အမေရိကန်မှာ ဒေါ်လာ (၁) သန်းခန့်ပိုင်ဆိုင်တာနဲ့တောင် လူချမ်းသာစာရင်းထဲ မဝင်ပါဘူး။ စစ်တမ်းကောက်မှုအတွေအရ လူတွေပြောတဲ့ ပမာဏဟာ ပျှမ်းမျှ ပိုင်ဆိုင်မှု ဒေါ်လာ (၂.၃) သန်းရှိပါတယ်။

Source: 951 WAYV
အသက်ကြီးလေလေ သက်မှတ်နှုန်းက ပိုမြင့်လေလေပါပဲ။ အသက် (၅၅) နှစ်ကနေ (၇၃) နှစ်ကြားလူတွေဟာ လူချမ်းသာတစ်ယောက်အနေနဲ့ သတ်မှတ်ခံရဖို့ဆိုရင် ပျမ်းမျှအားဖြင့် အသားတင် ဒေါ်လာ (၂.၆) သန်းထိ ရှိဖို့ လိုအပ်ပါတယ်။ အသက် (၉) နှစ်ကနေ (၂၂) နှစ်ကြား သို့ (၁၈) နှစ် ကနေ (၂၂) နှစ်အထိ လူတွေကတော့ ပျမ်းမျှအားဖြင့် ဒေါ်လာ (၁.၁) သန်း ရှိဖို့လိုပါတယ်။ ဒါပေမဲ့လည်း ချမ်းသာတာနဲ့ ပတ်သက်ပြီးခံယူပုံချင်းက မတူညီကြပါဘူး။

Source: BluePointe Capital Management
တစ်ချို့သော လူချမ်းသာတွေကတော့ သူတို့ရဲ့ ချမ်းသာမှုကို ငွေကြေးနဲ့ တိုင်းတာခြင်းမပြုကြဘဲ သူတို့ရဲ့ ဘဝရှင်သန်မှုဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အမေရိကန်မှာနေထိုင်သူ (၆၀) ရာခိုင်နှုန်းဟာ (၁) နှစ်ကနေ (၁၀) နှစ်အတွင်း ချမ်းသာအောင်အစီအစဉ်ဆွဲထားကြတာကြောင့် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စိုးရိမ်ခြင်းမရှိကြဘူးလို့ ဖော်ပြထားပါတယ်။ တချို့လူတွေက ချမ်းသာမှုကို ငွေကြေးနဲ့ တိုင်းတာကြလေ့ရှိပါတယ်။

Source: Livemoney
ဒါပေမယ့်လည်း တချို့လူတွေကျပြန်တော့လည်း ချမ်းသာမှုကို ငွေကြေးနဲ့ မဟုတ်ဘဲ ဘဝရှင်သန်ပုံနဲ့ တိုင်းတာကြပါတယ်။ ပထမအချက်တွေလိုပဲ ချမ်းသာမှုကို အသက်အရွယ်ဘယ်လောက်မှာ ငွေကြေးဘယ်လောက်ရှိမှ ချမ်းသာတယ်လို့ တိုင်းတာကြမှာလား။ ဒါမှမဟုတ် ချမ်းသာမှုကို တည်မြဲခြင်းမရှိတဲ့ငွေနဲ့ မဟုတ်ဘဲ အသက်ရှင်ပုံစံနဲ့ တိုင်းတာကြမလား။ လူချမ်းသာဆိုတာ ငွေကြေးတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ စိတ်ရောကိုယ်ရော ချမ်းသာဖို့သာဖြစ်ပါတယ်။
