တစ်ခါတရံမှာ ဝမ်းနည်းနေတဲ့လူတစ်ယောက်ကို နှစ်သိမ့်ပေးနိုင်ဖို့အကောင်းဆုံး နည်းလမ်းသည် နွေးထွေးသော ပွေ့ဖက်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့သည် ကိုယ်ချစ်တဲ့သူကို ပွေ့ဖက်ပေးရမှာ ဝန်လေးတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ကွီးတို့ရဲ့အတွေးများအားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ပွေ့ဖက်ခြင်းက ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေ အများအပြားရှိလို့ပါပဲ။

ပွေ့ဖက်ခြင်းသည် ကွီးတို့ဘဝမှာ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာ နေထိုင်ဖို့ရန်အတွက် ကူညီပေးပါတယ်။

ပွေ့ဖက်ခြင်းသည် ဘာ့ကြောင့် အရေးပါတာလဲ

How the Duration of Hugs Can Affect Your Body

အထီးကျန်တဲ့သူအများအပြားသည် သူတို့ဘဝထဲမှာ တစ်စုံတစ်ခု ပျောက်ဆုံးနေသယောင် ခံစားရတတ်ကြပါတယ်။ ထိုပျောက်ဆုံးနေသောအရာသည် ပွေ့ဖက်ခြင်းပဲဖြစ်ပါတယ်။ လူအယောက် လေးသောင်းကျော် ပါဝင်ထားသော စစ်တမ်းတစ်ခုအရ ပွေ့ဖက်ခြင်းသည် နွေးထွေးမှု၊ သက်သောင့်သက်သာရှိမှုနှင့် ချစ်ခြင်းမေတ္တာတရားတို့ကို ဖော်ကျူးနေကြောင်း ဖော်ပြထားပါတယ်။

အချိန်ဘယ်လောက်ကြာကြာ ပွေ့ဖက်ထားသင့်သလဲ

How the Duration of Hugs Can Affect Your Body

ကျွန်တော်တို့မြန်မာနိုင်ငံတွင် အချိန်ကြာကြာပွေ့ဖက်ပေးဖို့မဆိုထားနဲ့ ခဏတဖြုတ်ပွေ့ဖက်ရမှာကိုတောင် ရှက်ကြပါတယ်။

လေ့လာချက်တစ်ခုတွင် စုံတွဲတချို့ကို ၁ စက္ကန့်၊ တချို့ကိုတော့ ၅ စက္ကန့်နှင့် ကျန်စုံတွဲများကို ၁၀ စက္ကန့်ကြာအောင် ပွေ့ဖက်ခိုင်းထားပါတယ်။ ၁ စက္ကန့်ပဲ ပွေ့ဖက်တဲ့ စုံတွဲများသည် ကြည်နူးမှု အနည်းဆုံးခံစားရပြီး ၁၀ စက္ကန့်ခန့် ပွေ့ဖက်ထားတဲ့ စုံတွဲများသည် ကြည်နူးမှု၊ နွေးထွေးမှုကို ပိုမိုခံစားရတယ်လို့ လေ့လာသိရှိရပါတယ်။

ပွေ့ဖက်ခြင်းသည် စိတ်ဖိစီးမှုများကို လျော့ကျစေပြီး ပျော်ရွှင်မှုကို တိုးမြှင့်ပေးတယ်

How the Duration of Hugs Can Affect Your Body

ပွေ့ဖက်ခြင်းသည် ပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်ခုဖြစ်တဲ့ Oxytocin ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ အချိန်ကြာကြာ ပွေ့ဖက်ပေးထားလေ ခံစားနေရတဲ့ စိတ်ဖိစီးမှုများ ပျောက်ပျက်သွားမှာဖြစ်ပြီး စိတ်ခံစားချက်များ ပြန်လည်ပျော်ရွှင်လာမှာဖြစ်ပါတယ်။

ပွေ့ဖက်ခြင်းသည် စိတ်ပူပန်ခြင်းနှင့် အကြောက်တရားများကို ဖယ်ရှားပေးတယ်

How the Duration of Hugs Can Affect Your Body

ပွေ့ဖက်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းနေသော လူသားတစ်ယောက်ကို ယုံကြည်ချက်များ တိုးမြှင့်လာအောင် ကူညီပေးပါတယ်။ စိတ်ပူပန်ခြင်းနှင့် အကြောက်တရားများကို ခံစားနေရသော လူသားတစ်ယောက်ကို ပွေ့ဖက်ခြင်းဖြင့်သာ နှစ်သိမ့်ပေးလိုက်ပါ။

ပွေ့ဖက်ခြင်းသည် ဖျားနာမှုနှုန်းကို လျော့ချပေးနိုင်တယ်

How the Duration of Hugs Can Affect Your Body

လေ့လာချက်တစ်ခုအရ ပွေ့ဖက်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ရရှိသူများသည် ရောဂါပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ သက်ကြီးရွယ်အို အယောက် ၄၀၄ ယောက်ကို စမ်းသပ်ထားသော လေ့လာချက်အရ ပွေ့ဖက်ခြင်းသည် အအေးမိဖျားနာခြင်းနဲ့ အခြားသော ရောဂါများ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်မလာအောင် တားဆီးပေးတာကို လေ့လာတွေ့ရှိရပါတယ်။

နှလုံးအားကောင်းစေခြင်း

How the Duration of Hugs Can Affect Your Body

ထိုလေ့လာချက်ထဲတွင်ပဲ စုံတွဲ အယောက် ၂၀၀ ကို အုပ်စုနှစ်ဖွဲ့ခွဲကာ ပထမတစ်ဖွဲ့ကို ရိုမန့်တစ်ဆန်သော ဗီဒီယို ကြည့်ရှုစေပြီး ၁၀ မိနစ်ကြာ လက်ကိုင်ထားစေကာ စက္ကန့် ၂၀ ကြာ ပွေ့ဖက်ခိုင်းစေခဲ့ပါတယ်။ ကျန်အဖွဲ့ကိုတော့ ခန္ဓာကိုယ်ထိတွေ့မှု မရှိစေဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဗွီဒီယိုကည့်စေပါတယ်။

ရလာဒ်အရ လက်ကိုင်ထားစေပြီး ပွေ့ဖက်ကြစုံတွဲများသည် နှလုံးခုန်နှုန်း နှေးသွားပြီး သွေးပေါင်ချိန်လည်း နည်းသွားတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ပွေ့ဖက်ခြင်းသည် နှလုံးကျန်းမာရေးကို တစ်နည်းတစ်ဖုံအထောက်အကူပြုပေးတယ်ဆိုတာကို သိရှိနိုင်ပါတယ်။

Source: Brightside.me

Featured Image: Freepik