အမျိုးသားတွေ အဝတ်အများဆုံး ဘောင်းဘီအမျိုးအစားတစ်ခုက Jeans ဖြစ်ပါတယ်။ Jeans တွေ အဝတ်များလို့ Jeans ဘောင်းဘီဝယ်ရင် ကိုယ့်ခါးဆိုဒ်နဲ့ တော်ဖို့ အလွယ်သိနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

အမှန်တော့ Jeans ကို Casual Style တစ်ခုအနေနဲ့ ဝတ်ကြတာဆိုပေမယ့် တချို့ Smart Casual ကျကျ ဝတ်ရမယ့်အချိန်မျိုးမှာလည်း Jeans ဖက်ရှင်မျိုး ဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘယ်အဝတ်အစားဝတ်ဝတ် အခြေခံအကျဆုံး စတိုင်စည်းမျဉ်းက ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ်ဝတ်တဲ့ အဝတ်အစား ကွက်တိကျနေဖို့ လိုပါတယ်။ဒီသဘောတရားကို Jeans ဘောင်းဘီတွေ ဝယ်ရာမှာလည်း သုံးဖို့ မမေ့ပါနဲ့။

man with black jean trouser

Photo: ashleyweston

ဝတ်လိုက်တိုင်း အဆင်ပြေနေတဲ့ ဘောင်းဘီတစ်ထည်ဟာ ပွတာလည်း မဟုတ် ၊ ကျပ်နေတာလည်း မဟုတ်ဘဲ ဝတ်တိုင်း စိတ်တိုင်းကျနေတာမျိုးကို ပြောတာ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီတစ်ထည် ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်ပြေနေစေဖို့ အကောင်းဆုံးက စမ်းဝတ်ကြည့်တာပါပဲ။ ဆိုင်အတော်များများကလည်း ဘောင်းဘီအစမ်းဝတ်ကြည့်တာမျိုးကို ခွင့်ပြုပါတယ်။ ဒီလို ဝတ်ကြည့်မှပဲ ကိုယ်နဲ့ ဘောင်းဘီ လိုက်ဖက်မှုရှိသလားဆိုတာကို မျက်မြင်လက်တွေ့ သိနိုင်မှာမို့ပါ။

ဝတ်ကြည့်လိုက်ပြီးရင် ဘောင်းဘီအစွန်းတွေကို ဘေးဘက် ဆွဲဆုတ်ကြည့်ပါ။ လက်ထဲမှာ ပါလာတဲ့ ဘောင်းဘီအစဟာ အနည်းဆုံး ၁ လက်မရှိဖို့ လိုပါတယ်။ ၁ လက်မခွဲကျော်သွားရင်လည်း ဘောင်းဘီက ပွလွန်းတယ်လို့ ပြောနိုင်ပါတယ်။ ၁ လက်မအောက်ပဲ ဆိုရင်တော့ ကျပ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါက အမြင်သာဆုံး အချက်ဖြစ်ပါတယ်။ အခု လက်ရှိ ကိုယ့်မှာ ရှိပြီးသား ဘောင်းဘီတွေထဲက ကိုယ်နဲ့ အဆင်ပြေဆုံး ဘောင်းဘီကိုလည်း အခုလို စမ်းကြည့်နိုင်ပါတယ်။

ကိုယ့်ခါးနဲ့ အဆင်ပြေတဲ့ ဘောင်းဘီဆိုတာ ခါးပတ်မပါဘဲနဲ့ ဝတ်လို့ရတဲ့ ဆိုဒ်ကို ဆိုတာပါ။ ခါးဆိုဒ်တွေဆိုတာက အမှန်မရှိပါဘူး။ ပုံမှန် ၃၀/၃၁ ဝတ်သူလည်း တစ်ခါတလေ ၃၂ ‌ေ/၃၃ လောက်မှ အဆင်ပြေသွားတာမျိုး ရှိပါတယ်။ ဝတ်ကြည့်လို့ ခါးပတ်ထိန်းစရာ မလိုဘူးဆိုမှ ကိုယ့်ခါးနဲ့ တော်တဲ့ ဘောင်းဘီဆိုတာ သိသာနိုင်မှာပါ။ တကယ်လို့ ကိုယ်က ဝိတ်အပြောင်းအလဲ မြန်တဲ့သူဆိုရင် ပိုပြီး သတိထားဖို့ လိုပါလိမ့်မယ်။

Jeans fit guide from tight to loose

Photo: michael84

ဒါကြောင့် အပေါ်မှာ ပြောခဲ့သလိုပဲ။ ဘောင်းဘီဝယ်မယ်ဆိုရင် ခါးဆိုဒ်နံပါတ်နဲ့ အသေမှတ်ဝယ်တာထက် ကိုယ်တိုင် ဝတ်ကြည့်ပြီးမှ ဝယ်ပါ။ ခါးဆိုဒ်မှန်သွားပြီ ဆိုရင်လည်း ခြေထောက်တွေအတို/အရှည် သတိထားပါ။ ခြေကျင်းဝတ်အထက်ရောက်နေတာ ၊ဖနောင့်အောက်ရောက်နေတာတွေက တိုလွန်း/ရှည်လွန်းတဲ့ ဘောင်းဘီလို့ ပြောနေတာ ဖြစ်ပါတယ်။ ခြေမျက်စိဖုံးပြီး ဖနောင့်နဲ့ ခြေမျက်စိအကြား ဘောင်းဘီအောက်အနားရောက်နေရင် အနေတော်လို့ ပြောနိုင်ပါတယ်။

အရေးကြီးဆုံးအချက်က ဘောင်းဘီဟာ Fitting မကျရင် Stylish မဖြစ်ဘူးဆိုတာပါပဲ။ Denim Jeans တွေကို ရွေးချယ်ရာမှာလည်း Formal Trousers တွေလို စဉ်းစားပါ။ ဘောင်းဘီအနားအရှည် ၊ ခါးဆိုဒ်နဲ့ တင်ပါးအကျ မှန်ဖို့ သတိထားပါ။