လူ့လောကပတ်ဝန်းကျင်မှာ လူသားတစ်ယောက်အဖြစ်နဲ့ ရပ်တည်နေပြီဆိုကတည်းက တန်ဖိုးဆိုတာ ဖြစ်တည်လာပါပြီ။ ခက်ခက်ခဲခဲနဲ့ ရရှိလာတဲ့ လူ့ဘဝကို တန်ဖိုးရှိရှိနဲ့ နေထိုင်သွားနိုင်အောင်လို့ ဘယ်လိုပုံစံတွေနဲ့ ကျင့်ကြံနေထိုင်ရမလဲဆိုတာကို သိထားဖို့အတွက် အင်မတန် အရေးကြီးလှပါတယ်။

ဘဝတစ်သက်တာလုံး အဖိုးတန်လူသားတစ်ယောက်အနေနဲ့ နေထိုင်သွားနိုင်ဖို့အတွက် ဘယ်လိုအချက်တွေကို ကျင့်ကြံမွေးမြူကြမလဲ။

ကောင်းမွန်တဲ့ကိုယ်ကျင့်တရားကို လက်ကိုင်ထားပါ

Source: BoardEffect

တန်ဖိုးရှိတဲ့ဘဝအတွက် အဓိကလိုအပ်ချက်ကတော့ ဖြောင့်မတ်မှန်ကန်တဲ့ ကိုယ်ကျင့်တရားကို လက်ကိုင်ထားဖို့ပါပဲ။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကို ရင်ဝယ်ပိုက်ထားသူတစ်ယောက်အတွက် ဘဝကအမြဲတန်ဖိုးရှိနေမှာပါ။

စိတ်ကောင်းစေတနာကောင်းကိုမွေးမြူပါ

Source: lifeoverlunch

ဘဝမှာ စည်းစိမ်းချမ်းသာ၊ ရာထူး၊ အာဏာတွေက အမြဲမပိုင်ဆိုင်နိုင်ပါဘူး။ အမြဲပိုင်ဆိုင်နိုင်တာကတော့ ကိုယ့်ရဲ့စိတ်ပါပဲ။ ကိုယ်ပိုင်တဲ့ကိုယ့်စိတ်လေးကို အဖြူဆုံး၊ အကောင်းဆုံးစေတနာတွေ မွမ်းမံပေးလိုက်ပါ။ ဘဝက အမြဲတန်ဖိုးရှိနေပြီပေ့ါ။

မေတ္တာတရားတွေ ထားလိုက်ပါ

Source: Dogs Help Kids Read and Succeed

ဘဝဟာ လူတွေ၊ သတ္တဝါတွေနဲ့ နေ့စဉ်ပြောဆိုဆက်ဆံနေရတာဖြစ်ပါတယ်။ လူအပါအဝင် ခွေးလေး၊ ကြောင်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဘဝကြီးမှာ လူတိုင်း၊ သတ္တဝါတိုင်းအပေါ်ကို မေတ္တာစိတ်ထားနိုင်အောင် လေ့ကျင့်ထားလိုက်ပါ။ သူ့တို့အပေါ် မေတ္တာထားတဲ့အတွက် ကိုယ့်အပေါ်လည်း သူတို့ရဲ့မေတ္တာတွေက ရောင်ပြန်ဟပ်နိုင်မှာပါ။

ပရဟိတစိတ်ဓာတ် လက်ကိုင်ထားပါ

Source: ogadonate.com

အပေါ်ယံမှာ ဘယ်လိုမျိုးပဲဟန်ဆောင်ကောင်းပါစေ၊ အတွင်းစိတ်က တချိန်မှာ အမှန်အတိုင်းပေါ်လာတတ်ပါတယ်။ အဲ့အခါမှာ ဘဝရဲ့တန်ဖိုးတွေက အဝေးဆီပြေးထွက်သွားပါလိမ့်မယ်။ သင့်ရဲ့စိတ်အတွင်းထဲမှာကို လူတဖက်သားအပေါ် ကူညီစာနာပေးတတ်တဲ့ ပရဟိတစိတ်ဓာတ်ရှိနေသင့်ပါတယ်။