လူ့အဖွဲ့အစည်းကြီးထဲကို ၀င်ဆံ့နိုင်ဖို့အတွက်က ကိုယ့်မှာအရည်အချင်းတွေရှိနေဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ဘယ်လိုအရည်အချင်းတွေဖြစ်မလဲ။ လူသားဆန်တဲ့အရည်အချင်းတွေကို ဆိုလိုတာဖြစ်ပါတယ်။

စာနာတတ်ခြင်း

Source: Anaheim Lighthouse

ကိုယ်ဘ၀တိုးတက်အောင်မြင်ဖို့အတွက် သူတပါးကိုဖိနင်းပြီး တက်ရမယ်ဆိုရင် ဒါဟာလူသားမဆန်တဲ့ စိတ်ဓာတ်ပါပဲ။ တပါးသူရဲ့အခက်အခဲတွေ၊ ပြဿနာတွေကို စာနာပေးတတ်ပြီး တတ်နိုင်သလောက် ကူညီပေးနိုင်တဲ့ စိတ်ဓာတ်မျိုးကို မွေးမြူသင့်ပါတယ်။

ကြင်နာတတ်ခြင်း

Source: Medium

ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို ကိုယ်တတ်နိုင်သလောက် ကြင်နာခြင်းတွေ မျှဝေပေးလိုက်ပါ။ ကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကိုယ့်ဘက်ကအကောင်းဆုံး တုံ့ပြန်ပေးခြင်းဖြင့် လူသားဆန်တဲ့ဘ၀ကြီးမှာ ပျော်ရွှင်စွာနေထိုင်လိုက်ပါ။

မျှဝေခံစားတတ်ခြင်း

Source: Norbert Biedrzycki

မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ကိုယ့်ကမ္ဘာလေးမှာ မေတ္တာတရားတွေနဲ့ ပြည့်လျှံနေပါစေ။ သူတို့တွေရဲ့ ၀မ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို အတူတကွမျှဝေခံစားပြီး လှပတဲ့လောကကို ဖန်တီးလိုက်ပါ။

နားလည်ပေးနိုင်ခြင်း

Source: parenttoolkit.com

တဖက်သားက ကိုယ့်အပေါ်မှာ မည်သို့ပြုမူသည်ဖြစ်စေ၊ ကိုယ့်ဘက်က အမြဲနားလည်ပေးခြင်းဖြင့် တဖက်သားရဲ့ချစ်ခြင်းမေတ္တာကို ခံယူလိုက်ပါ။ သူ့ရဲ့ပျက်ကွက်မှုတွေ၊ လိုအပ်မှုတွေအပေါ်မှာ အပြစ်မမြင်ဘဲ အချိန်တိုင်းနားလည်ပေးခြင်းဟာ ခက်ခဲတဲ့စိတ်ထားတစ်ခုဖြစ်ပေမယ့် တချိန်မှာကိုယ်ရော၊ သူရောစိတ်ချမ်းသာမှုကို ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။