့်မြှင့်ပေးနိုင်ပါတယ်။

အောက်မှာ ဝတ်ဖို့အတွက်ကတော့ ဘောင်းဘီတိုက အကောင်းဆုံးပါ။ Joggers တွေလည်း ဝတ်လို့ကောင်းပေမယ့် ရာသီဥတုပူချိန်မှာတော့ ဘောင်းဘီတိုဝတ်တာအကောင်းဆုံးပါ။ Swimming နဲ့ Smart နှစ်မျိုးစပ် ဘောင်းဘီတိုတွေကလည်း Gym ခန်းမှာ ဝတ်လို့ကောင်းတဲ့ ဖက်ရှင် ဖြစ်ပါတယ်။ အားကစားဖိနပ်အနေနဲ့ သက်တောင့်သက်သာရှိပြီး သွက်လက်ပေါ့ပါးတဲ့ Converse Shoes လိုမျိုး ဝတ်သွားသင့်ပါတယ်။

Photo: istock

Gym သွားမယ်ဆိုရင် ပါသွားတဲ့ အားကစားဝတ်စုံနဲ့ ပိုက်ဆံအိတ် ၊ ဖုန်း ၊ မျက်နှာသုတ်ပုဝါ ၊ ရေဗူးစတဲ့ အသုံးအဆောင်တွေ ထည့်ဖို့ Gym bag တစ်လုံးပါ ယူသွားသင့်ပါတယ်။ Gym Bag တစ်လုံးဟာ သင့်ရဲ့ အသုံးအဆောင်ပစ္စည်းတွေ ထည့်ဖို့တင် အသုံးကျတာ မဟုတ်ဘဲ သင့်ရဲ့ ထူးခြားမှုကိုပါ ဖော်ပြနိုင်တာကြောင့် ဖြစ်ပါတယ်။