လူအများက တစ်ချိန်တည်းမှာ အလုပ်နှစ်ခု တစ်ပြိုင်တည်း လုပ်ကိုင်နေရတဲ့ အကြောင်းပြချက် အများအပြားရှိကြပါတယ်။ အချို့ကလည်း အတွေ့အကြုံနှင့် အရည်အချင်းများ တိုးတက်ဖို့ရန်အတွက်ဖြစ်ပြီး အချို့ကတော့ စီးပွားရေးပြေလည်ဖို့နဲ့ မိမိလိုချင်တဲ့ လူနေမှုဘဝ ပိုင်ဆိုင်နိုင်ဖို့အတွက် အလုပ်တွေ အများကြီး ကြုံးလုပ်လေ့ရှိပါတယ်။

ဘယ်လိုအကြောင်းပြချက်ကြောင့် အလုပ်နှစ်ခု၊ သုံးခုခန့် လုပ်နေပါစေ သင်က ထိုအလုပ်တွေကို စတင်လုပ်ကိုင်လိုက်တဲ့အချိန်ကစပြီး သင့်ဘဝသည်လည်း ပြောင်းလဲသွားပါလိမ့်မယ်။

ဒီလိုပြောင်းလဲသွားတဲ့ဘဝအပေါ် လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေထိုင်မလဲ။ မိမိရဲ့အလုပ်တာဝန်များ မလစ်ဟင်းစေဘဲ အလုပ်နှစ်ခုစလုံးကို ဟန်ချက်ညီညီနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ဒုတိယအလုပ်ကို ရွေးချယ်တဲ့အခါ သေချာစဉ်းစားပါ

How to Balance Working Two Jobs at Once for Successful Lifestyle

၉၀ ရာခိုင်နှုန်းသော လူများသည် ငွေရေးကြေးရေးပြဿနာကြောင့်သာ အလုပ်နောက်တစ်ခု ထပ်ရှာရခြင်းဖြစ်ပါတယ်။ သင့်ရည်ရွယ်ချက်က စီးပွားရေးပြေလည်ဖို့ဆိုရင် သင့် ပထမအလုပ်နဲ့ စပ်ဆိုင်တဲ့အလုပ်မျိုးကို ရွေးချယ်ပါ။ ဥပမာ သင်က သတင်းရေးဆရာတစ်ယောက်ဆိုရင် ဒုတိယအလုပ်ကို Freelance စာရေးဆရာအဖြစ် လုပ်ကိုင်ပါ။ ဘာသာပြန်အလုပ် လုပ်ကိုင်တယ်ဆိုရင် ကိုယ့်အားလပ်ချိန်မှာ ထိုဘာသာစကား သင်စားပါ။ ဒါဆိုရင် ငွေလည်း ဝင်မှာဖြစ်ပြီး သင့်ရဲ့ရှိရင်းစွဲအရည်အချင်းလည်း တိုးတက်လာပါလိမ့်မယ်။

ဒီလိုမှမဟုတ်ဘဲ သင့်ရဲ့ရည်ရွယ်ချက်က ငွေရေးကြေးရေးအခက်အခဲကြောင့်မဟုတ်ဘဲ အရည်အချင်းအသစ်တွေ ရှာဖွေဖို့ိုရင် သင့်ရဲ့ဝါသနာနဲ့ ကိုက်ညီမယ့်အလုပ်ကို ရွေးချယ်သင့်ပါတယ်။ ဒါမှသာ အခွင့်အလမ်းအသစ်များ ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အချိန်ကို သေချာစီမံခန့်ခွဲပါ

time management for your busy lifestyle

နေ့တစ်နေ့ အစပြုပြီဆိုတာနဲ့ ဘယ်အချိန်မှာ ဘယ်အရာ လုပ်ရမလဲဆိုတာကို မှတ်စုစာအုပ်ထဲ ရေးမှတ်ထားပါ။ ပထမဦးစားပေးအလုပ်၊ ဒုတိယဦးစားပေးအလုပ် စသည်ဖြင့် အရေးအကြီးဆုံးကနေ အရေးသိပ်မကြီးတဲ့အလုပ်တွေကို အစဉ်လိုက် စီထားပါ။ ဒါမှသာ အလုပ်တွေကို အချိန်မှီပြီးစီးနိုင်မှာဖြစ်ပြီး အလုပ်တာဝန်များ မလစ်ဟင်းမှာဖြစ်ပါတယ်။

သင့်ရဲ့ပထမအလုပ်ကို ကာကွယ်ပါ

depressed man sitting on the stairs

ဒုတိယအလုပ်ကို ရွေးချယ်တဲ့အခါ ပထမအလုပ်ကို မထိခိုက်စေမယ့်အလုပ်ကိုသာ ရွေးချယ်သင့်ပါတယ်။ သင့်ရဲ့ Performance တွေ ကျလာလို့လည်း မရပါဘူး။ သင့်အလုပ်ကို ပြောင်းမယ်လို့ မစဉ်းစားသရွေ့ပထမအလုပ်ကသာ သင့်အတွက် ပထမဦးစားပေးဖြစ်သင့်ပါတယ်။

အသုံးစရိတ်ကို သေချာစီစစ်ပါ

use your money wisely

ပိုက်ဆံတွေ အရင်လကထက် ပိုဝင်လို့ဆိုပြီး ပိုမသုံးပစ်ပါနဲ့။ လစဉ်အသုံးစရိတ်ကို သေချာစာရင်းဇယားလုပ်ထားပါ။ ဖြစ်နိုင်မယ်ဆိုရင် ဒုတိယအလုပ်က ရတဲ့ဝင်ငွေကို မသုံးဘဲ စုဖို့ဖယ်ထားလိုက်ပါ။ တဖြည်းဖြည်းနဲ့ စုဆောင်းမိသွားတဲ့အခါ မိမိအလိုရှိတာအတွက် အသုံးပြုနိုင်ပါတယ်။

ကျန်းမာရေးလည်း ဂရုစိုက်ပါ

man sleeping

အလုပ်နှစ်ခုလုပ်ရတဲ့အခါ သင့်ရဲ့ဘဝကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် အရင်ကထက် ဂရုစိုက်သင့်ပါပြီ။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ။ အချိန်မှန်မှန်စားပါ။ အိပ်ရေးဝဝ အိပ်စက်အနားယူပါ။ စိတ်ဖိစီးမှု မခံပါနဲ့။ အလုပ်နှစ်ခုစလုံးကို ပျော်ပျော်ရွှင်ရွှင်သာ လုပ်ကိုင်ပါ။

ဒါဆိုရင်တော့ သင်သည် အလုပ်နှစ်ခုစလုံးမှာ အောင်မြင်ရပြီး သင့်ရဲ့ငွေရေးကြေးရေးပြဿနာများကိုလည်း ပြေလည်အောင် ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

Source: Indeed.com