ရေမွှေးတွေဟာ လူတစ်ယောက်ကို ပိုခမ်းနားသွားစေနိုင်သလို တစ်ခြားသူတွေအတွက် အမှတ်တရပုံရိပ်တစ်ခုအဖြစ်ပါ ချန်ထားပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေမွှေးသုံးမယ်ဆိုရင် အထာလေးတွေ သိထားဖို့တော့ လိုပါတယ်။

(၁) ဘယ်နေရာမှာ ဆွတ်ရမလဲ

Photo: Freepik

ရေမွှေးကို မှန်မှန်ကန်ကန် သုံးတတ်ဖို့အတွက် အရင်ဆုံး ဘယ်နေရာမှာ ရေမွှေးဆွတ်ရမလဲ သိဖို့ လိုပါတယ်။သွေးခုန်နှုန်းရှိပြီး ကိုယ်ခန္ဓာရဲ့ အနွေးဆုံးနေရာမှာ ရေမွှေးဆွတ်ရမယ်လို့ အကြမ်းဖျဉ်း သိထားသင့်ပါတယ်။ ဥပမာ- လက်ကောက်ဝတ် ၊ လည်ပင်း ၊ ရင်ဘတ်နဲ့ ပုခုံးလို နေရာမျိုးတွေပါ။

(၂) ဘယ်လို ဆွတ်ရမလဲ

Photo: Freepik

ရေချိုးပြီး ကိုယ်လုံးရေစစ်လို့ ခြောက်သွေ့မှ ဆွတ်ပါ။ လေထဲမှာ လျှောက်မဖြန်းပါနဲ့။ ကိုယ်ဆွတ်မယ့်နေရာနဲ့ ၃ လက်မကနေ ၆ လက်မအကွာကနေ ဖြန်းပါ။ သိပ်လည်း မများစေပါနဲ့။ နောက်ပြီး လက်နဲ့လည်း ပွတ်မပစ်ပါနဲ့။

(၃) ဘယ်နေရာမှာ သိမ်းထားရမလဲ

Photo: Freepik

ရေမွှေးအနံ့ မပြယ်သွားဖို့နဲ့ တာရှည်အသုံးခံဖို့အတွက် အပူချိန်မြင့်တဲ့ နေရာတွေ မထားမိအောင် ရှောင်ပါ။ အေးပြီး ခြောက်သွေ့မှောင်မည်းနေတဲ့ နေရာမှာ ထားပါ။ အကောင်းဆုံးက သင့်အိပ်ခန်းထဲက ဗီရိုထဲမှာ ဖြစ်နိုင်ပါတယ်။