ကိုယ်အလေးချိန်ကျဖို့အတွက် ပြင်းထန်တဲ့အားကစားပြုလုပ်ခြင်း၊ Gym သွားပြီး အလေ့မခြင်းအပြင် အစားအသောက်ကိုလည်း ချင့်ချိန်ပြီး စားကြရပါတယ်။ အဲ့ဒီနည်းလမ်းတွေကပဲ ဝိတ်ကျဖို့အတွက် ထိရောက်မှုရှိတဲ့နည်းလမ်းတွေလို့ ထင်တတ်ကြတာပါ။ နေ့စဉ်လမ်းမှန်မှန်လျှောက်ခြင်းက ဝိတ်ကျစေတယ်လို့ တစ်ခါမှ မထင်မိကြပါဘူး။

ဒါပေမဲ့ ဒီဆောင်းပါးလေးဖတ်ပြီးတဲ့နောက်မှာ လမ်းလျှောက်ခြင်းက ဘယ်လောက်တောင်အစွမ်းထက်လဲဆိုတာ သိသွားမှာဖြစ်ပါတယ်။

လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်ပြီး ဝိတ်ချချင်တယ်ဆိုရင်တော့ ခြေလှမ်းတွေကို တိကျစွာရေတွက်ထားမယ့် အက်ပလီကေးရှင်းတစ်ခုတော့ ဖုန်းထဲမှာ ထည့်ထားသင့်ပါတယ်။ ဒါဆိုရင် ခြေလှမ်းအရေအတွက် အမှတ်မှားတော့မှာမဟုတ်ပါဘူး။

Source: freepik.com

၁.၆ ကီလိုမီတာ အကွာအဝေးလျှောက်တဲ့အခါ ယေဘုယျအားဖြင့် ခြေလှမ်း အလှမ်း ၂၀၀၀ လှမ်းရပါတယ်။ ဒီခြေလှမ်းအတွက် ကယ်လိုရီလောင်ကျွမ်းနှုန်းကတော့ ၁၀၀ ကီလိုကယ်လိုရီပဲဖြစ်ပါတယ်။ ၁၁၂ ကီလိုမီတာ လမ်းလျှောက်မယ်ဆိုရင်တော့ ခြေလှမ်း ၁၄၀,၀၀၀ လှမ်းရမှာဖြစ်ပြီး ၇၀၀၀ ကီလိုကယ်လိုရီ လောင်ကျွမ်းနိုင်ပါတယ်။

လမ်းများများလျှောက်ဖြစ်အောင် ဘယ်လိုလေ့ကျင့်ရမလဲ။

Source: freepik.com

ဟိုနား ဒီနားခရီးတိုသွားတဲ့အခါ ကားမောင်းမသွားဘဲ၊ ဘတ်စ်ကားစီးမသွားဘဲ လမ်းလျှောက်သွားကြည့်ပါ။ ကလေးတွေကို ကျောင်းအကြိုအပို့ ပြုလုပ်ပါ။ ဓာတ်လှေကား၊ စက်လှေကား အသုံးမပြုဘဲ ရိုးရိုးလှေကားနဲ့ပဲ အတက်အဆင်းပြုလုပ်ပါ။ အိမ်က ခွေးကလေးကို ညနေ (သို့) မနက်ပိုင်းမှ လမ်းလျှောက်ထွက်ပေးပါ။

လမ်းလျှောက်ရတာ ပျော်ဖို့ကောင်းအောင် ဘယ်လိုလုပ်ရမလဲ။

Source: pinterest.co.uk

လမ်းလျှောက်ရတာ မပျင်းရအောင်လို့ အဖော်အပေါင်းတွေနဲ့ လမ်းလျှောက်ထွက်ပါ။ ဒါမှမဟုတ် သီချင်းလေးနားထောင်ရင်း လမ်းလျှောက်ပါ။ ပြီးတော့ တူညီတဲ့လမ်းတစ်ခုတည်းမှာ နေ့တိုင်းလျှောက်မယ့်အစား ကိုယ်မသိတဲ့ လမ်းပေါ်လျှောက်သွားရင်း လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။

လမ်းလျှောက်ထွက်တဲ့အခါ လိုက်နာရမယ့် အချက်များ

Source: videoblocks.com

လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာရှိတဲ့အဝတ်အစားများသာ ဝတ်ဆင်ပါ။ ကျပ်ထုပ်နေတဲ့ အင်္ကျီ၊ ဘောင်းဘီတွေ မဝတ်ပါနဲ့။ ပြီးတော့ ရေဘူးတစ်ဘူးအမြဲတမ်းဆောင်သွားပါ။ လမ်းလျှောက်တဲ့အခါမှာ ရေဓာတ်ဆုံးရှုံးသွားတဲ့အတွက်ကြောင့် ရေခဏခဏသောက်ပေးဖို့လိုပါတယ်။ ဒါပေမဲ့ ရေကို တစ်ကျိုက်တည်းနဲ့ အမောတကောသောက်သုံးခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။