အာဂျင်တီးနားတောင်ပံကစား ဒီမာရီယာဟာ ၂၀၁၄ ခုနှစ်မှာ စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းကနေ မန်ယူအသင်းကို ပေါင် (၅၉.၇) သန်းနဲ့ ပြောင်းရွှေ့ကစားခဲ့တဲ့သူပါ။ ဒီပြောင်းရွှေ့ကြေးဟာ အဲ့ဒီအချိန်တုံးက မန်ယူရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီမာရီယာဟာ မန်ယူအသင်းတွင် ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေခဲ့ပြီး အသင်းအတွက် (၃၂) ပွဲ ကစားပေးခဲ့ကာ (၄) ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အထိခြေစွမ်း ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့် မန်ယူဟာ အဆိုပါကစားသမားကို ၂၀၁၅ ခုနှစ် ပြင်သစ်ကလပ် PSG အသင်းထံ ပေါင် (၄၄) သန်းနဲ့ အရှုံးခံ ရောင်းချခဲ့ပါတော့တယ်။

Source: TeamTalk

ဒီမာရီယာဟာ PSG အသင်းမှာတော့ ခြေစွမ်းပြဂိုးတွေ သွင်းယူနေပါတယ်။ အဆိုပါကစားသမားဟာ မန်ယူအသင်းကို အခဲမကြေပဲ မုန်းတီးနေတဲ့သူလည်းဖြစ်ပါတယ်။

PSG အသင်းဂိုးသမား ဘူလ်ကာက အသင်းဖော် ဒီမာရီယာသည် မန်ယူအသင်းကို အလွန်မုန်းတီးပြီး တီဗွီတွင် မန်ယူအကြောင်း တစ်ခြားလှိုင်းကို အလျင်အမြန် ပြောင်းပစ်တတ်ကြောင်း ပြောကြားထားပါတယ်။

ဒီမာရီယာသည် မန်ယူအသင်းကသူ့ကို အချိန်မပေးဘဲ ရောင်းချခဲ့သည့်အတွက် မန်ယူအသင်းကို အလွန်မုန်းတီးကြောင်း ဘူလ်ကာက YouTube channel တစ်ခုဖြစ်သည့် Foot Truck နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Source: Sports Mole

“ဒီမာရီယာဟာ မန်ယူအသင်းကို အရမ်းမုန်းတီနေပါတယ်။ သူဟာ မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရတာကြောင့် အသင်းနဲ့ပတ်သက်ပြီး သူ့အတွက် ပျော်စရာအဖြစ်အပျက်ဆိုတာမရှိသလောက်ပါပဲ။ ဒါကြောင့်ပဲ ဒီမာရီယာဟာ တီဗွီမှာ မန်ယူနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ တစ်ခုခုလာပြီဆိုတာနဲ့ တစ်ခြားလှိုင်းတခုခုကို အမြန် ပြောင်းပစ်တော့တာပါပဲ”ဟု ဘူလ်ကာက ပြောကြားခဲ့ပါတယ်။

ဒီမာရီယာသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် မန်ယူအသင်းနှင့် အိုးလ်ထရက်ဖို့ဒ်၌ ကစားခဲ့သည့်ပွဲတွင်လည်း မန်ယူအသင်းပရိသတ်များ၏ အော်ဟစ်လှောင်ပြောင်မှုခံခဲ့သလို၊ ရေဘူးများဖြင့် ပစ်ပေါက်မှုများကိုပါ ခံခဲ့ရကြောင်း သိရသည်။

Source: Mirror

ဒီမာရီယာကလည်း အသင်းဖော်တွေ မန်ယူအသင်းဘက် ဂိုးသွင်းပြီးတဲ့အချိန်မှာ မန်ယူပရိသတ်တွေ ဘက်လှည့်ကာ ဆဲရေးတိုင်းထွာခဲ့ပါသေးတယ်။ အဆိုပါ ကစားသမားဟာ မန်ယူအသင်းကို အတော် မျက်မုန်ကြိုး မုန်းတီးနေပုံပါပဲ။