T-Shirt ဆိုတာ အမျိုးသားတွေ အဝတ်အများဆုံး အင်္ကျီတစ်မျိုးဖြစ်ပါတယ်။ ပေါ့ပါးပြီး ကရိကထနည်းတဲ့အပြင် ဝတ်လို့လည်း ကောင်းတာကြောင့် အမျိုးသားအများစုရဲ့ ပင်တိုင်ဝတ်စရာလို့လည်း ဆိုနိုင်ပါတယ်။ ပုံမှန်အားဖြင့် T-Shirt ဝတ်ရာမှာ Fitting ကျဖို့ကလွဲရင် ဘာစည်းမျဉ်းမှ မလိုပါဘူး။ ဒီတော့ တီရှပ်တစ်ထည် ကိုယ်နဲ့ ဘယ်လိုဆိုရင် ဆိုဒ်မှန်သလဲသိရအောင် အလွယ်ကြည့်လို့ရမယ့်နည်းတချို့ မျှဝေပေးချင်ပါတယ်။

(၁) လည်ပင်းပေါက်

Photo: ashleyweston

လည်ပင်းပေါက်ဆို Crew Necks လို့ ခေါ်တဲ့ လည်ဝိုက် အဝတ်များကြပါတယ်။ Crew Neck ဆို လည်ပင်းတစ်ဝိုက် သိပ်မကျပ်ဖို့နဲ့ သိပ်မချောင်ဖို့ဘဲ လိုပါတယ်။ Crew Neck ဝတ်ရင် ပုခုံးပေါ်တာနဲ့ လည်ပင်းပေါက် ချောင်လွန်းတယ်လို့ ပြောနိုင်ပါတယ်။

V-Neck ပုံစံ လည်ပင်းပေါက်တွေဆို သိပြီး V ပုံစံ အောက်ချိုင့်လွန်းတာကို မရွေးမိစေဖို့ လိုပါတယ်။ ရင်ညွှန့်အချိုင့်ထိ ရောက်နေတဲ့ V ပုံစံ ကော်လာတွေက Loose ဖြစ်လွန်းနေတာပါ။ ဂျိုင်းဆက်ကနေ စိတ်မှန်းနဲ့ မျဉ်းဖြောင့်ဆွဲပြီး တိုင်းကြည့်ရင် V ပုံစံ လည်ပင်းပေါက်နဲ့ တစ်ပြေးညီ ဖြစ်ရင် Fit ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။

(၂) လက်

Photo: ashleyweston

T-Shirt လက်မောင်းဟာ သိပ်မကျပ်သင့်ပါဘူး။ လက်မောင်းအိုး သိပ်ချောင်နေတာကလည်း လက်အရွယ်အစားပါ အချိုးမကျသလို ခံစားရစေနိုင်ပါတယ်။ လက်မောင်းအနားအနေနဲ့ လက်မောင်းကြွက်သားအလယ်နားလောက်မှာ အနားသတ်သင့်ပါတယ်။

(၃) ခါး

Photo: ashleyweston

ဆိုဒ်မှန်တဲ့ တီရှပ်လုံးပတ်ဆိုတာ ဝတ်ကြည့်ရင် ဝိုက်ကနေ အများဆုံး လွတ်နေတဲ့ နေရာအကျယ်ဟာ ၁ လက်မနဲ့၂ လက်မအကြားပဲ ရှိသင့်ပါတယ်။ ဒါက ဘယ်ဘော်ဒီအမျိုးအစားအတွက်မဆို ဖြစ်ပါတယ်။ ခါးအနေနဲ့ တီရှပ်ခါးအနားသတ်ဟာ တင်ပါးဆုံရိုးအပေါ်နားနဲ့ အလယ်အကြားမှာ ရှိသင့်ပါတယ်။ အောက်ဘက်ကျသွားရင်လည်း ခါးဆိုဒ် ရှည်လျားလွန်းပြီး တင်ပါးဆုံရိုးအပေါ် တက်သွားရင်လည်း ခါးတိုတတ်လို့ ဖြစ်ပါတယ်။