အားလုံးပဲ မင်္ဂလာပါ။ အိမ်ထောင်သည်ဘဝဆိုတာဟာ ပြောတော့လွယ်သလောက် တကယ်တမ်းလက်တွေ့ကြုံလာတဲ့အခါမှာ အင်မတန်ရှုပ်ထွေးလွန်းပါတယ်။ ကိုယ့်ကို အတိုင်းအထက်အလွန် ပျော်ရွှင်အောင်ထားနိုင်ပြီး ကိုယ်ချစ်ရတဲ့လူနဲ့ တစ်သက်လုံးပေါင်းသင်းနေထိုင်သွားဖို့ဆိုတာဟာ လူတိုင်းရဲ့ စိတ်ကူးအိပ်မက်တစ်ခုပါ။

ကာတွန်းဇာတ်ကားလေးတွေထဲကလို “သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါသည်” ဆိုတဲ့ ဇာတ်သိမ်းကောင်းဖို့ဆိုတာဟာ ကိုယ်ပြုကျင့်တဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာတာပါ။

Source: Amazing Facts

ဒါကြောင့် ကိုယ်တန်ဖိုးထားရတဲ့ ကိုယ့်အိမ်ထောင်ဘဝကို မပျက်စီးအောင်၊ ချစ်ဇနီးသည်လေးရဲ့ အားကိုးအားထားပြုရတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ၊ ပြုကျင့်ရမလဲဆိုတာကို အခုပဲ ဆက်ပြီးတော့ ဖတ်ကြည့်လိုက်ရအောင်ပါ။

၁။ သိချင်လိုစိတ်ရှိပါ။

Source: shutterstock.com

သူနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ၊ ကိစ္စလေးတွေကို ကိုယ်က ဘာမှမေးမြန်းခြင်းမရှိဘဲ သပ်သပ်ကြီးနေမယ်ဆိုရင် တစ်ဖက်လူအတွက်တော့ သူ့အပေါ် ဂရုစိုက်ခြင်းမရှိခြင်း၊ သူနဲ့ပတ်သက်တာတွေကို အလေးထားခြင်းမရှိဘူးလို့ ထင်မြင်သွားနိုင်ပါတယ်။ ဘယ်လောက်ပဲသူ့အကြောင်းသိနေပြီဆိုစေကာမူ အချိန်ကြာလာတာနဲ့အမျှ သူနဲ့ပတ်သက်လို့ ထိမ်ချန်နေတာလေးတွေ ရှိနိုင်သေးတယ်ဆိုတာကိုလည်း သိထားပါ။

၂။ အလေးထားပါ။

Source: conceptionkit.com

အိမ်ထောင်ဦးစီးဖြစ်လာတာနဲ့အညီ စီးပွားရှာရတယ်ဆိုတာမှန်ပေမယ့်လည်း အလုပ်သက်သက်၊ အိမ်ထောင်ရေးကိစ္စသက်သက်စီ ခွဲထားသင့်ပါတယ်။ အလုပ်ချိန်မှာ အလုပ်လုပ်နိုင်ပြီး အိမ်ပြန်ရောက်ပြီဆိုရင်တော့ ကိုယ့်ဇနီးမယားကို အချိန်ပေးလိုက်ပါ။

၃။ ချစ်ပြပါ။

Source: confusedparent.in

ချစ်ပြပါလို့ ဆိုလိုက်တာနဲ့ရုပ်ရှင်တွေထဲကလို ညစာစားပွဲကြီးတွေလုပ်တာ၊ ပန်းစည်းအကြီးကြီးတွေ၊ ချောကလက်တွေ ဝယ်ပေးရတာကို ဆိုလိုတာမဟုတ်ဘဲ ပုံမှန်လုပ်နေကြနေသွေဖယ်ပြီး ချစ်ဇနီးရင်ခုန်သွားစေမယ့် အပြုအမူလေးတွေကို ပြောချင်တာပါ။

၎။ တောင်းပန်တတ်ပါ။

Source: ilanelanzen.com

အိမ်ထောင်ရေးတွေ အဆင်မပြေဖြစ်ကြခြင်းရဲ့ အဓိကအချက်ကတော့ နားလည်မှုလွဲကြတာတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး မာနတင်းနေကြခြင်းကြောင့်ပါ။ ကိုယ်မှားတာရှိရင် ချက်ချင်းဝန်ခံလိုက်ဖို့အတွက် တွန့်ဆုတ်မနေပါနဲ့။ သူမေ့သွားမှာပါလေဆိုပြီး ဒီအတိုင်းမထားလိုက်ဘဲ တောင်းပန်စကားလေးတစ်ခွန်းပြောလိုက်ခြင်းဟာ သူရောကိုယ်ပါ စိတ်ဒဏ်ရာတွေမရအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၅။ ရိုးသားပါ။

Source: embracinglife.blog

လိမ်ပြောတာဆိုတာဟာ လွယ်ကူတဲ့အလုပ်တစ်ခုဖြစ်ပြီး မုသားမပါ လင်္ကာမချောဆိုတဲ့ စကားအတိုင်းပင် တစ်နေရာရာမှာတော့ အလိမ်စကားလေးက ပါလိုက်မှပါ။ ဒီလိုအကျင့်ဆိုးလေးကို မသိလိုက်ဘဲ ပြုလုပ်မိရာကနေ နောက်ပိုင်းအကျင့်ပါသွားကာ အရေးကြီးတဲ့ကိစ္စတွေမှာပါ မုသားသုံးမိလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်အိမ်ထောင်ရေးကို ခိုင်မြဲစေချင်တယ်ဆိုရင်တော့ မှန်မှန်ကန်ကန်စကားပြောပါ။

၆။ ပွင့်ပွင့်လင်းလင်းရှိပါ။

Source: stocksy.com

လူအများစုတွေးထင်နေကြတာက ရိုးသားရင်ပြီးတာပဲ အကုန်လုံးလိုက်ပြီး ပွင့်လင်းနေစရာမလိုပါဘူးဆိုတာပါပဲ။ အမျိုးသားအများစုဟာ ငယ်စဉ်ကတည်းက စိတ်မာဖို့၊ ကိုယ့်ကိစ္စနဲ့ပတ်သက်လို့ သူများကိုပြောမပြဖို့ သွန်သင်ခံလာရတာကြောင့် တစုံတယောက်ကို ပွင့်ပွင့်လင်းလင်းစကားပြောဖို့ အင်မတန်ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ်ချစ်လို့ တစ်သက်လုံးလက်တွဲဖို့ စဉ်းစားပြီးရွေးချယ်ခဲ့တဲ့သူအပေါ်မှာတော့ ရိုးသားပွင့်လင်းပါ။

၇။ ကိုယ့်ခံစားချက်ကို ဖော်ပြပါ။

Source: Reader’s Digest

ကိုယ့်ချစ်ဇနီးသည်ရဲ့ အကြိုက်ကိုသိတာ၊ မကြိုက်တာရှောင်ရှားတာ၊ သူလိုအပ်တဲ့အချိန်တွေမှာ အမြဲတမ်းအတူရှိပေးခြင်းတို့တွေဟာလည်း ကိုယ့်ရဲ့အချစ်ကို ဖော်ပြနေတာပါပဲ။ ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ပေးမှ၊ ပိုက်ဆံအများကြီးရှာပေးမှမဟုတ်ဘဲ အသေးအဖွဲကိစ္စလေးတွေနဲ့လည်း ကိုယ့်အချစ်ကို သက်သေပြနိုင်ပါတယ်။

Featured Image Source: The Trent