Kwee စာဖတ်ပရိသတ်တွေထဲမှာ တစ်ဖက်သက်ကြိတ် Crush နေရတဲ့ ကောင်မလေးရှိပါသလား။ ဒီဆောင်းပါးလေးကတော့ Crush ရှိတဲ့ ကွီးတို့သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ် ဖေ့ဘွတ်ခ်ပေါ်ကနေ Crush ကိုချဉ်းကပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးမှာဖြစ်ပါတယ်။ Crush ရဲ့ အကောင့် Active Now ဖြစ်နေတာကိုပဲ ထိုင်ကြည့်နေရတဲ့ဘဝက မြန်မြန်ကျွတ်ချင်ပြီဆိုရင် အခုပြောပြတဲ့ နည်းလမ်းလေးတွေသုံးပြီး အထာကျကျချဉ်းကပ်ကြည့်ပါ။

Source : Busaat.az

React ပေးနည်းကွဲကွဲပြားပြားသိပါစေ – ကိုယ့် Crush ဘာ Post ပဲတင်တင်အသည်းပေးမယ်လို့ ဆုံးဖြတ်ထားလို့မရပါဘူး။ တစ်ခါတစ်လေမှာ သူမတင်တဲ့ Post ပေါ်မူတည်ပြီး မတူညီတဲ့ React လေးတွေပေးဖို့လိုပါတယ်။ သူမရဲ့ ပုံလေးတွေဆိုရင် အသည်းပေးမယ်။ ဝမ်းနည်းစရာအကြောင်းအရာတစ်ခုခုဆိုရင် Sad React ၊ ရယ်စရာဆို Haha ပေါ့။ သူမရဲ့ခံစားချက် အပေါ်မူတည်ပြီးတင်တဲ့ Post လေးတွေကို ကိုယ်ကလဲ လိုက်ဖက်မှုရှိတဲ့ React လေးတွေပေးမှသာ သင့်ကိုပိုပြီးသတိထားမိလာစေမှာပါ။

Myday တင်တဲ့အခါ မလွတ်တမ်းဝင်ကြည့်ပါ – သူမရဲ့ Wall ပေါ်မှာ Post တွေတင်မှမဟုတ်ပါဘူး။ သူမ Myday တင်တဲ့အခါမှာလည်း မလွတ်တမ်းဝင်ကြည့်တဲ့ အမာခံ Viewer တစ်ယောက်ဖြစ်နေသင့်ပါတယ်။ Myday မှာလည်း အမြဲအသည်းပေးတာထက် မတူညီတဲ့ React လေးတွေပေးပါ။ တစ်ခါတစ်လေ မေးခွန်းလေးတွေမေးတာမျိုး Yes or No ရွေးခိုင်းတဲ့ပုံစံလေးတွေ တင်ခဲ့ရင်လည်း ဖြေလိုက်ပါ။ ဒါဆိုသင့်ကိုပိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ မျက်မှန်းတန်းမိလာမှာပါ။

အခွင့်အရေးကောင်းကိုစောင့်ပါ – သူမ Share ထားတဲ့အကြောင်းအရာတစ်ခုခုဖြစ်စေ တင်ထားတဲ့ Post တစ်ခုခုမှာဖြစ်စေ သင့်အနေနဲ့ စကားပြောဖို့ ခေါင်းစဉ်တစ်ခုရပြီဆိုရင် အချိန်ကိုက်သွားပြောလိုက်ပါ။ သာမာန် Hi နေကောင်းလား ၊ ဘာလုပ်နေလဲ ဆိုတာလောက်ကတော့ ပျင်းဖို့ကောင်းနေမှာဖြစ်ပြီး အခန့်မသင့်ရင် ကီးဘုတ်ပါပျောက်သွားနိုင်ပါတယ်။ ဥပမာ ထားပါတော့ သူမတင်ထားတဲ့ပုံရဲ့ နောက်ခံ Location နေရာလေးကိုမေးတာမျိုး။ သူမ Share ထားတဲ့အကြောင်းအရာနဲ့ ပတ်သတ်ပြီး ဆွေးနွေးတာမျိုးနဲ့စပြီး စကားပြောသင့်ပါတယ်။


Source : istock

ဟာသလေးတွေပြောပေးပါ – မက်ဆင်ဂျာမှာ သူမနဲ့ စကားစပြောဖြစ်ပြီဆိုတာနဲ့ မကြာခဏဆိုသလို ရယ်စရာကောင်းတဲ့အကြောင်းအရာလေးတွေ ဟာသလေးတွေကိုရောပြီးပြောပေးပါ။ မိန်းကလေးတွေက ဟာသဉာဏ်ရွင်သူတွေကို သိပ်ကိုသဘောကျကြပါတယ်။ ဒါကြောင့် ရယ်စရာကောင်းအရာလေးတွေပြောပါ။

ဖွင့်ပြောပါ – နောက်ဆုံးအဆင့်အနေနဲ့ကတော့ ကိုယ်အနေအခြေနဲ့ ခင်မင်မှုအတိုင်းအတာတစ်ခုလည်းရောက်နေပြီ အခြေအနေလည်းကောင်းတယ်ဆိုရင်တော့ ဖွင့်ပြောဖို့ပဲကျန်တော့တယ်မဟုတ်လား။ ဖွင့်ပြောတဲ့အခါမှာ မက်ဆင်ဂျာနဲ့ စာပို့တာမျိုးနဲ့မဟုတ်ပဲ ဖြစ်နိုင်ရင်အပြင်မှာဒိတ်ပြီး ဖွင့်ပြောတာမျိုး အနည်းဆုံးတော့ ဖုန်းလေးဆက်ပြီးဖွင့်ပြောသင့်ပါတယ်။ ဒါမှပိုမိုလေးနက်ရာရောက်ပြီး ရလဒ်ကောင်းတစ်ခုသင်ပြန်ရနိုင်မှာပါ။