လူတိုင်းလူတိုင်းမှာ အားသာချက်ရှိသလို အားနည်းချက်လည်းရှိကြပါတယ်။ ဒီလိုအားနည်းချက်ကို စိုးရိမ်ကြောက်ရွံ့နေမယ့်အစား အားသာချက်အဖြစ် ပြောင်းလဲလိုက်ပြီးတော့ အခုထက်ပိုကောင်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်လိုက်ပါ။

အခုတစ်ခါ ဗဟုသုတအနေနဲ့ ပြောပြပေးချင်တာကတော့ လက်ရှိအခြေအနေထက် ပိုပြီးရိုးသားကြိုးစားတဲ့ အမျိုးကောင်းသားတစ်ယောက်ဖြစ်အောင် နေထိုင်နိုင်မယ့် အချက်လေးတွေပါပဲ။ ကိုယ့်ဘဝမှာ ဆရာတစ်ဆူဖြစ်ဖို့အတွက် ဦးဆုံးအနေနဲ့ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။

ဘယ်အရာမဆို လက်တွေ့ထက်အပြောက ပိုလွယ်တယ်ဆိုပေမယ့်လည်း ကိုယ့်ဘဝလမ်းကြောင်းအတွက်ကို ကိုယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အတွက်ကြောင့် အမျိုးကောင်းသားတစ်ဦးဖြစ်အောင် အခုပြောမယ့်အချက်လေးတွေကို လိုက်နာကျင့်သုံးလိုက်ပါတော့။

မနက်စောစော အိပ်ရာထပါ

ကိုယ်က ဒီအတိုင်းနိုးတတ်တဲ့လူမဟုတ်ဘူးဆိုရင်တော့ မနက်တိုင်းမှာ နှိုးစက်ပေးထားဖို့တော့လိုပါလိမ့်မယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် တစ်နေ့တာလုံး အိပ်ရာထဲမှာ လူးလှိမ့်ရင်းနဲ့  အချိန်တွေဖြုန်းခြင်းမှ ဟန့်တားနိုင်မှာဖြစ်ပါတယ်။

သူတစ်ပါးကို ကူညီဖေးမပါ

အားလုံးက ချစ်ခင်ပြီးတော့ ယုံကြည်သဘောကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်လာဖို့အတွက် ပညာတွေပဲ တတ်နေလို့မရပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူအားလုံးနဲ့ သင့်တင့်လျှောက်ပတ်မှုရှိအောင် နေထိုင်တတ်ရမှာဖြစ်ပြီး အကူအညီလိုချိန်မှာ ပေးဖို့အတွက်ကို အဆင်သင့်ဖြစ်နေရပါမယ်။

ပိုက်ဆံချွေတာပါ

ဘာချုပ်နှောင်မှုမှ မရှိဘဲ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နေချင်ပါက အရင်ဆုံးလုပ်ရမှာက အကြွေးလုံးဝမရှိဖို့ပါပဲ။ အရေးကြီးဆုံးအခြေအနေတွေမှာ လိုအပ်လာချိန် သုံးနိုင်ရန်အတွက် အခုထဲက ခြစ်ကုတ်ပြီးတော့ စုဆောင်းတတ်တဲ့အကျင့်ကို မွေးမြူပေးပါ။ မလိုအပ်တာတွေအပေါ်မှာ ပိုက်ဆံကိုလျှောက်မသုံးပါနဲ့။

အချိန်ရှိတုန်း လုံ့လစိုက်ပါ

အိမ်မှာပဲ တစ်နေကုန် ငုတ်တုပ်ထိုင်ပြီး တီဗွီ၊ ရုပ်ရှင်တွေ ကြည့်မယ့်အစား၊ ဂိမ်းတွေထိုင်ဆေ့နေမယ့်အစား ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီရောက်ဖို့အတွက် စတင်ကြိုးစားလိုက်ပါ။ ရေရှည်မှာ အောင်မြင်ကျော်ကြားမှုကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့အတွက် တစ်နေ့တာလုံးမှာ မရပ်မနားမဟုတ်ဘဲနဲ့ ကြိုကြားကြိုကြားလေးတွေ နားနားပေးပါ။

မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ကျေးဇူးကိုသိတတ်ပါ

ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို နီးနီးကပ်ကပ်မှာ ထားပြီးတော့ အတူတကွ အချိန်ကုန်ဆုံးပေးပါ။ သူတို့နဲ့ပတ်သက်လို့ သေချာသိနားလည်နိုင်ဖို့အတွက် မေးခွန်းလေးတွေမေးပြီးတော့ စိတ်ဝင်စားကြောင်းပြသပါ။

မဆုတ်မနစ် ကြိုးစားအားထုတ်ပါ

ဘဝမှာ ကြုံတွေ့လာရတဲ့ အခက်အခဲ အတားအဆီတွေ အားလုံးကို ရှောင်တိမ်းမသွားဘဲနဲ့ ကြံ့ကြ့ခိုင် ရင်ဆိုင်တိုက်ဖျက်လိုက်ပါ။ အရှုံးနဲ့ရင်ဆိုင်ရလာတဲ့အခါမှာလည်း အမျိုးသားပီပီ တာဝန်ယူတတ်ပြီးတော့ ဆင်ခြေဆင်လက်တွေ ပေးတာမျိုး ဒါမှမဟုတ် တခြားသူအပေါ် အပြစ်လွှဲချတာမျိုးတို့ကို ရှောင်ပါ။ ဘယ်လိုအရှုံးတွေပဲ ကြုံတွေ့လာရပါစေ ကိုယ်လိုချင်တာကို မရသေးသရွေ့ ကြိုးစားအားထုတ်လိုက်ပါ။

Source: nextluxury.com